[Zawgyi] လီဗာပူးအသင္းဟာ သူတို႕အတြက္ ပထမဆံုး ပရီးမီးယားလိဂ္ ဖလားကို ဒီရာသီမွာ ရဖို႔ နီးစပ္ေနျပီး ပြဲပိုကစား ဇယားထိပ္မွာ ရွိေနတဲ့ လက္ရွိခ်န္ပီယံ မန္စီးတီးကို အေကာင္းဆံုး ယွဥ္ျပိဳင္ ဖိအားေပးေနပါတယ္။ ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းက လက္ရွိ မန္စီးတီးထက္ တစ္ပြဲေလ်ာ့ကစားကာ အမွတ္တူ ရထားတာ ျဖစ္လို႔ ေဖေဖာ္၀ါရီ ၂၄ ရက္ ယူနိုက္တက္နဲ႕ပြဲမွာသာ အမွတ္ျပည့္ရခဲ့ရင္ သံုးမွတ္အသာ ျပန္ရသြားနိုင္ပါတယ္။
ဒါေပမယ့္ ယူနိုက္တက္နဲ႕ပြဲက ကေလာ့ပ္စိတ္ထဲ ေရာက္ဦးမွာ မဟုတ္ဘဲ ထိုပြဲ မတိုင္ခင္ အေရးၾကီးပြဲစဥ္ ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႕ ခ်န္ပီယံလိဂ္ ပြဲကိုလည္း ကစားရဦးမွာပါ။ ဘိုင္ယန္ျမဴးနစ္က အင္အားၾကီး ကလပ္အသင္း ျဖစ္ေပမယ့္ ဒီရာသီမွာ သူတို႔ အေကာင္းဆံုး ေဘာလံုးရာသီ ပိုင္ဆုိင္ထားတာေတာ့ မဟုတ္ပါဘူး။ ေဒါ့မြန္က ဘြန္ဒစ္လီဂါမွာ ဘိုင္ယန္္ထက္ ၅မွတ္အသာရ ဦးေဆာင္ထားတာပါ။
လီဗာပူး ခံစစ္မွဴးေဟာင္းၾကီး ဆမ္မီ ဟစ္ပီယာကေတာ့ လက္ရွိ အေနအထားအရ လီဗာပူးမွာ အားသာခ်က္မ်ား ရထားျပီး ဘိုင္ယန္ကို အနုိင္ယူနုိင္စြမ္း ရွိတယ္လို႔ ယံုၾကည္ထားပါတယ္။
“ဘိုင္ယန္က ျပည္တြင္း အမွတ္ေပးလိဂ္မွာသာ ဒီရာသီ အေျခအေန မေကာင္းေသးေပမယ့္ အႏၱရာယ္ေပးနုိင္စြမ္း ရွိတဲ့ အသင္းပါ။ သူတို႔ကို လီဗာပူး ေလွ်ာ့တြက္လို႔ မရပါဘူး။ နွစ္ေက်ာ့လံုးကို ခြန္အားအျပည့္နဲ႕ အင္တိုက္အားတိုက္ ကစားရမွာပါ။” လို႔ ဟစ္ပီယာက ဆိုပါတယ္။
လီဗာပူးအတြက္ ပြဲ ၃၀၀ ကစားသြားတဲ့ ခံစစ္မွဴးၾကီးက သူ႔ရဲ႕ အသင္းေဟာင္းဟာ ကိစၥတစ္ခုကိုသာ ဂရုစိုက္ရင္ ဥေရာပ ထိပ္တန္းအသင္းထဲ ပါ၀င္နုိင္မယ္လို႔ ဆိုပါတယ္။
“လီဗာပူးအေနနဲ႕ ထက္ျမက္တဲ့ ပံုစံနဲ႕ ပထမ ပြဲစဥ္မွာတည္းက အသာစီး ယူထားဖို႔ လိုပါတယ္။ ျမဴးနစ္ကို မသြားခင္ လက္ဦးမႈယူထားဖို႔ သတိထားရမွာပါ။ က်ေနာ္ ဘိုင္ယန္ အေၾကာင္း ေကာင္းေကာင္း သိပါတယ္။ သူတို႔ အားနည္းခ်က္က တန္ျပန္တိုက္စစ္ေတြကို တားဆီးတဲ့ ေနရာမွာပါ။ လီဗာပူးရဲ႕တန္ျပန္တိုက္စစ္ေတြကလည္း အေျခအေန မဆိုးဘူး .. ဒီပံုစံအတိုင္းဆို လီဗာပူး ဂိုးနည္းနည္းေတာ့ နွစ္ေက်ာ့လံုးမွာ သြင္းနုိင္ပါလိမ့္မယ္။ က်ေနာ္တို႔ လီဗာပူးအသင္းက မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ခဲ့တဲ့ အသင္းပါ .. ဒါကို ျပန္ေတြးၾကည့္ရင္ ဒိထက္ ေနာက္တစ္လွမ္း ေရွ႕တိုးဖို႔ မခက္ပါဘူး။ ” လို႔ ဟစ္ပီယာက ေျပာၾကားခဲ့ပါတယ္။
“ဒီနွစ္မွာဆုိ သိပ္ေကာင္းတဲ့ ကစားသမားေတြ ထပ္တိုး ရထားတယ္.. အသင္းက ပိုျပီး ေတာင့္တင္းလာတယ္ ဆိုရမွာပါ.. ဒါေၾကာင့္ ဒီတစ္ၾကိမ္မွာလည္း ေနာက္ဆံုး အဆင့္ထိ လီဗာပူး မသြားနုိင္စရာ မရွိပါဘူး။” လို႔ ၄င္းက ဆိုပါတယ္။
လီဗာပူးအသင္းဟာ ဘိုင္ယန္နဲ႕ ရင္ဆုိင္မယ့္ ပထမအေက်ာ့အတြက္ အာလံုးအသင့္ ျဖစ္ေနေပမယ့္ ဗဟိုခံစစ္ ေနရာအတြက္သာ ပူပန္စရာ ရွိေနတာပါ။
Sports Home Time

