[Zawgyi] ဘိုင္ယန္ျမဴးနစ္ရဲ႕ ေတာင္ပံသမားၾကီး ေရာ္ဘင္ကေတာ့ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္အဆင့္ ပထမအေက်ာ့မတိုင္ခင္မွာပဲ သူ႔ကစားသမားဘဝ အဆိုးဆံုးကြင္းက အန္ဖီးကြင္းျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဘြန္ဒက္လီဂါကလပ္ဟာ မႏွစ္က ခ်န္ပီယံ ဗိုလ္လုပြဲေရာက္ အသင္းတစ္သင္းျဖစ္ျပီး ဒီရာသီ အမွတ္ေပးဇဝား ဦးေဆာင္ႏွစ္သင္းထဲက တစ္သင္းျဖစ္တဲ့ လီဗာပူးထံ ဒီအပတ္ထဲမွာ လာေရာက္ကစားရမွာပါ။ ရာသီကုန္မွာ ဘိုင္ယန္ကေန ထြက္ခြာေတာ့မယ့္ ေရာ္ဘင္ဟာ ခ်ယ္ဆီးကစားသမားဘဝ အန္ဖီးကြင္းထံ လာေရာက္ကစားရာမွာ မွတ္တမ္းဆိုးေတြ ရွိခဲ့တာျဖစ္ပါတယ္။
2004-2005 ခုႏွစ္ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ လီဗာပူးဟာ ႏွစ္ေက်ာ့ေပါင္း 1-0 ဆိုတဲ့ ရလဒ္နဲ႔ အိမ္ကြင္းမွာ သြြင္းဂိုးရယူျပီး ေရာ္ဘင္ရဲ႕ ခ်ယ္ဆီးကို ေနာက္ေကာက္ခ်ခဲ့တယ္။ 2006-2007 ခုႏွစ္ တူညီတဲ့အဆင့္မွာပဲ လီဗာပူးက ခ်ယ္ဆီးကို ပင္နယ္တီ အဆံုးအျဖတ္နဲ႔ ထပ္မံ ေက်ာ္ျဖတ္ခဲ့တာျဖစ္တယ္။
” က်ေနာ္ကစားသမားဘဝ အဆိုးဆံုးကြင္းကို ေမးမယ္ဆိုရင္ လီဗာပူးလို႔ ေျဖရမွာပဲ။ မင္းမွာ အၾကိဳက္ဆံုး ျပိဳင္ဘက္ဆိုတာ ရွိသလို ဘယ္ေတာ့မွ မေတြ႔ခ်င္တဲ့ ျပိဳင္ဘက္လည္း ရွိပါတယ္။ က်ေနာ္ရဲ႕ ခ်ယ္ဆီးကစားသမားဘဝတုန္းက လီဗာပူးက ဥေရာပမွာေကာ၊ ျပည္တြင္းဖလားပြဲေတြမွာ တကယ္ကို ဖိုက္တာအသင္းပါ။
တစ္ပြဲေကာင္း၊ ႏွစ္ပြဲေကာင္းေတြမွာ သူတို႔က တစ္ရာသီလံုး စြမ္းေဆာင္ရည္လို မဟုတ္ပဲ သိပ္ေကာင္းတယ္။ အရမ္းေကာင္းတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့တာက သူတို႔ရဲ႕ အၾကီးမားဆံုး အရည္အခ်င္းပါ။ သူတို႔လိုအပ္တဲ့ အခို္က္အတန္႔ကို ရယူႏုိင္စြမ္းရွိတယ္။ အခုခ်ိန္မွာ အမ်ားၾကီး ေျပာင္းလဲခဲ့ျပီး သူတို႔လည္း တကယ္ကို တိုးတက္လာပါတယ္။
မန္ေနဂ်ာက အေကာင္းဆံုး လုပ္ေဆာင္ထားျပီး ဒီအေျခအေနမွာ အမွတ္ေပးလိဂ္ ထိပ္ဆံုးကို ေရာက္ေနသလို မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ရွိထားတယ္။ အမွတ္ေပးဖလားကို အႏုိင္မရတာ အရမ္းၾကာခဲ့ျပီျဖစ္လုိ႔ အဲ့သည္ဖလားကို သူတို႔ အိပ္မက္ေနတာ ျဖစ္ႏုိင္ပါတယ္ ” လို႔ ေရာ္ဘင္ကဆိုတယ္။
ေနာက္ထပ္ စီနီယာကစားသမားျဖစ္သူ ႏူအာကလည္း လီဗာပူးနဲ႔ပြဲမွာ ရန္လိုိစိတ္အျပည့္နဲ႔ တိုက္ခိုက္ၾကဖုိ႔ ေတာင္းဆိုလိုက္ပါတယ္။
” လီဗာပူးက တိုက္စစ္အသားေပးအသင္းျဖစ္ျပီး သူတို႔က ဂိုးသြင္းဖို႔ အခြင့္အေရးေတြ ရမယ့္အသင္းပါ။ က်ေနာ္တုိ႔ အတူတကြ ပိုေကာင္းစြာ ခုခံဖို႔လိုတယ္။ ဧရိယာထဲမွာ ပိုျပီး စုစည္းမႈရွိရွိနဲ႔ ကစားႏုိင္ရမယ္ အထူးသျဖင့္ ေဘာလံုးေပးမႈေတြကို ဂရုစိုက္ရပါမယ္ ” လို႔ ႏူအာက သတိေပးသြားခဲ့ပါတယ္။
Sports Home Time

