Player Scout | ယူႏုိက္တက္တို႔ စိတ္​ဝင္​စား​ေနတဲ့ ဂၽြာအို ဖီးလစ္​ဆိုတဲ့ ပါရမီရွင္ေလး အေၾကာင္း

[Zawgyi] ဘင္ဖီကာရဲ႕ အသက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ၾကယ္ပြင့္ ဖီးလစ္ကို လီဗာပူး၊ ဘိုင္ယန္ျမဴးနစ္စတဲ့ ဥေရာပ ထိပ္သီးကလပ္ေတြက စိတ္ဝင္စားေနၿပီး ကစားသမားကို လိုက္ေနတဲ့အထဲမွာ မန္ခ်က္စတာယူႏိုက္တက္လဲ ပါဝင္တယ္လို႔ သိရပါတယ္။

ဥေရာပမွာေတာ့ ေဒးဗစ္လူးဝစ္ဇ္၊ မာတစ္၊ ေအာ့ဘလက္၊ ေကာ္စတာစတဲ့ ပါရမီရွိတဲ့ ကစားသမားေတြ ထြက္ေပၚခဲ့တဲ့ ဘင္ဖီကာထက္ ကစားသမား ေမြးထုတ္ရာမွာ ပိုေကာင္းတဲ့ ကလပ္အနည္းငယ္ပဲ ရွိပါတယ္။ ဒါဆိုရင္ ဥေရာပ ထိပ္သီးကလပ္ေတြအေနနဲ႔ အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားေလးကို ဘာအတြက္ေၾကာင့္ ေခၚယူသင့္တာလဲ?

လူတိုင္းက ဘာလို႔ သူ႔ကို လိုခ်င္ၾကတာလဲ?

ဖီးလစ္ဟာ ေရွ႕တန္းထက္ ကြင္းလယ္တိုက္စစ္ေနရာကို အားသန္ပါတယ္။ ဒါေပမယ့္ အထင္ေတာ့မေသးပါနဲ႔။ ဒီရာသီ ဘင္ဖီကာအတြက္ ပြဲထြက္ကစားခြင့္ ၈ ပြဲမွာ ၇ ဂိုး သြင္းယူခဲ့ၿပီး ေပၚတူဂီ ယူ ၂၁ ရဲ႕ ယူ႐ို ၂၀၁၉ ဝင္ခြင့္အတြက္ ၇ ပြဲ ကစား ေလးဂိုး သြင္းယူခဲ့ျပန္ပါတယ္။

လစၥဘြန္း ဒါဘီမွာ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံး ဘင္ဖီကာ ကစားသမားျဖစ္ခဲ့ၿပီးေနာက္ ေပၚတူဂီရဲ႕ အေအာင္ျမင္ဆုံး ကလပ္က လူငယ္ေတြၾကားမွာ ဖီးလစ္ဟာ အေတာက္ပဆုံး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တန္ေၾကးကေတာ့ မေသးပါဘူး။ မၾကာေသးမီကပဲ ယူ႐ို သန္း ၁၂၀ (ေပါင္ ၁၀၅ သန္း) တန္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

သူ႔ကစားဟန္က ဘယ္လိုလဲ?

ဖီးလစ္ကို ကာကာနဲ႔ ႏႈိုင္းယွဥ္တတ္ၾကပါတယ္။ ကာကာက သူ႔ရဲ႕ ငယ္ဘဝ သူရဲေကာင္း တစ္ေယာက္လဲ ျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးဟာ အျမင္စူးရွၿပီး ေကာင္းမြန္တဲ့ ေပးပို႔မႈေတြ လုပ္ႏိုင္သလို တိုက္စစ္ေနာက္က ဘယ္ေနရာမွာမဆို ကစားႏိုင္ပါတယ္။ ကြင္းလယ္တိုက္စစ္မွာ သူဟာ အေကာင္းဆုံး ကစားႏိုင္ၿပီး ဘယ္ေတာင္ပံက ျဖတ္ခံထားရတဲ့အခါ ညာေျခနဲ႔ ထိေရာက္တဲ့ အက်ိဳးျပဳမႈေတြ လုပ္ႏိုင္ပါတယ္။

