ခ်န္ပီယံလိဂ္မွာ လီဗာပူးကို အသင္းတိုင္းေၾကာက္ရတဲ့ အေၾကာင္းရင္း

[Zawgyi] ဒီအပတ္မွာေတာ့ ခ်န္ပီယံလိဂ္ လက္က်န္အတြဲ ေလးတြဲ ယွဥ္ျပိဳင္ၾကမွာျဖစ္ျပီး လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ယွဥ္ျပိဳင္ရမယ့္ အတြဲလည္း ပါဝင္ပါတယ္။ အန္ဖီးကြင္းဟာ ဥေရာပမွာ ယွဥ္ျပိဳင္ဖို႔ ခက္ခဲတဲ့ ကြင္းတစ္ကြင္းျဖစ္ျပီး ေက်ာ္ၾကားတဲ့ ပြဲေပါင္းမ်ားစြာကို အႏုိင္ရထားတဲ့ ကြင္းလည္းျဖစ္တယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ေက်ာ္လြန္ျပီးေနာက္ ဒုတိယအုပ္စုအဆင့္အျဖစ္ 16 သင္းကို 4 အုပ္စု ခြဲကစားေစမႈအစား 2003-2004 မွာ 16 သင္း ရံွဴးထြက္အဆင့္ကို စတင္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ အဲ့သည္ေနာက္ပိုင္း ရံွဴးထြက္ပြဲေပါင္း 244 ပြဲ ကစားခဲ့ၾကကာ သြင္းဂိုး 644 ဂိုးထိ ရွိထားခဲ့ပါျပီ။ အဆိုပါ အဆင့္မွာေတာ့ လီဗာပူးက မယံုႏုိင္ေလာက္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားျပီး ဥေရာပမွာ ကစားရအခက္ဆံုး အိမ္ကြင္းကို ပိုင္ဆုိင္ထားတာပါပဲ။

ဥေရာပျပိဳင္ပြဲ 16 သင္းအဆင့္ ရံွဴးထြက္ပြဲေတြမွာ ႏုိင္ပြဲရယူမႈ အျမင့္ဆံုး ဘာစီလိုနာျဖစ္ျပီး 85.7% ထိ ႏုိင္ပြဲရထားတာျဖစ္တယ္။ ဒုတိယကေတာ့ လီဗာပူးအသင္းျဖစ္ျပီး 83.3% ထိ ရွိထားကာ တတိယျဖစ္တဲ့ အက္သလက္တီကိုက 80% ကို ပိုင္ဆိုင္ထားပါတယ္။ ဘာစီလိုနာဟာ 16 သင္းအဆင့္မွာ ႏွစ္ၾကိမ္ပဲ အေရးနိမ့္ခဲ့ဖူးျပီး တစ္ၾကိမ္က လီဗာပူးအသင္းကို အေရးနိမ့္ခဲ့မႈျဖစ္တယ္။

ယူအီးအက္ဖ္ေအရဲ႕ မွတ္တမး္ေတြအရ လီဗာပူးဟာ အဆုိပါအဆင့္အတြင္း ခံစစ္ေပးဂိုးအားျဖင့္ ပွ်မ္းမွ် 1.2 ပဲ ရွိထားျပီး လာလီဂါကလပ္ အက္သလက္တီကိုနဲ႔ တူညီပါတယ္။ ဒါေၾကာင့္ လီဗာပူးခံစစ္ထက္ ပိုေတာင့္တင္းတဲ့ အသင္းမ်ိဳး 16 သင္းအဆင့္မွာ မရွိထားဘူးလို႔ ေျပာႏုိင္တယ္။

ပထမအေက်ာ့ကို အန္ဖီးကြင္းမွာ ကစားရျပီး ဒုတိယအေက်ာ့ကို ျမဴနစ္မွာ သြားကစားရမွာက လီဗာပူးအတြက္ အားနည္းခ်က္ျဖစ္မယ္လို႔ ယူဆမႈေတြလည္း ရွိထားပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ ကံေကာင္းမႈကေတာ့ လီဗာပူးအသင္းဟာ အေဝးကြင္းေတြမွာလည္း ရလဒ္ေကာင္းတာပါပဲ။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္အတြက္ လီဗာပူးရဲ႕ အေဝးကြင္း ႏုိင္ပြဲ ရယူမႈက 83.3% ထိ ရွိပါတယ္။ ဒါဟာ ဒုတိယ အေဝးကြင္းအေကာင္းဆံုး အသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္ရဲ႕ 55.6% ထက္ကို 28% ေလာက္ ပိုမ်ားတဲ့ ပမာဏ ျဖစ္ပါတယ္။