[Unicode] လီဗာပူးအသင်းဟာ သူတို့အတွက် ပထမဆုံး ပရီးမီးယားလိဂ် ဖလားကို ဒီရာသီမှာ ရဖို့ နီးစပ်နေပြီး ပွဲပိုကစား ဇယားထိပ်မှာ ရှိနေတဲ့ လက်ရှိချန်ပီယံ မန်စီးတီးကို အကောင်းဆုံး ယှဉ်ပြိုင် ဖိအားပေးနေပါတယ်။ ကလော့ပ်ရဲ့ လီဗာပူးအသင်းက လက်ရှိ မန်စီးတီးထက် တစ်ပွဲလျော့ကစားကာ အမှတ်တူ ရထားတာ ဖြစ်လို့ ဖေဖော်ဝါရီ ၂၄ ရက် ယူနိုက်တက်နဲ့ပွဲမှာသာ အမှတ်ပြည့်ရခဲ့ရင် သုံးမှတ်အသာ ပြန်ရသွားနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ပွဲက ကလော့ပ်စိတ်ထဲ ရောက်ဦးမှာ မဟုတ်ဘဲ ထိုပွဲ မတိုင်ခင် အရေးကြီးပွဲစဉ် ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲကိုလည်း ကစားရဦးမှာပါ။ ဘိုင်ယန်မြူးနစ်က အင်အားကြီး ကလပ်အသင်း ဖြစ်ပေမယ့် ဒီရာသီမှာ သူတို့ အကောင်းဆုံး ဘောလုံးရာသီ ပိုင်ဆိုင်ထားတာတော့ မဟုတ်ပါဘူး။ ဒေါ့မွန်က ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်ထက် ၅မှတ်အသာရ ဦးဆောင်ထားတာပါ။
လီဗာပူး ခံစစ်မှူးဟောင်းကြီး ဆမ်မီ ဟစ်ပီယာကတော့ လက်ရှိ အနေအထားအရ လီဗာပူးမှာ အားသာချက်များ ရထားပြီး ဘိုင်ယန်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ထားပါတယ်။ “ဘိုင်ယန်က ပြည်တွင်း အမှတ်ပေးလိဂ်မှာသာ ဒီရာသီ အခြေအနေ မကောင်းသေးပေမယ့် အန္တရာယ်ပေးနိုင်စွမ်း ရှိတဲ့ အသင်းပါ။ သူတို့ကို လီဗာပူး လျှော့တွက်လို့ မရပါဘူး။ နှစ်ကျော့လုံးကို ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် ကစားရမှာပါ။” လို့ ဟစ်ပီယာက ဆိုပါတယ်။ လီဗာပူးအတွက် ပွဲ ၃၀၀ ကစားသွားတဲ့ ခံစစ်မှူးကြီးက သူ့ရဲ့ အသင်းဟောင်းဟာ ကိစ္စတစ်ခုကိုသာ ဂရုစိုက်ရင် ဥရောပ ထိပ်တန်းအသင်းထဲ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။
“လီဗာပူးအနေနဲ့ ထက်မြက်တဲ့ ပုံစံနဲ့ ပထမ ပွဲစဉ်မှာတည်းက အသာစီး ယူထားဖို့ လိုပါတယ်။ မြူးနစ်ကို မသွားခင် လက်ဦးမှုယူထားဖို့ သတိထားရမှာပါ။ ကျနော် ဘိုင်ယန် အကြောင်း ကောင်းကောင်း သိပါတယ်။ သူတို့ အားနည်းချက်က တန်ပြန်တိုက်စစ်တွေကို တားဆီးတဲ့ နေရာမှာပါ။ လီဗာပူးရဲ့တန်ပြန်တိုက်စစ်တွေကလည်း အခြေအနေ မဆိုးဘူး .. ဒီပုံစံအတိုင်းဆို လီဗာပူး ဂိုးနည်းနည်းတော့ နှစ်ကျော့လုံးမှာ သွင်းနိုင်ပါလိမ့်မယ်။ ကျနော်တို့ လီဗာပူးအသင်းက မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့ အသင်းပါ .. ဒါကို ပြန်တွေးကြည့်ရင် ဒိထက် နောက်တစ်လှမ်း ရှေ့တိုးဖို့ မခက်ပါဘူး။ ဒီနှစ်မှာဆို သိပ်ကောင်းတဲ့ ကစားသမားတွေ ထပ်တိုး ရထားတယ်.. အသင်းက ပိုပြီး တောင့်တင်းလာတယ် ဆိုရမှာပါ.. ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း နောက်ဆုံး အဆင့်ထိ လီဗာပူး မသွားနိုင်စရာ မရှိပါဘူး။” လို့ ၎င်းက ဆိုပါတယ်။ လီဗာပူးအသင်းဟာ ဘိုင်ယန်နဲ့ ရင်ဆိုင်မယ့် ပထမအကျော့အတွက် အာလုံးအသင့် ဖြစ်နေပေမယ့် ဗဟိုခံစစ် နေရာအတွက်သာ ပူပန်စရာ ရှိနေတာပါ။
Sports Home Time
