[Zawgyi] အန္ဖီးကြင္းမွာ ခ်န္ပီယံလိဂ္ပြဲ ကစားဖို႔ ေလးရက္ေလာက္ လိုေတာ့တဲ့ အခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္အသင္းက ဒဏ္ရာျပႆနာ ထိုးႏွက္မႈသစ္ကို ရင္ဆိုင္ခဲ့ရျပီျဖစ္တယ္။ ေအာ့စဘတ္အသင္းကို 3-2 နဲ႔ အေဝးကြင္းမွာ အႏုိင္ရတဲ့ ပြဲမွာေတာ့ ေတာင္ပံသမား ကိုးမန္း ဒဏ္ရာရသြားခဲ့တာျဖစ္တယ္။
ဘိုင္ယန္အသင္းအတြက္ အႏုိင္ဂိုး ႏွစ္ဂိုးထိ သြင္းယူေပးခဲ့တဲ့ ျပင္သစ္လက္ေရြးစင္ ကစားသမားဟာ ပြဲျပီးခါနီးမွာ ဒဏ္ရာရသြားခဲ့တာပါ။ ေဆးကုသမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ကစားသမားက ကြင္းထဲကို ျပန္ဝင္မလာေတာ့ပါဘူး။ ကိုးမန္း ဒဏ္ရာရခဲ့ခ်ိန္မွာ ဘိုင္ယန္က လူစားလဲမႈ သံုးခုလံုးကို ျပဳလုပ္ခဲ့ျပီျဖစ္ျပီး ပြဲကလည္း 3-2 ဆိုတဲ့ ရလဒ္ ရရွိထားခ်ိန္ျဖစ္ပါတယ္။
အသက္ 22 ႏွစ္အရြယ္ ကစားသမားဟာ ဥမင္ထဲကို ဝင္ေရာက္သြားခဲ့ျပီး ဘိုင္ယန္ဘက္က 10 ေယာက္ထဲနဲ႔ ဆက္လက္ ယွဥ္ျပိဳင္သြားခဲ့တာျဖစ္တယ္။ လီဗာပူးနဲ႔ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲမွာ ကိုးမန္း ပါဝင္ကစားႏုိင္မလား မသိရေသးေပမယ့္ ပါဝင္ကစားႏုိင္ဖုိ႔ မေသခ်ာတဲ့ အေနအထားကို ေရာက္ေနခဲ့ျပီျဖစ္တယ္။
ပြဲအျပီးမွာ ဘုိုင္ယန္မန္ေနဂ်ာ ကိုဗက္က “ ကိုးမန္းက ဒဏ္ရာရခဲ့ျပီး နာက်င္မႈေတြ ခံစားေနရတယ္။ မနက္ျဖန္မွာေတာ့ စစ္ေဆးမႈေတြ ခံယူသြားမွာျဖစ္ေပမယ့္ သူ႔ရဲ႕အေနအထားကို အရမ္း စိတ္ပ်က္ရပါတယ္ ” လို႔ ဆိုပါတယ္။ ကိုဗက္ကပဲ လီဗာပူးနဲ႔ပြဲကို ကိုးမန္း လြဲေခ်ာ္မလားဆိုတဲ့ ေမးခြန္းေတြကို အေျဖေပးဖို႔ေတာ့ ျငင္းဆန္သြားပါတယ္။
ဘိုင္ယန္ခံစစ္မွဴး ဟမ္းမဲလ္က “ ကိုမန္း ျပန္သက္သာလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူက သိပ္ထူးခၽြန္တဲ့ ကစားသမားပါ။ သူ႔ရဲ႕ ေျခခ်င္းဝတ္ ဒဏ္ရာရခဲ့တာက က်ေနာ္တုိ႔ရဲ႕ ေက်ာရိုးေတြ စိမ့္သြားတဲ့ထိေအာင္ တုန္လႈပ္ရပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
ေအာ့စဘတ္နဲ႔ပြဲ ႏုိင္ပြဲေၾကာင့္ ဘိုင္ယန္ဟာ ေဒါ့မြန္နဲ႔ တစ္ပြဲကို ႏွစ္မွတ္ေလ်ာ့ အေနအထားကို ျပန္လည္ကာ ေရာက္လာခဲ့ျပီျဖစ္တယ္။ ဘိုင္ယန္အတြက္ သတင္းေကာင္းကေတာ့ ဒဏ္ရာရေနတဲ့ အဓိက ဂိုးသမား ႏူအာဟာ မိနစ္ 90 အျပည့္ ျပန္လည္ပြဲထြက္ႏိုင္ခဲ့တာျဖစ္တယ္။
Sports Home Time