အခ်က္အလက္ေတြက ပြဲၾကိဳမွာ ဇာတ္လမ္းေတြလုပ္ဖို႔ ျဖစ္ေစေပမယ့္လို႔ တကယ္ ျပင္းထန္တဲ့ ယွဥ္ျပိဳင္မႈကေတာ့ ကြင္းထဲမွာမွ ျမင္ရမွာပါ။ ဘြန္ဒက္လီဂါ ခ်န္ပီယံနဲ႔ ခ်န္ပီယံဗိုလ္လုပြဲေရာက္ အသင္းတို႔ရဲ႕ ထိပ္တုိက္ေတြ႔ဆံုမႈဟာ ျပင္းထန္လာဖို႔ရွိျပီး အေလးေပးမႈေတြမွာေတာ့ လီဗာပူးကို အသားေပးေနၾကတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ဒီအပတ်မှာတော့ ချန်ပီယံလိဂ် လက်ကျန်အတွဲ လေးတွဲ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင်ရမယ့် အတွဲလည်း ပါဝင်ပါတယ်။ အန်ဖီးကွင်းဟာ ဥရောပမှာ ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး ကျော်ကြားတဲ့ ပွဲပေါင်းများစွာကို အနိုင်ရထားတဲ့ ကွင်းလည်းဖြစ်တယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် ကျော်လွန်ပြီးနောက် ဒုတိယအုပ်စုအဆင့်အဖြစ် 16 သင်းကို 4 အုပ်စု ခွဲကစားစေမှုအစား 2003-2004 မှာ 16 သင်း ရံှူးထွက်အဆင့်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့သည်နောက်ပိုင်း ရံှူးထွက်ပွဲပေါင်း 244 ပွဲ ကစားခဲ့ကြကာ သွင်းဂိုး 644 ဂိုးထိ ရှိထားခဲ့ပါပြီ။ အဆိုပါ အဆင့်မှာတော့ လီဗာပူးက မယုံနိုင်လောက်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ဥရောပမှာ ကစားရအခက်ဆုံး အိမ်ကွင်းကို ပိုင်ဆိုင်ထားတာပါပဲ။

ဥရောပပြိုင်ပွဲ 16 သင်းအဆင့် ရံှူးထွက်ပွဲတွေမှာ နိုင်ပွဲရယူမှု အမြင့်ဆုံး ဘာစီလိုနာဖြစ်ပြီး 85.7% ထိ နိုင်ပွဲရထားတာဖြစ်တယ်။ ဒုတိယကတော့ လီဗာပူးအသင်းဖြစ်ပြီး 83.3% ထိ ရှိထားကာ တတိယဖြစ်တဲ့ အက်သလက်တီကိုက 80% ကို ပိုင်ဆိုင်ထားပါတယ်။ ဘာစီလိုနာဟာ 16 သင်းအဆင့်မှာ နှစ်ကြိမ်ပဲ အရေးနိမ့်ခဲ့ဖူးပြီး တစ်ကြိမ်က လီဗာပူးအသင်းကို အရေးနိမ့်ခဲ့မှုဖြစ်တယ်။

ယူအီးအက်ဖ်အေရဲ့ မှတ်တမ်းတွေအရ လီဗာပူးဟာ အဆိုပါအဆင့်အတွင်း ခံစစ်ပေးဂိုးအားဖြင့် ပျှမ်းမျှ 1.2 ပဲ ရှိထားပြီး လာလီဂါကလပ် အက်သလက်တီကိုနဲ့ တူညီပါတယ်။ ဒါကြောင့် လီဗာပူးခံစစ်ထက် ပိုတောင့်တင်းတဲ့ အသင်းမျိုး 16 သင်းအဆင့်မှာ မရှိထားဘူးလို့ ပြောနိုင်တယ်။

ပထမအကျော့ကို အန်ဖီးကွင်းမှာ ကစားရပြီး ဒုတိယအကျော့ကို မြူနစ်မှာ သွားကစားရမှာက လီဗာပူးအတွက် အားနည်းချက်ဖြစ်မယ်လို့ ယူဆမှုတွေလည်း ရှိထားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ကံကောင်းမှုကတော့ လီဗာပူးအသင်းဟာ အဝေးကွင်းတွေမှာလည်း ရလဒ်ကောင်းတာပါပဲ။

ချန်ပီယံလိဂ် 16 သင်းအဆင့်အတွက် လီဗာပူးရဲ့ အဝေးကွင်း နိုင်ပွဲ ရယူမှုက 83.3% ထိ ရှိပါတယ်။ ဒါဟာ ဒုတိယ အဝေးကွင်းအကောင်းဆုံး အသင်းဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ 55.6% ထက်ကို 28% လောက် ပိုများတဲ့ ပမာဏ ဖြစ်ပါတယ်။

အချက်အလက်တွေက ပွဲကြိုမှာ ဇာတ်လမ်းတွေလုပ်ဖို့ ဖြစ်စေပေမယ့်လို့ တကယ် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကတော့ ကွင်းထဲမှာမှ မြင်ရမှာပါ။ ဘွန်ဒက်လီဂါ ချန်ပီယံနဲ့ ချန်ပီယံဗိုလ်လုပွဲရောက် အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပြင်းထန်လာဖို့ရှိပြီး အလေးပေးမှုတွေမှာတော့ လီဗာပူးကို အသားပေးနေကြတာဖြစ်ပါတယ်။

Sports Home Time