ဘိုင္ယန္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အသားစီရဖို႔ လီဗာပူး ဘာလုပ္ဖို႔လိုမလဲ ေရာ္ဘတ္ဆန္ သတိေပး

[Zawgyi] ေရာ္ဘတ္ဆန္က အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ ပထမအေက်ာ့မွာ လႊမ္းမိုးခ်ဳပ္ခ်ယ္ႏိုင္မႈ အျပည့္နဲ႔ ယွဥ္ျပိဳင္ကစားဖို႔ လိုအပ္မယ္ဆိုတာကို သတိေပးမႈ ျပဳလုပ္လာခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲရဲ႕ ပထမအေက်ာ့မွာေတာ့ လီဗာပူးက ဘိုင္ယန္ျမဴးနစ္နဲ႔ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာပါ။ ရလဒ္ေကာင္းကို ၾကိဳတင္ရယူထားတာက ဒုတိယအေက်ာ့အျဖစ္ ျမဴနစ္ထံ သြားေရာက္ယွဥ္ျပိဳင္တဲ့အခါ အက်ိဳးအျမတ္ေကာင္း ရေစမွာျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္က “ ပြဲကို လႊမ္းမိုးခ်ဳပ္ကိုင္မႈအျပည့္နဲ႔ ကစားဖို႔ လိုပါတယ္။ သူတို႔က အသင္းေကာင္းျဖစ္ျပီး အေကာင္းဆံုးအဆင့္မွာ 6 ႏွစ္ 7 ႏွစ္ေလာက္ ရွိေနတဲ့ အသင္းပါ။ ဒါေၾကာင့္ ဘိုင္ယန္က ခက္ခဲတဲ့ စမ္းသပ္မႈဆိုတာ က်ေန္ာတို႔ သိထားပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔က အေကာင္းဆံုး ေျခစြမး္ျပႏုိင္ရင္ ဘယ္လို ျပိဳင္ဘက္ကိုမဆို ဒုကၡေပးႏုိင္တယ္ဆိုတာ သိထားပါတယ္ ” လို႔ ေျပာပါတယ္။

လီဗာပူးက ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ဘုန္းေမာက္နဲ႔ အိမ္ကြင္းပြဲမွာ 3-0 နဲ႔ အႏုိင္ယူထားတာပါ။ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပြဲေတြျဖစ္တဲ့ ပီအက္ဂ်ီ၊ ရတ္စတားဘဲလ္ဂရိတ္နဲ႔ နာပိုလီပြဲေတြကိုလည္း အားလံုးကို အႏုိင္ယူထားတာျဖစ္တယ္။ အန္ဖီးကြင္းမွာပဲ မန္စီးတီးနဲ႔ ရိုးမားတို႔ကို ဂိုးျပတ္ အႏုိင္ရတဲ့ပြဲေတြအျဖစ္ မႏွစ္က ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္ပြဲေတြမွာ ကစားခဲ့ပါေသးတယ္။

လီဗာပူးအစြန္လူ ေရာ္ဘတ္ဆန္ကပဲ အန္ဖီးရဲ႕ မာေက်ာမႈဟာ ျပိဳင္ဘက္အသင္းတိုင္းကို အခက္ေတြ႔ေစတယ္ဆိုတာ နားလည္ထားပါေၾကာင္း ထပ္ေလာင္း ေျပာဆိုပါတယ္။

“ အသင္းေကာင္းတိုင္းက အိမ္ကြင္းအားကို အေကာင္းဆံုး အသံုးခ်ႏိုင္ၾကတယ္။ မႏွစ္က က်ေနာ္တုိ႔ဟာ ေကာင္းမြန္တဲ့ ေဘာလံုးရာသီနဲ႔အတူ ခ်န္ပီယံလိဂ္မွာ အိမ္ကြင္းအားသာခ်က္ကို ရခဲ့ပါတယ္။ လူတိုင္းက ခ်န္ပီယံလိဂ္ဟာ အန္ဖီးအတြက္ ဘယ္ေလာက္ထိ ထုူးရွယ္ျဖစ္သလဲဆိုတာ သိထားၾကတယ္။ အသင္းပရိသတ္ေတြနဲ႔ က်ေန္ာတုိ႔က အခ်င္းခ်င္း ေထာက္ပံ့မႈေကာင္းေတြ ျဖစ္ေစခဲ့ၾကတာျဖစ္တယ္။

