ဒီဇင်​ဘာမှာ ထိပ်​ဆုံး​လေးသင်း​နေရာကို စိန်​​ခေါ်နိုင်​ဖို့ ယူနိုက်​တက်​က ယုံကြည်မှုရှိရမယ်

ယူနိုက်တက် အကယ်ဒမီ နည်းပြ နစ်​ကီဘတ်​က မန်​ချက်​စတာယူနိုက်​တက်​အ​နေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ရှုံးနိမ့်​ခဲ့မှုအား ပြန်​ကာမိဖို့ ပရီးမီးယားလိဂ်​ ထိပ်​ဆုံး​လေးသင်း စာရင်းဝင်​​အောင်​ ကြိုးစားဖို့ ​မျှော်​လင့်​​နေ​ပေမယ့်​ အသင်းဟာ ယုံကြည်​မှု​တွေ ပြန်​လည်​ရရှိဖို့ လိုအပ်​မှာ ဖြစ်​​ကြောင်း ဆိုပါတယ်​။

တနင်္ဂ​နွေ​နေ့က အီတီဟဒ်​မှာ ယူနိုက်​တက်​ကို 3-1 နဲ့နိုင်​ခဲ့တဲ့ ပက်​ဂွာဒီယိုလာရဲ့ မန်​စီးတီး အသင်းသား​တွေဟာ ​မော်​ရင်​ညိုရဲ့အသင်းကို 12 မှတ်​ထိ ​နောက်​​ကောက်​ချထားနိုင်​ခဲ့တာပါ။ အဲ့ဒီ့ပွဲစဉ်​မှာ ယူနိုက်​တက်​ဟာ ​နောက်​ထပ်​ Come back နိုင်​ပွဲမျိုးရနိုင်​ဖို့ ခြိမ်း​ခြောက်​မှု​တွေ ရှိ​ပေမယ့်​ ဂန်​ဒိုဝမ်​ရဲ့ ​နောက်​ကျဂိုးက စီးတီးတို့ကို အနိုင်​ရဖို့ ​သေချာ​စေခဲ့ပါတယ်​။

ကွာဟချက်​ကြီးမားမှုကို ​မှေးမှိန်​​အောင်​လုပ်​ဖို့ ​မော်​ရင်​ညိုက ကြိုးစားခဲ့​ပေမယ့်​ ယူနိုက်​တက်​ နဲ့ ထိပ်​ဆုံး​လေးသင်းကြား အနည်းဆုံး 7 မှတ်​ထိ ကွာဟ​နေခဲ့ပါတယ်​။ ယူနိုက်​တက်​ အကယ်​ဒမီရဲ့ ​နည်းပြခေါင်း​ဆောင်​ဖြစ်​တဲ့ နစ်​ကီဘတ်​က ​ပေါ့ဘာမရှိတာနဲ့အတူ အသင်းက ယုံကြည်​မှုကင်းမဲ့​နေတာဟာ သိသာ​နေတယ်​လို့ ဆိုပါတယ်​။ ဒါ​ပေမယ့်​လဲ အသက်​ 43 နှစ်​အရွယ်​ နည်းပြကြီးက ကံကြမ္မာကို ပြန်​​ပြောင်းလဲနိုင်​ဖို့ ​မျှော်​လင့်​​နေတာပါ။

” အာရုံစူးစိုက်​မှု မရှိတဲ့ ကစားသမား​တွေပဲ ရှိတဲ့အခါ ဒါက ခက်​ခဲတယ်​လို့ ကျ​နော်​ထင်​ပါတယ်​။ မင်းက ဘယ်​သူဖြစ်​ဖြစ်​ ဘယ်​အသင်းကို နည်းပြ​နေ​နေ ကိစ္စမရှိဘူး။ ကစားသမား​တွေကိုယ်​၌က ကိုယ့်​ကိုယ်​ကို ယုံကြည်​မှုမရှိရင်​​တော့ ကစားပွဲ​တွေများစွာကို အနိုင်​ရမှာမဟုတ်​ပါဘူး။

မန်​စီးတီး နဲ့ပွဲက ယူနိုက်​တက်​ ကစားသမား​တွေပုံစံက ယုံကြည်​မှု​တွေ ​ပျောက်​ဆုံး​နေတာပါ။ သူတို့ဟာ ဥ​ရောပမှာ အ​ကောင်းဆုံးအသင်းတသင်း ဖြစ်​နိုင်​တဲ့ မန်​ချက်​စတာစီးတီး နဲ့ ရင်​ဆိုင်​ခဲ့ပြီး ရှုံးနိမ့်​ခဲ့ပါတယ်​။ သူတို့ဟာ မှန်​မှန်​တိုးတက်​​နေတာပါ။ နည်းပြက ဒါကိုအသိအမှတ်​ပြုပြီး သူတို့ အသင်းမှာ တည်​ငြိမ်​မှု အနည်းငယ်​ရခဲ့ပါတယ်​။

” ​ပေါ့ဘာဒဏ်​ရာရ​နေတာဟာ ဘယ်​အသင်းကိုမဆို သတ်​နိုင်​ပါတယ်​။ သူတို့ကံမ​ကောင်းခဲ့ဘူး။ ဒါ​ပေမယ့်​ စီးတီးနဲ့ပွဲက ပြီးသွားပြီ။ ခရစ္စမတ်​မှာ ထိပ်​ဆုံး​လေး​နေရာကို စိန်​​ခေါ်နိုင်​မယ့်​ တ​နေရာကို ရနိုင်​မယ်​လို့​တော့ ​မျှော်​လင့်​ပါတယ်​။ ”

နိုင်​ငံတကာပွဲစဉ်​​တွေအပြီးမှာ ယူနိုက်​တက်​ဟာ ပရီးမီးယားလိဂ်​မှာ ခရစ်​စတယ်​ပဲ​လေ့စ်​၊ ချန်​ပီယံလိဂ်​ မှာ ယန်းဘွိုင်းအသင်းတို့ကို အိမ်​ကွင်းမှာ ဆက်​တိုက်​ လက်​ခံကစားရဖို့ ရှိ​နေတာ​ကြောင့်​ ရလဒ်​​ကောင်း​တွေပြန်​ရနိုင်​ဖို့ ​မျှော်​လင့်​​နေမှုပါ။ ဒီဇင်​ဘာရဲ့ ရက် 30 အတွင်းမှာ ရှစ်​ပွဲ ဆက်​တိုက်​ကစားဖို့ရှိပြီး အိမ်​ကွင်းမှာ လန်​ဒန်​အသင်း​တွေဖြစ်​တဲ့ အာဆင်​နယ်​နဲ့ ဖူလ်​ဟမ်​တို့ကို လက်​ခံကစားရမှာဖြစ်​ပြီး ဒါပြီးရင်​​တော့ ​ဆောက်​သမ်​တန်​ကို အ​ဝေးကွင်း သွား​ရောက်​ကစားရမှာဖြစ်​ပါတယ်​။

Sports Home Time