ဘာစီလိုနာရဲ႕ အနာဂတ္ကို ေတာက္ပေစဦးမယ့္ လာမာဆီယာ အကယ္ဒမီမွ လူငယ္ၾကယ္ပြင့္မ်ား

[Zawgyi] ဘာစီလိုနာဟာ ၄င္းတို႔ရဲ႕ လာမာဆီယာ အကယ္ဒမီမွ လူငယ္ၾကယ္ပြင့္ေလးေတြကို စီနီယာအသင္းထံ အျမဲတမ္း ေခၚယူေလ့ရွိတဲ့ ကလပ္အသင္းပါ။ မန္ေနဂ်ာ ဂြာဒီယိုလာဟာ အကယ္ဒမီစတားေတြနဲ႔အတူ ေအာင္ျမင္မႈမ်ားစြာ ရယူေပးႏိုင္ခဲ့ျပီး ယေန႔ထိလည္း စီနီယာအသင္းအတြက္ လူငယ္ေတြကို ပို႔ေဆာင္ ေနရာေပးေနဆဲျဖစ္တယ္။

ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းျဖစ္တာနဲ႔အညီ ဘာစီလိုနာမွာ အေကာင္းဆံုး ကစားသမားေတြ လာေရာက္ကစားေနပါတယ္။ အသင္းပရိသတ္ေတြက အေကာင္းဆံုး ကစားသမားေတြကိုပဲ လက္မွတ္ထိုးတာမ်ိဳး ျမင္လိုၾကေပမယ့္ အကယ္ဒမီကေန ဘယ္လို လူငယ္မ်ိဳးက ထြန္းေပါက္လာမလဲလို႔ အျမဲတမ္း ေစာင့္ၾကည့္မႈေတြ ရွိေနတတ္တာပါ။

Carles Alena ကို စီနီယာအသင္းမွာ မၾကာခဏ ျမင္ေတြ႔ေနရေပမယ့္ ဒီေနာက္ပိုင္း ႏွစ္ေတြမွာ ဘာစီလိုနာက လူငယ္ကစားသမားေတြကို အခြင့္အေရးေပးမႈ အနည္းငယ္ ေလ်ာ့က်လာခဲ့တယ္။ သို႔တိုင္ေအာင္ အနာဂတ္မွာ ထြန္းေတာက္လာႏိုင္တဲ့ လာမာဆီယာထြက္ ကစားသမားအနည္းငယ္ကို ေဖာ္ျပမွာျဖစ္ပါတယ္။

Riqui Puig

ဘာစီလိုနာ အရန္အသင္းရဲ႕ ရတနာခဲေလးျဖစ္ျပီး ကလပ္အသင္းနဲ႔ သက္ဆိုင္တဲ့ အတြင္းလူေတြကေတာ့ အနာဂတ္ေကာင္းကို ပိုင္ထားသူလို႔ ညႊန္းဆိုပါတယ္။ အသက္ 19 ႏွစ္အရြယ္ျဖစ္ျပီး ကြင္းလယ္သမား တစ္ေယာက္အျဖစ္ ဘာစီလိုနာ DNA ကို ပိုင္ဆိုင္ထားသူပါ။ ကြင္းလယ္ဟန္ခ်က္ညီဖုိ႔ ေဘာလံုးေပးႏိုင္စြမ္းရွိတယ္။ အေၾကာက္တရားကင္းတယ္။

ရာသီၾကိဳမွာ ေအစီမီလန္နဲ႔ ေတြ႔ဆံုစဥ္က ျပိဳင္ဘက္အသင္း မန္ေနဂ်ာ ဂတ္တူဆိုကေတာ့ ကေလးမ်က္ႏွာနဲ႔ ဒီကစားသမားက မယံုႏိုင္ေလာက္ေအာင္ အံ့ၾသဖို႔ေကာင္းတဲ့ ေဘာလံုးစြမ္းရည္ကို ပိုင္ဆိုင္ထားသူလို႔ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရတယ္။ ဒါေပမယ့္လို႔ စီနီယာအဆင့္ကို တိုးတက္ဖို႔ရာ သူဟာ နည္းျပေတြရဲ႕ ညႊန္ၾကားမႈကို လိုက္နာျပီး ၾကိဳးစားေနဆဲျဖစ္တယ္။ သူ႔အတြက္ အခြင့္အေရးေတြက မၾကာခင္ ေရာက္လာႏုိင္ပါတယ္။