ကစားသမားေတြက ပရိသတ္အတြက္နဲ႔ ပရိသတ္ေတြက ကစားသမားေတြအတြက္ ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးၾကတယ္။ အသင္းေနာက္မွာ ပရိသတ္ေတြရွိတာက က်ေနာ္တုိ႔ကို အကူအညီျဖစ္ျပီး ပြဲကို အႏိုင္ရဖို႔ အပို ေထာက္ပံ့မႈေတြျဖစ္ေစပါတယ္။ ဒါက အိမ္ကြင္းပရိသတ္ေတြကေန အသင္းတိုင္းက ရရွိတာမ်ိဳးပါ ” လို႔ ေရာ္ဘတ္ဆန္က ေျပာျပလာတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ရော်ဘတ်ဆန်က အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပထမအကျော့မှာ လွှမ်းမိုးချုပ်ချယ်နိုင်မှု အပြည့်နဲ့ ယှဉ်ပြိုင်ကစားဖို့ လိုအပ်မယ်ဆိုတာကို သတိပေးမှု ပြုလုပ်လာခဲ့ပါတယ်။

ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲရဲ့ ပထမအကျော့မှာတော့ လီဗာပူးက ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ရလဒ်ကောင်းကို ကြိုတင်ရယူထားတာက ဒုတိယအကျော့အဖြစ် မြူနစ်ထံ သွားရောက်ယှဉ်ပြိုင်တဲ့အခါ အကျိုးအမြတ်ကောင်း ရစေမှာဖြစ်ပါတယ်။

ရော်ဘတ်ဆန်က “ ပွဲကို လွှမ်းမိုးချုပ်ကိုင်မှုအပြည့်နဲ့ ကစားဖို့ လိုပါတယ်။ သူတို့က အသင်းကောင်းဖြစ်ပြီး အကောင်းဆုံးအဆင့်မှာ 6 နှစ် 7 နှစ်လောက် ရှိနေတဲ့ အသင်းပါ။ ဒါကြောင့် ဘိုင်ယန်က ခက်ခဲတဲ့ စမ်းသပ်မှုဆိုတာ ကျနေ်ာတို့ သိထားပါတယ်။ ဒါပေမယ့် ကျနော်တို့က အကောင်းဆုံး ခြေစွမ်းပြနိုင်ရင် ဘယ်လို ပြိုင်ဘက်ကိုမဆို ဒုက္ခပေးနိုင်တယ်ဆိုတာ သိထားပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘုန်းမောက်နဲပ အိမ်ကွင်းပွဲမှာ 3-0 နဲ့ အနိုင်ယူထားတာပါ။ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲတွေဖြစ်တဲ့ ပီအက်ဂျီ၊ ရတ်စတားဘဲလ်ဂရိတ်နဲ့ နာပိုလီပွဲတွေကိုလည်း အားလုံးကို အနိုင်ယူထားတာဖြစ်တယ်။ အန်ဖီးကွင်းမှာပဲ မန်စီးတီးနဲ့ ရိုးမားတို့ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲတွေအဖြစ် မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ ကစားခဲ့ပါသေးတယ်။

လီဗာပူးအစွန်လူ ရော်ဘတ်ဆန်ကပဲ အန်ဖီးရဲ့ မာကျောမှုဟာ ပြိုင်ဘက်အသင်းတိုင်းကို အခက်တွေ့စေတယ်ဆိုတာ နားလည်ထားပါကြောင်း ထပ်လောင်း ပြောဆိုပါတယ်။

“ အသင်းကောင်းတိုင်းက အိမ်ကွင်းအားကို အကောင်းဆုံး အသုံးချနိုင်ကြတယ်။ မနှစ်က ကျနော်တို့ဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီနဲ့အတူ ချန်ပီယံလိဂ်မှာ အိမ်ကွင်းအားသာချက်ကို ရခဲ့ပါတယ်။ လူတိုင်းက ချန်ပီယံလိဂ်ဟာ အန်ဖီးအတွက် ဘယ်လောက်ထိ ထုူးရှယ်ဖြစ်သလဲဆိုတာ သိထားကြတယ်။ အသင်းပရိသတ်တွေနဲ့ ကျနေ်ာတို့က အချင်းချင်း ထောက်ပံ့မှုကောင်းတွေ ဖြစ်စေခဲ့ကြတာဖြစ်တယ်။

ကစားသမားတွေက ပရိသတ်အတွက်နဲ့ ပရိသတ်တွေက ကစားသမားတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးကြတယ်။ အသင်းနောက်မှာ ပရိသတ်တွေရှိတာက ကျနော်တို့ကို အကူအညီဖြစ်ပြီး ပွဲကို အနိုင်ရဖို့ အပို ထောက်ပံ့မှုတွေဖြစ်စေပါတယ်။ ဒါက အိမ်ကွင်းပရိသတ်တွေကနေ အသင်းတိုင်းက ရရှိတာမျိုးပါ ” လို့ ရော်ဘတ်ဆန်က ပြောပြလာတာဖြစ်ပါတယ်။

Sports Home Time