[Unicode] ဘိုင်ယန်မြူးနစ်ရဲ့ တောင်ပံသမားကြီး ရော်ဘင်ကတော့ လီဗာပူးနဲ့ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်အဆင့် ပထမအကျော့မတိုင်ခင်မှာပဲ သူ့ကစားသမားဘဝ အဆိုးဆုံးကွင်းက အန်ဖီးကွင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘွန်ဒက်လီဂါကလပ်ဟာ မနှစ်က ချန်ပီယံ ဗိုလ်လုပွဲရောက် အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီ အမှတ်ပေးဇဝား ဦးဆောင်နှစ်သင်းထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးထံ ဒီအပတ်ထဲမှာ လာရောက်ကစားရမှာပါ။ ရာသီကုန်မှာ ဘိုင်ယန်ကနေ ထွက်ခွာတော့မယ့် ရော်ဘင်ဟာ ချယ်ဆီးကစားသမားဘဝ အန်ဖီးကွင်းထံ လာရောက်ကစားရာမှာ မှတ်တမ်းဆိုးတွေ ရှိခဲ့တာဖြစ်ပါတယ်။
2004-2005 ခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ လီဗာပူးဟာ နှစ်ကျော့ပေါင်း 1-0 ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ သွင်းဂိုးရယူပြီး ရော်ဘင်ရဲ့ ချယ်ဆီးကို နောက်ကောက်ချခဲ့တယ်။ 2006-2007 ခုနှစ် တူညီတဲ့အဆင့်မှာပဲ လီဗာပူးက ချယ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ထပ်မံ ကျော်ဖြတ်ခဲ့တာဖြစ်တယ်။
” ကျနော်ကစားသမားဘဝ အဆိုးဆုံးကွင်းကို မေးမယ်ဆိုရင် လီဗာပူးလို့ ဖြေရမှာပဲ။ မင်းမှာ အကြိုက်ဆုံး ပြိုင်ဘက်ဆိုတာ ရှိသလို ဘယ်တော့မှ မတွေ့ချင်တဲ့ ပြိုင်ဘက်လည်း ရှိပါတယ်။ ကျနော်ရဲ့ ချယ်ဆီးကစားသမားဘဝတုန်းက လီဗာပူးက ဥရောပမှာကော၊ ပြည်တွင်းဖလားပွဲတွေမှာ တကယ်ကို ဖိုက်တာအသင်းပါ။
တစ်ပွဲကောင်း၊ နှစ်ပွဲကောင်းတွေမှာ သူတို့က တစ်ရာသီလုံး စွမ်းဆောင်ရည်လို မဟုတ်ပဲ သိပ်ကောင်းတယ်။ အရမ်းကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ အဲ့တာက သူတို့ရဲ့ အကြီးမားဆုံး အရည်အချင်းပါ။ သူတို့လိုအပ်တဲ့ အခိုကအတန့်ကို ရယူနိုင်စွမ်းရှိတယ်။ အခုချိန်မှာ အများကြီး ပြောင်းလဲခဲ့ပြီး သူတို့လည်း တကယ်ကို တိုးတက်လာပါတယ်။
မန်နေဂျာက အကောင်းဆုံး လုပ်ဆောင်ထားပြီး ဒီအခြေအနေမှာ အမှတ်ပေးလိဂ် ထိပ်ဆုံးကို ရောက်နေသလို မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိထားတယ်။ အမှတ်ပေးဖလားကို အနိုင်မရတာ အရမ်းကြာခဲ့ပြီဖြစ်လို့ အဲ့သည်ဖလားကို သူတို့ အိပ်မက်နေတာ ဖြစ်နိုင်ပါတယ် ” လို့ ရော်ဘင်ကဆိုတယ်။
နောက်ထပ် စီနီယာကစားသမားဖြစ်သူ နူအာကလည်း လီဗာပူးနဲ့ပွဲမှာ ရန်လိုစိတ်အပြည့်နဲ့ တိုက်ခိုက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
” လီဗာပူးက တိုက်စစ်အသားပေးအသင်းဖြစ်ပြီး သူတို့က ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရမယ့်အသင်းပါ။ ကျနော်တို့ အတူတကွ ပိုကောင်းစွာ ခုခံဖို့လိုတယ်။ ဧရိယာထဲမှာ ပိုပြီး စုစည်းမှုရှိရှိနဲ့ ကစားနိုင်ရမယ် အထူးသဖြင့် ဘောလုံးပေးမှုတွေကို ဂရုစိုက်ရပါမယ် ” လို့ နူအာက သတိပေးသွားခဲ့ပါတယ်။
Sports Home Time
