ခ်န္ပီယံလိဂ္ အႏုိင္ရအျပီး သတင္းၾကီးေတြမွာ ေဖာ္ျပလာတဲ့ မန္စီးတီး သတင္းမ်ား

[Zawgyi] ခ်န္ပီယံလိဂ္ 16 သင္း ရံွဴးထြက္အဆင့္မွာ ေရွာ္ေကးအသင္းကို အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ကစားျပီး 3-2 နဲ႔ အႏုိင္ရခဲ့တဲ့ေနာက္ သတင္းဌာနၾကီးေတြမွာ ေဖာ္ျပလာတဲ့ မန္စီးတီး သတင္းေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။

Leroy Sané

ေရွာ္ေကးနဲ႔ပြဲမွာ ကိုက္ 30 အကြာက ထူးခၽြန္တဲ့ ဖရီးကစ္ဂိုးကို သြင္းယူခဲ့တဲ့ ဆာေနးက ပြဲအျပီးမွာ ” ပြဲက ခက္ခဲမယ္ဆိုတာ က်ေနာ္တို႔ သိပါတယ္။ ဒါေပမယ့္ အရံွဴးမေပးခဲ့ဘူး။ အျမဲတမ္း ဆက္လက္ ၾကိဳးစားျပီး တုိက္ပြဲဝင္ခဲ့တယ္။ က်ေနာ္တုိ႔အသင္းမွာ ထူးခၽြန္တဲ့ အရည္အခ်င္းေတြ ရွိတယ္ဆိုတာ နားလည္ထားပါတယ္ ” လို႔ ေျပာပါတယ္။

Pep

ဂြာဒီယိုလာက မန္စီးတီးဟာ ခ်န္ပီယံလိဂ္ အႏုိင္ရဖို႔ ေရပန္းစားအဆင့္ကို မေရာက္ေသးပါဘူးလို႔ ဝန္ခံပါတယ္။ BT Sport နဲ႔ ပြဲအျပီး အင္တာဗ်ဴးမွာေတာ့

ပပ္က ” ေကာင္းမြန္တဲ့ ရလဒ္ ျဖစ္ခဲ့ပါတယ္။ က်ေန္ာတို႔ ပထမဆံုး ပင္နယ္တီတစ္ၾကိမ္၊ ေနာက္ထပ္ ပင္နယ္တီတစ္ၾကိမ္နဲ႔ အနီကဒ္ေတြ ခြင့္ျပဳခဲ့ရတယ္။ အဲ့တာက မေကာင္းပါဘူး။ ပိုေကာင္းတဲ့ အဆင့္ေတြအတြက္ စိန္ေခၚဖို႔ က်ေန္ာတုိ႔ အဆင္သင့္ မျဖစ္ေသးပါဘူး။

က်ေနာ္တုိ႔ ကစားတာ ေကာင္းခဲ့ေပမယ့္ လြယ္ကူတဲ့ ေဘာလံုးေတြကိုလည္း ရံွဴးခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ အဲ့သည္လိုမ်ိဳး ခြင့္ျပဳလို႔ မရပါဘူး။ က်ေနာ္က VAR စနစ္ကို ယံုၾကည္ျပီး အမာခံ အားေပးသူပါ။ ဒီအၾကိမ္အတြက္လည္း ျငင္းခ်က္ မထုတ္လိုပါဘူး ” လို႔ ေျပာပါတယ္။

Rio Ferdinand

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေတြကို အႏုိင္ရဖူးတဲ့ အဂၤလန္ခံစစ္သမားေဟာင္း ဖာဒီနန္က မန္စီးတီးဟာ ခ်န္ပီယံလိဂ္ကို အႏုိင္ယူဖို႔ အဓိက လိုအပ္ခ်က္ျဖစ္တဲ့ ကစားသမားအင္အား ေတာင့္တင္းခိုင္မာမႈရွိတယ္လို႔ ေထာက္ခံပါတယ္။

ရီယိုက “ ရာသီစက ခ်န္ပီယံလိဂ္မွာ မန္စီးတီး အႏိုင္ရဖို႔ ေရပန္းစားမယ္လို႔ ခန္႔မွန္းခဲ့တယ္။ ျပိဳင္ပြဲအတြက္ ယွဥ္ျပိဳင္ဖုိ႔ လံုေလာက္တဲ့ လူစာရင္းကို သူတို႔ ပိုင္ထားပါတယ္။ ရီးရဲလ္၊ ဘာစီလိုနာလို႔ အဆင့္ကိုေတာ့ မန္စီးတီး မေရာက္ေသးပါဘူး။ သူတို႔ လူစာရင္းေကာင္းနဲ႔ အဆင့္ေကာင္းမွာ ရွိေနတယ္။ ဒါေပမယ့္ ခ်န္ပီယံျဖစ္ဖို႔ လိုအပ္တဲ့ အေနအထား အားလံုးထိေတာ့ မေရာက္ေသးဘူး။