Marc Cucurella

အီဘာအသင္းကို အငွားခ်ထားျပီး စာခ်ဳပ္မွာေတာ့ အျပီးသတ္ ေခၚယူခြင့္ ပါဝင္တယ္လို႔ သိထားရတယ္။ ဘာစီလိုနာအတြက္ အဲ့သည္လို စာခ်ဳပ္ေတြက ျပႆနာ မရွိပါဘူး။ သူတို႔က အလိုရွိရင္ ျပန္လည္ေခၚယူခြင့္ ဆိုတာမ်ိဳးကို ထည့္သြင္းေနက်ျဖစ္တယ္။ ေလာေလာဆယ္မွာေတာ့ သူကစားတဲ့ ေနရာအတြက္ စီနီယာအသင္းမွာ ေဂ်ာ္ဒီအယ္ဘာ ရွိေနတယ္။

ဘယ္အစြန္လူျဖစ္ေပမယ့္ အီဘာမွာေတာ့ ဘယ္ေတာင္ပံအျဖစ္ ကစားေနသူျဖစ္တယ္။ ဘာစီလိုနာမွာ ေတာင္ပံသမားေတြ မ်ားျပားေနျပီး ကက္တလန္ကလပ္မွာပဲ ဆက္ကစားမယ္ဆိုရင္ေတာ့ အယ္ဘာရဲ႕ အရန္လူအျဖစ္ ဘယ္အစြန္ေနရာကို ျပန္ကစားတာက ပြဲထြက္ခြင့္အတြက္ အခြင့္အေရး ပိုရဖို႔ ရွိပါမယ္။ သူရဲ႕ အခြင့္အေရးက ဗယ္ဗာဒီ လက္ထက္မွာ ရွိဦးမလားဆိုတာ လာမယ့္ ေဘာလံုးရာသီမွာ သိရမွာပါ။

Abel Ruiz

လူးဝစ္ဆြာရက္စ္က ဘာစီလိုနာမွာပဲ ဆက္ရွိေနဆဲပါ။ သူ႔ေနရာအတြက္ ေရရွည္အစားထိုးဖို႔ကိုေတာ့ ဒီေကာင္ေလးကို ေမွ်ာ္လင့္ထားႏုိင္ပါတယ္။ တိုက္စစ္ပိုင္း ေနရာစံု ကစားႏုိင္ျပီး အေထာင္တိုက္စစ္ေနရာကို အပိုင္ႏုိင္ဆံုးျဖစ္တယ္။ သူ႔ရဲ႕ အရည္အခ်င္းေတြ တိုးတက္လာဖို႔ အခ်ိန္ေပးရမွာျဖစ္ေပမယ့္ ဆြာရက္စ္ မရွိေတာ့ခ်ိန္မွာ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။ ကစားသမားေလးက အေတာင္ပံေတြျဖန္႔ခြင့္ကို ေစာင့္ဆိုင္မႈက အနည္းငယ္ေတာ့ အခ်ိန္ယူရဦးမွာပါ။

Oriol Busquets

စီနီယာအသင္းက ဘက္စ္ကြက္နဲ႔ နာမည္ပဲ ဆင္တာမဟုတ္ပါဘူး။ ကစားတဲ့ေနရာလည္း တူညီပါတယ္။ စီနီယာအသင္းထံ မၾကာခဏ ေခၚယူခံထားရျပီး ေလ့က်င့္ေရးဆင္းေနတာ ျမင္ရေလ့ရွိတယ္။ ဆာဂ်ီယို ဘက္စ္ကြက္ မကစားႏုိင္တဲ့အခ်ိန္မွာ အျခားကစားသမားေတြထက္ Oriol ကို ေလ့လာၾကည့္သင့္တယ္။ တူညီတဲ့ အရည္အခ်င္းေတြ သူ႔ထံကေန ျမင္ရမွာျဖစ္တယ္။

