လီဗာပူးနဲ႔ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ ဘိုင္ယန္ လူစာရင္းကေန ဘိုတန္ ႏုတ္ထြက္

[Zawgyi] ဘိုင္ယန္ခံစစ္မွဴး ဘိုတန္ဟာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ 16 သင္း ရံွဴးထြက္ပြဲ မတုိင္ခင္မွာပဲ အစာအိမ္နာ ေရာဂါေၾကာင့္ လူစာရင္းကေန ႏုတ္ထြက္သြားရျပီျဖစ္ပါတယ္။

အေစာပိုင္းမွာတုန္းက အဂၤလန္ကို လာေရာက္မယ့္ ခရီးမွာ ဂ်ာမနီခ်န္ပီယံအသင္းက ဝါရင့္ ေတာင္ပံသမားၾကီး ရီဘာရီကို ေခၚယူလာျခင္း မျပဳဖို႔ စီစဥ္ခဲ့ေပမယ့္ ကစားသမားၾကီးဟာ ကလပ္အသင္းနဲ႔ ျပန္လည္ ပူးေပါင္းသြားဖို႔ ရွိေနပါတယ္။ ဘိုင္ယန္အတြက္ သတင္းေကာင္းကေတာ့ အဓိက ဂိုးသမား ႏူအာဟာလည္း လီဗာပူးနဲ႔ပြဲမွာ ပါဝင္ေပးဖို႔ အဆင္သင့္ ျဖစ္ေနတာပါပဲ။

ဘိုင္ယန္မန္ေနဂ်ာ ကိုဗက္က ခ်န္ပီယံလိဂ္ပြဲၾကိဳ စကားေျပာရာမွာ ” ဘိုတန္က အစာအိမ္နာ ေရာဂါေၾကာင့္ လီဗာပူးနဲ႔ပြဲကို လြဲပါမယ္။ ဒါေပမယ့္ ရီဘာရီကေတာ့ ဒီကေန႔မွာ အနည္းငယ္ ေနာက္က်ျပီး အဂၤလန္ကို လိုက္လာပါလိမ့္မယ္ ” လို႔ အေျဖေပးခဲ့တာျဖစ္ပါတယ္။

ေသာၾကာေန႔က ဘြန္ဒက္လီဂါပြဲအျဖစ္ ေအာ့စဘတ္ကို 3-2 နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ကိုးမန္းကေတာ့ လီဗာပူးနဲ႔ပြဲမွာ ျပန္လည္ပါဝင္မွာျဖစ္ျပီး အန္ဖီးကို လာေရာက္တဲ့ ခရီးစဥ္ကို လိုက္ပါလာခဲ့မွာကို သိထားရျပီးပါျပီ။ ဘိုင္ယန္အသင္းအတြက္ အႏုိင္ဂိုး ႏွစ္ဂိုးထိ သြင္းယူေပးခဲ့တဲ့ ျပင္သစ္လက္ေရြးစင္ ကစားသမားဟာ ပြဲျပီးခါနီးမွာ ဒဏ္ရာရသြားခဲ့တာပါ။ ၾကားရက္မွာေတာ့ သူ ေလ့က်င့္ေရး ျပန္ဆင္းေနတာကို ဘိုင္ယန္ဘက္က သတင္းထုတ္ျပန္လာခဲ့တာျဖစ္တယ္။

ႏိုဝင္ဘာေနာက္ပိုင္း ေပါင္ဒဏ္ရာရေနတဲ့ ေရာ္ဘင္ကေတာ့ လီဗာပူးနဲ႔ ယွဥ္ျပိဳ္င္ဖို႔ မာေဆးဆိုဒ္ကို ထြက္ခြာလာတဲ့ 21 ဦး လူစာရင္းမွာ မပါလာခဲ့ပါဘူး။ ခ်န္ပီယံလိဂ္ပြဲၾကိဳအျဖစ္ ဘိုင္ယန္မန္ေနဂ်ာ ကိုဗက္ဟာ ဒီကေန႔ ညပိုင္း လီဗာပူးမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္မွာျဖစ္ပါတယ္။