[Unicode] အန်ဖီးကွင်းမှာ ချန်ပီယံလိဂ်ပွဲ ကစားဖို့ လေးရက်လောက် လိုတော့တဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဒဏ်ရာပြဿနာ ထိုးနှက်မှုသစ်ကို ရင်ဆိုင်ခဲ့ရပြီဖြစ်တယ်။ အော့စဘတ်အသင်းကို 3-2 နဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ ပွဲမှာတော့ တောင်ပံသမား ကိုးမန်း ဒဏ်ရာရသွားခဲ့တာဖြစ်တယ်။
ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးထိ သွင်းယူပေးခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ ပွဲပြီးခါနီးမှာ ဒဏ်ရာရသွားခဲ့တာပါ။ ဆေးကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားက ကွင်းထဲကို ပြန်ဝင်မလာတော့ပါဘူး။ ကိုးမန်း ဒဏ်ရာရခဲ့ချိန်မှာ ဘိုင်ယန်က လူစားလဲမှု သုံးခုလုံးကို ပြုလုပ်ခဲ့ပြီဖြစ်ပြီး ပွဲကလည်း 3-2 ဆိုတဲ့ ရလဒ် ရရှိထားချိန်ဖြစ်ပါတယ်။
အသက် 22 နှစ်အရွယ် ကစားသမားဟာ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပြီး ဘိုင်ယန်ဘက်က 10 ယောက်ထဲနဲ့ ဆက်လက် ယှဉ်ပြိုင်သွားခဲ့တာဖြစ်တယ်။ လီဗာပူးနဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် 16 သင်းအဆင့် ရံှူးထွက်ပွဲမှာ ကိုးမန်း ပါဝင်ကစားနိုင်မလား မသိရသေးပေမယ့် ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့ အနေအထားကို ရောက်နေခဲ့ပြီဖြစ်တယ်။
ပွဲအပြီးမှာ ဘိုင်ယန်မန်နေဂျာ ကိုဗက်က “ ကိုးမန်းက ဒဏ်ရာရခဲ့ပြီး နာကျင်မှုတွေ ခံစားနေရတယ်။ မနက်ဖြန်မှာတော့ စစ်ဆေးမှုတွေ ခံယူသွားမှာဖြစ်ပေမယ့် သူ့ရဲ့အနေအထားကို အရမ်း စိတ်ပျက်ရပါတယ် ” လို့ ဆိုပါတယ်။ ကိုဗက်ကပဲ လီဗာပူးနဲ့ပွဲကို ကိုးမန်း လွဲချော်မလားဆိုတဲ့ မေးခွန်းတွေကို အဖြေပေးဖို့တော့ ငြင်းဆန်သွားပါတယ်။
ဘိုင်ယန်ခံစစ်မှူး ဟမ်းမဲလ်က “ ကိုမန်း ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက သိပ်ထူးချွန်တဲ့ ကစားသမားပါ။ သူ့ရဲ့ ခြေချင်းဝတ် ဒဏ်ရာရခဲ့တာက ကျနော်တို့ရဲ့ ကျောရိုးတွေ စိမ့်သွားတဲ့ထိအောင် တုန်လှုပ်ရပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အော့စဘတ်နဲ့ပွဲ နိုင်ပွဲကြောင့် ဘိုင်ယန်ဟာ ဒေါ့မွန်နဲ့ တစ်ပွဲကို နှစ်မှတ်လျော့ အနေအထားကို ပြန်လည်ကာ ရောက်လာခဲ့ပြီဖြစ်တယ်။ ဘိုင်ယန်အတွက် သတင်းကောင်းကတော့ ဒဏ်ရာရနေတဲ့ အဓိက ဂိုးသမား နူအာဟာ မိနစ် 90 အပြည့် ပြန်လည်ပွဲထွက်နိုင်ခဲ့တာဖြစ်တယ်။
Sports Home Time