ဒါေပမယ့္ ဘင္ဖီကာ နည္းျပသစ္ ဘ႐ူႏို လက္ေအာက္မွာ အရင္နည္းျပ ဗစ္တိုးရီးယားရဲ႕ ၄-၃-၃ ကစားကြက္ရဲ႕ ဘယ္ျခမ္းကေန ၄-၄-၂ ကစားကြက္ရဲ႕ တိုက္စစ္မွာ ထိပ္တန္းဂိုးသြင္းရွင္ ဟားရစ္ ဆီဖာ႐ိုဗစ္ ေဘးကို ေျပာင္းေ႐ႊ႕ခံခဲ့ရပါတယ္။ အလယ္ကို ေရာက္ရွိၿပီးေနာက္ သူ႔ရဲ႕ ေနာက္ဆုံး ၇ ပြဲမွာ ၆ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။

ဂိုးသြင္းတာက ဖီးလစ္ အေကာင္းဆုံးလုပ္ႏိုင္တဲ့ အပိုင္းပါ။ ဒီရာသီမွာ သူဟာ ၁၀ ဂိုးမွာ ပါဝင္ပတ္သက္ထားၿပီး ၇ ဂိုးကို သူကိုယ္တိုင္ သြင္းယူခဲ့ၿပီး ၃ ဂိုး ဖန္တီးေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ လူငယ္ကစားသမား တစ္ေယာက္အေနနဲ႔ ေသးသြယ္တဲ့ ပုံစံေၾကာင့္ ေပၚတိုက အသင္းကေန သူ႔ကို ထြက္ခြာခြင့္ျပဳခဲ့တာ ျဖစ္ၿပီး သူ႔ကိုယ္လုံးကိုထည္ဟာ ဘင္ဖီကာအတြက္ တိုးတက္ဖို႔ ဦးစားေပးကိစၥ ျဖစ္ေနဆဲပါ။ ဒီရာသီမွာ သူ႔ရဲ႕ ႀကံ့ခိူင္မႈ တိုးတက္လာဖို႔ အထူး စည္းမ်ဥ္းေတြ ထုတ္ထားခဲ့ရပါတယ္။

ခိုင္မာတဲ့ ေနာက္ခံသမိုင္း

အေပၚမွာ ေျပာခဲ့သလိုပဲ ေပၚတိုဟာ သူတို႔ရဲ႕ လူငယ္ကစားသမားေတြထဲက တစ္ေယာက္ကို ေရာင္းခ်ဖို႔ စဥ္းစားခဲ့သလို ဖီးလစ္ကလဲ ပိန္လြန္းတာမို႔ အသက္ ၁၅ ႏွစ္အ႐ြယ္ ေကာင္ေလးကို ထြက္ခြာခြင့္ျပဳခဲ့ပါတယ္။ ေနာက္ပိုင္းမွာ တဟုန္ထိုး တိုးတက္လာၿပီး သူဟာ ႐ြယ္တူတန္းတူေတြနဲ႔ ယွဥ္ကစားႏိုင္တဲ့ အဆင့္ကို ေရာက္ခဲ့ပါတယ္။ ၂၀၁၇ မွာ ဘာနာဒိုေဆးလ္ဗား လက္သစ္အျဖစ္ ေပၚတူဂီ ယူ ၁၈၊ ၁၉၊ ၂၁ တို႔မွာ ပါဝင္ခြင့္ရခဲ့ပါတယ္။