1981 ခုႏွစ္ေနာက္ပိုင္း ကလပ္ႏွစ္သင္းၾကား ပထမဆံုးအၾကိမ္ ထိပ္တိုက္ေတြ႔ဆံုမႈျဖစ္ျပီး ႏွစ္သင္းလံုးဟာ ခ်န္ပီယံလိဂ္ဖလား 5 ၾကိမ္စီ အႏုိင္ရထားတဲ့ အသင္းေတြအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

Sports Home Time

[Unicode] ဘိုင်ယန်ခံစစ်မှူး ဘိုတန်ဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် 16 သင်း ရံှူးထွက်ပွဲ မတိုင်ခင်မှာပဲ အစာအိမ်နာ ရောဂါကြောင့် လူစာရင်းကနေ နုတ်ထွက်သွားရပြီဖြစ်ပါတယ်။

အစောပိုင်းမှာတုန်းက အင်္ဂလန်ကို လာရောက်မယ့် ခရီးမှာ ဂျာမနီချန်ပီယံအသင်းက ဝါရင့် တောင်ပံသမားကြီး ရီဘာရီကို ခေါ်ယူလာခြင်း မပြုဖို့ စီစဉ်ခဲ့ပေမယ့် ကစားသမားကြီးဟာ ကလပ်အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားဖို့ ရှိနေပါတယ်။ ဘိုင်ယန်အတွက် သတင်းကောင်းကတော့ အဓိက ဂိုးသမား နူအာဟာလည်း လီဗာပူးနဲ့ပွဲမှာ ပါဝင်ပေးဖို့ အဆင်သင့် ဖြစ်နေတာပါပဲ။

ဘိုင်ယန်မန်နေဂျာ ကိုဗက်က ချန်ပီယံလိဂ်ပွဲကြို စကားပြောရာမှာ ” ဘိုတန်က အစာအိမ်နာ ရောဂါကြောင့် လီဗာပူးနဲ့ပွဲကို လွဲပါမယ်။ ဒါပေမယ့် ရီဘာရီကတော့ ဒီကနေ့မှာ အနည်းငယ် နောက်ကျပြီး အင်္ဂလန်ကို လိုက်လာပါလိမ့်မယ် ” လို့ အဖြေပေးခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က ဘွန်ဒက်လီဂါပွဲအဖြစ် အော့စဘတ်ကို 3-2 နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ကိုးမန်းကတော့ လီဗာပူးနဲ့ပွဲမှာ ပြန်လည်ပါဝင်မှာဖြစ်ပြီး အန်ဖီးကို လာရောက်တဲ့ ခရီးစဉ်ကို လိုက်ပါလာခဲ့မှာကို သိထားရပြီးပါပြီ။ ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးထိ သွင်းယူပေးခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ပွဲပြီးခါနီးမှာ ဒဏ်ရာရသွားခဲ့တာပါ။ ကြားရက်မှာတော့ သူ လေ့ကျင့်ရေး ပြန်ဆင်းနေတာကို ဘိုင်ယန်ဘက်က သတင်းထုတ်ပြန်လာခဲ့တာဖြစ်တယ်။

နိုဝင်ဘာနောက်ပိုင်း ပေါင်ဒဏ်ရာရနေတဲ့ ရော်ဘင်ကတော့ လီဗာပူးနဲ့ ယှဉ်ပြိုင်ဖို့ မာဆေးဆိုဒ်ကို ထွက်ခွာလာတဲ့ 21 ဦး လူစာရင်းမှာ မပါလာခဲ့ပါဘူး။ ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ဘိုင်ယန်မန်နေဂျာ ကိုဗက်ဟာ ဒီကနေ့ ညပိုင်း လီဗာပူးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

1981 ခုနှစ်နောက်ပိုင်း ကလပ်နှစ်သင်းကြား ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းလုံးဟာ ချန်ပီယံလိဂ်ဖလား 5 ကြိမ်စီ အနိုင်ရထားတဲ့ အသင်းတွေအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Sports Home Time