လာမာဆီယာထြက္ တစ္ေယာက္ပီပီ နည္းစနစ္ပိုင္းေကာင္းတယ္၊ အျမင္ရွိတယ္။ ေဘာလံုးျဖတ္ယူမႈေတြမွာ ထူးခၽြန္ျပီး ေနရာမွန္ အခ်ိန္မွန္မွာ အျမဲတမ္းရွိသူျဖစ္တယ္။ ႏူးကပ္ကြင္းမွာ ပရိသတ္ေတြရဲ႕ လက္ခုပ္သံက သူ႔အတြက္ ျဖစ္လာမလားေတာ့ အခ်ိန္ယူျပီး ေစာင့္ၾကည့္ရပါမယ္။

Sports Home Time

[Unicode] ဘာစီလိုနာဟာ ၎င်းတို့ရဲ့ လာမာဆီယာ အကယ်ဒမီမှ လူငယ်ကြယ်ပွင့်လေးတွေကို စီနီယာအသင်းထံ အမြဲတမ်း ခေါ်ယူလေ့ရှိတဲ့ ကလပ်အသင်းပါ။ မန်နေဂျာ ဂွာဒီယိုလာဟာ အကယ်ဒမီစတားတွေနဲ့အတူ အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့ပြီး ယနေ့ထိလည်း စီနီယာအသင်းအတွက် လူငယ်တွေကို ပို့ဆောင် နေရာပေးနေဆဲဖြစ်တယ်။

ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တာနဲ့အညီ ဘာစီလိုနာမှာ အကောင်းဆုံး ကစားသမားတွေ လာရောက်ကစားနေပါတယ်။ အသင်းပရိသတ်တွေက အကောင်းဆုံး ကစားသမားတွေကိုပဲ လက်မှတ်ထိုးတာမျိုး မြင်လိုကြပေမယ့် အကယ်ဒမီကနေ ဘယ်လို လူငယ်မျိုးက ထွန်းပေါက်လာမလဲလို့ အမြဲတမ်း စောင့်ကြည့်မှုတွေ ရှိနေတတ်တာပါ။

Carles Alena ကို စီနီယာအသင်းမှာ မကြာခဏ မြင်တွေ့နေရပေမယ့် ဒီနောက်ပိုင်း နှစ်တွေမှာ ဘာစီလိုနာက လူငယ်ကစားသမားတွေကို အခွင့်အရေးပေးမှု အနည်းငယ် လျော့ကျလာခဲ့တယ်။ သို့တိုင်အောင် အနာဂတ်မှာ ထွန်းတောက်လာနိုင်တဲ့ လာမာဆီယာထွက် ကစားသမားအနည်းငယ်ကို ဖော်ပြမှာဖြစ်ပါတယ်။

Riqui Puig

ဘာစီလိုနာ အရန်အသင်းရဲ့ ရတနာခဲလေးဖြစ်ပြီး ကလပ်အသင်းနဲ့ သက်ဆိုင်တဲ့ အတွင်းလူတွေကတော့ အနာဂတ်ကောင်းကို ပိုင်ထားသူလို့ ညွှန်းဆိုပါတယ်။ အသက် 19 နှစ်အရွယ်ဖြစ်ပြီး ကွင်းလယ်သမား တစ်ယောက်အဖြစ် ဘာစီလိုနာ DNA ကို ပိုင်ဆိုင်ထားသူပါ။ ကွင်းလယ်ဟန်ချက်ညီဖို့ ဘောလုံးပေးနိုင်စွမ်းရှိတယ်။ အကြောက်တရားကင်းတယ်။

ရာသီကြိုမှာ အေစီမီလန်နဲ့ တွေ့ဆုံစဉ်က ပြိုင်ဘက်အသင်း မန်နေဂျာ ဂတ်တူဆိုကတော့ ကလေးမျက်နှာနဲ့ ဒီကစားသမားက မယုံနိုင်လောက်အောင် အံ့သြဖို့ကောင်းတဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသူလို့ ထုတ်ဖော်ချီးကျူးခဲ့ရတယ်။ ဒါပေမယ့်လို့ စီနီယာအဆင့်ကို တိုးတက်ဖို့ရာ သူဟာ နည်းပြတွေရဲ့ ညွှန်ကြားမှုကို လိုက်နာပြီး ကြိုးစားနေဆဲဖြစ်တယ်။ သူ့အတွက် အခွင့်အရေးတွေက မကြာခင် ရောက်လာနိုင်ပါတယ်။