ဒီရာသီအတြက္ေတာ့ လူစာရင္း ေတာင့္တင္းမႈနဲ႔ က်ယ္ျပန္႔မႈရွိတဲ့ မန္စီးတီးဟာ ခ်န္ပီယံလိဂ္ဖလားကို အမွတ္တကယ္ စိန္ေခၚဖို႔ လမ္းပြင့္လာျပီလုိ႔ ထင္ပါတယ္ ” လို႔ ေျပာပါတယ္။

VAR အဆံုးအျဖတ္

ယူအီးအက္ဖ္ေအ ဒိုင္လူၾကီး အၾကီးအကဲ Roberto Rosetti က လက္ထိေဘာေတြမွာ ဗီဒီယို အကူအညီ ရယူမႈေတြက အက်ိဳးအျမတ္ရမႈပိုင္းကို ေမးခြန္းထုတ္ပါတယ္။

သူကေတာ့ ” အထူး အေႏွးျပကြက္ေတြနဲ႔ ၾကည့္မယ္ဆိုရင္ လက္ထိရင္ေတာ့ အျမဲတမ္း ပင္နယ္တီ ေပးရမွာပါပဲ။ ဒီေတာ့ တကယ္ျဖစ္ရပ္ ျဖစ္ပြားခ်ိန္မွာ ျဖစ္ခဲ့မႈကို ၾကည့္ဖို႔က အေရးပါပါတယ္ ” လို႔ ဆိုပါတယ္။

Raheem Sterling

မန္စီးတီးက ေရွာ္ေကးကို 3-2 နဲ႔ အႏုိင္ရတဲ့ပြဲမွာ ေနာက္က် အႏုိင္ဂိုးကို သြင္းယူေပးခဲ့သူက စတာလင္ပါ။ သူ႔ရဲ႕ အႏုိင္ဂိုးေၾကာင့္ ဂ်ာမနီကလပ္ဟာ အီသီဟတ္မွာ 2 ဂိုးျပတ္ (သို႔) 4-3 ဆိုတဲ့ ရလဒ္မွပဲ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မွာျဖစ္တယ္။ စတာလင္ဟာ မန္စီးတီးကို ကယ္တင္ခဲ့တယ္လို႔ အဂၤလန္မီဒီယာေတြက ခ်ီးက်ဴးခဲ့ျပီး စတာလင္ကေတာ့ အဆိုပါ ခ်ီးက်ဴးမႈေတြကို ဂုဏ္ယူတယ္လို႔ တြစ္တာကေန ထုတ္ေဖာ္ခဲ့ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် 16 သင်း ရံှူးထွက်အဆင့်မှာ ရှော်ကေးအသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားပြီး 3-2 နဲ့ အနိုင်ရခဲ့တဲ့နောက် သတင်းဌာနကြီးတွေမှာ ဖော်ပြလာတဲ့ မန်စီးတီး သတင်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

Leroy Sané

ရှော်ကေးနဲ့ပွဲမှာ ကိုက် 30 အကွာက ထူးချွန်တဲ့ ဖရီးကစ်ဂိုးကို သွင်းယူခဲ့တဲ့ ဆာနေးက ပွဲအပြီးမှာ ” ပွဲက ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အရံှူးမပေးခဲ့ဘူး။ အမြဲတမ်း ဆက်လက် ကြိုးစားပြီး တိုက်ပွဲဝင်ခဲ့တယ်။ ကျနော်တို့အသင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုတာ နားလည်ထားပါတယ် ” လို့ ပြောပါတယ်။

Pep

ဂွာဒီယိုလာက မန်စီးတီးဟာ ချန်ပီယံလိဂ် အနိုင်ရဖို့ ရေပန်းစားအဆင့်ကို မရောက်သေးပါဘူးလို့ ဝန်ခံပါတယ်။ BT Sport နဲ့ ပွဲအပြီး အင်တာဗျူးမှာတော့

ပပ်က ” ကောင်းမွန်တဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ ကျနေ်ာတို့ ပထမဆုံး ပင်နယ်တီတစ်ကြိမ်၊ နောက်ထပ် ပင်နယ်တီတစ်ကြိမ်နဲ့ အနီကဒ်တွေ ခွင့်ပြုခဲ့ရတယ်။ အဲ့တာက မကောင်းပါဘူး။ ပိုကောင်းတဲ့ အဆင့်တွေအတွက် စိန်ခေါ်ဖို့ ကျနေ်ာတို့ အဆင်သင့် မဖြစ်သေးပါဘူး။

ကျနော်တို့ ကစားတာ ကောင်းခဲ့ပေမယ့် လွယ်ကူတဲ့ ဘောလုံးတွေကိုလည်း ရံှူးခဲ့တယ်။ ချန်ပီယံလိဂ်မှာ အဲ့သည်လိုမျိုး ခွင့်ပြုလို့ မရပါဘူး။ ကျနော်က VAR စနစ်ကို ယုံကြည်ပြီး အမာခံ အားပေးသူပါ။ ဒီအကြိမ်အတွက်လည်း ငြင်းချက် မထုတ်လိုပါဘူး ” လို့ ပြောပါတယ်။

Rio Ferdinand

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို အနိုင်ရဖူးတဲ့ အင်္ဂလန်ခံစစ်သမားဟောင်း ဖာဒီနန်က မန်စီးတီးဟာ ချန်ပီယံလိဂ်ကို အနိုင်ယူဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကစားသမားအင်အား တောင့်တင်းခိုင်မာမှုရှိတယ်လို့ ထောက်ခံပါတယ်။

ရီယိုက “ ရာသီစက ချန်ပီယံလိဂ်မှာ မန်စီးတီး အနိုင်ရဖို့ ရေပန်းစားမယ်လို့ ခန့်မှန်းခဲ့တယ်။ ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ လူစာရင်းကို သူတို့ ပိုင်ထားပါတယ်။ ရီးရဲလ်၊ ဘာစီလိုနာလို့ အဆင့်ကိုတော့ မန်စီးတီး မရောက်သေးပါဘူး။ သူတို့ လူစာရင်းကောင်းနဲ့ အဆင့်ကောင်းမှာ ရှိနေတယ်။ ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ လိုအပ်တဲ့ အနေအထား အားလုံးထိတော့ မရောက်သေးဘူး။

ဒီရာသီအတွက်တော့ လူစာရင်း တောင့်တင်းမှုနဲ့ ကျယ်ပြန့်မှုရှိတဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလားကို အမှတ်တကယ် စိန်ခေါ်ဖို့ လမ်းပွင့်လာပြီလို့ ထင်ပါတယ် ” လို့ ပြောပါတယ်။

VAR အဆုံးအဖြတ်

ယူအီးအက်ဖ်အေ ဒိုင်လူကြီး အကြီးအကဲ Roberto Rosetti က လက်ထိဘောတွေမှာ ဗီဒီယို အကူအညီ ရယူမှုတွေက အကျိုးအမြတ်ရမှုပိုင်းကို မေးခွန်းထုတ်ပါတယ်။

သူကတော့ ” အထူး အနှေးပြကွက်တွေနဲ့ ကြည့်မယ်ဆိုရင် လက်ထိရင်တော့ အမြဲတမ်း ပင်နယ်တီ ပေးရမှာပါပဲ။ ဒီတော့ တကယ်ဖြစ်ရပ် ဖြစ်ပွားချိန်မှာ ဖြစ်ခဲ့မှုကို ကြည့်ဖို့က အရေးပါပါတယ် ” လို့ ဆိုပါတယ်။

Raheem Sterling

မန်စီးတီးက ရှော်ကေးကို 3-2 နဲ့ အနိုင်ရတဲ့ပွဲမှာ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူက စတာလင်ပါ။ သူ့ရဲ့ အနိုင်ဂိုးကြောင့် ဂျာမနီကလပ်ဟာ အီသီဟတ်မှာ 2 ဂိုးပြတ် (သို့) 4-3 ဆိုတဲ့ ရလဒ်မှပဲ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်တယ်။ စတာလင်ဟာ မန်စီးတီးကို ကယ်တင်ခဲ့တယ်လို့ အင်္ဂလန်မီဒီယာတွေက ချီးကျူးခဲ့ပြီး စတာလင်ကတော့ အဆိုပါ ချီးကျူးမှုတွေကို ဂုဏ်ယူတယ်လို့ တွစ်တာကနေ ထုတ်ဖော်ခဲ့ပါတယ်။

Sports Home Time