Marc Cucurella

အီဘာအသင်းကို အငှားချထားပြီး စာချုပ်မှာတော့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တယ်လို့ သိထားရတယ်။ ဘာစီလိုနာအတွက် အဲ့သည်လို စာချုပ်တွေက ပြဿနာ မရှိပါဘူး။ သူတို့က အလိုရှိရင် ပြန်လည်ခေါ်ယူခွင့် ဆိုတာမျိုးကို ထည့်သွင်းနေကျဖြစ်တယ်။ လောလောဆယ်မှာတော့ သူကစားတဲ့ နေရာအတွက် စီနီယာအသင်းမှာ ဂျော်ဒီအယ်ဘာ ရှိနေတယ်။

ဘယ်အစွန်လူဖြစ်ပေမယ့် အီဘာမှာတော့ ဘယ်တောင်ပံအဖြစ် ကစားနေသူဖြစ်တယ်။ ဘာစီလိုနာမှာ တောင်ပံသမားတွေ များပြားနေပြီး ကက်တလန်ကလပ်မှာပဲ ဆက်ကစားမယ်ဆိုရင်တော့ အယ်ဘာရဲ့ အရန်လူအဖြစ် ဘယ်အစွန်နေရာကို ပြန်ကစားတာက ပွဲထွက်ခွင့်အတွက် အခွင့်အရေး ပိုရဖို့ ရှိပါမယ်။ သူရဲ့ အခွင့်အရေးက ဗယ်ဗာဒီ လက်ထက်မှာ ရှိဦးမလားဆိုတာ လာမယ့် ဘောလုံးရာသီမှာ သိရမှာပါ။

Abel Ruiz

လူးဝစ်ဆွာရက်စ်က ဘာစီလိုနာမှာပဲ ဆက်ရှိနေဆဲပါ။ သူ့နေရာအတွက် ရေရှည်အစားထိုးဖို့ကိုတော့ ဒီကောင်လေးကို မျှော်လင့်ထားနိုင်ပါတယ်။ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်ပြီး အထောင်တိုက်စစ်နေရာကို အပိုင်နိုင်ဆုံးဖြစ်တယ်။ သူ့ရဲ့ အရည်အချင်းတွေ တိုးတက်လာဖို့ အချိန်ပေးရမှာဖြစ်ပေမယ့် ဆွာရက်စ် မရှိတော့ချိန်မှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ကစားသမားလေးက အတောင်ပံတွေဖြန့်ခွင့်ကို စောင့်ဆိုင်မှုက အနည်းငယ်တော့ အချိန်ယူရဦးမှာပါ။

Oriol Busquets

စီနီယာအသင်းက ဘက်စ်ကွက်နဲ့ နာမည်ပဲ ဆင်တာမဟုတ်ပါဘူး။ ကစားတဲ့နေရာလည်း တူညီပါတယ်။ စီနီယာအသင်းထံ မကြာခဏ ခေါ်ယူခံထားရပြီး လေ့ကျင့်ရေးဆင်းနေတာ မြင်ရလေ့ရှိတယ်။ ဆာဂျီယို ဘက်စ်ကွက် မကစားနိုင်တဲ့အချိန်မှာ အခြားကစားသမားတွေထက် Oriol ကို လေ့လာကြည့်သင့်တယ်။ တူညီတဲ့ အရည်အချင်းတွေ သူ့ထံကနေ မြင်ရမှာဖြစ်တယ်။

လာမာဆီယာထွက် တစ်ယောက်ပီပီ နည်းစနစ်ပိုင်းကောင်းတယ်၊ အမြင်ရှိတယ်။ ဘောလုံးဖြတ်ယူမှုတွေမှာ ထူးချွန်ပြီး နေရာမှန် အချိန်မှန်မှာ အမြဲတမ်းရှိသူဖြစ်တယ်။ နူးကပ်ကွင်းမှာ ပရိသတ်တွေရဲ့ လက်ခုပ်သံက သူ့အတွက် ဖြစ်လာမလားတော့ အချိန်ယူပြီး စောင့်ကြည့်ရပါမယ်။

Sports Home Time