လစၥဘြန္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ၁၆ ႏွစ္အ႐ြယ္ နဲ႔ ဘင္ဖီကာ အရန္အသင္းမွာ ပြဲဦးထြက္ ကစားခဲ့ရပါတယ္။ ဒါေပမယ့္ အဲ့ဒီ္ရာသီ ေပၚတူဂီ ဒုတိယတန္းလိဂ္ လီဂါပ႐ိုမွာ ၁၂ ပြဲ ကစားၿပီး ကြင္းလယ္ကေန သုံးဂိုးသာ သြင္းယူခဲ့ပါတယ္။ ေနာက္တစ္ႏွစ္မွာေတာ့ သူဟာ ပုံမွန္ဂိုးသြင္းသူျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ လူငယ္အသင္းဟာ ခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ အီစတာဒီယို ဒါလုဇ္က ပထမအသင္းကို ေခၚယူျခင္းခံခဲ့ရပါတယ္။

အထက္တန္းစား ခ်ီးမြမ္းမႈေတြ

မၾကာေသးမီက ဘင္ဖီကာ တိုက္စစ္မႉး ဟားရစ္ ဆီဖာ႐ိုဗစ္ဟာ ဖီးလစ္ကို ခ်ီးက်ဴးခဲ့ပါတယ္။ ဒါေပမယ့္ လူငယ္ကစားသမားဟာ ဒီရာသီမွာ ထင္ေပၚေက်ာ္ၾကားေနတာနဲ႔အတူ ဘင္ဖီကာ တိုက္စစ္မွာ တျခားေ႐ြးခ်ယ္စရာေတြ ရွိတယ္ဆိုတာကို ေထာက္ျပခဲ့ပါတယ္။

မႏွစ္က ထိပ္တန္းဂိုးသြင္းရွင္ ဂ်ိဳးနက္စ္က

” သူဟာ သူ႔ရဲ႕စြမ္းရည္ေတြကို ဘင္ဖီကာပရိသတ္ေတြ ကိုသာမက ဥေရာပတစ္ခြင္က ပရိသတ္ေတြကိုပါ ျပသႏိုင္တဲ့ ကစားသမားတစ္ေယာက္ပါ။ သူဟာ မ်ားျပားတဲ့ အရည္အခ်င္း ရွိၿပီး တည္ၿငိမ္တဲ့ ေကာင္ေလးတစ္ေယာက္လဲ ျဖစ္ပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။

ဘင္ဖီကာ သူရဲေကာင္းေဟာင္း ႏူႏို ဂိုမက္စ္က

” ဂြၽာအို ဖီးလစ္က အရမ္းသန္မာတဲ့ ေကာင္ေလးပါ။ ဒါေပမယ့္ ေပၚတူဂီ အသင္းႀကီးကို ေရာက္ဖို႔ကေတာ့ လိုပါေသးတယ္။ ဆိုေပမယ့္လဲ ရီနာတို ဆန္းခ်က္စ္ကို က်ေနာ္တို႔ ျမင္ခဲ့ရသလို ဒီဘက္ေခတ္မွာ အရာရာတိုင္းက ျမန္ျမန္ ျဖစ္လာႏိုင္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

သူ႔ကို သတိေပးမႈေတြလဲ ရွိပါတယ္။ လူငယ္ကစားသမား တစ္ေယာက္အေနနဲ႔ ဖီးလစ္ ႀကီးျပင္းလာခဲ့တဲ့ ေပၚတို အကယ္ဒမီရဲ႕ တိုက္စစ္နည္းျပ ဘီႏိုက

” က်ေနာ္တို႔မွာ ပါရမီေတြ အမ်ားႀကီးရွိတယ္လို႔ ေျပာခံရတဲ့အခါ ဒါကို အရမ္းႀကီး ျပင္းျပင္းထန္ထန္ လုပ္ဖို႔မလိုပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီ့ပါရမီက က်ေနာ္တို႔ အလိုရွိတဲ့ အရာရာတိုင္းကို ေပးလိမ့္မယ္လို႔ က်ေနာ္တို႔ ထင္ပါတယ္။ ေပၚတိုမွာ ဟြာအိုက ျဖစ္ခဲ့တာက နည္းနည္းပါ။ က်ေနာ္တို႔ အရမ္းဂ႐ုစိုက္ဖို႔ လိုပါတယ္။ ဒီဘက္ေခတ္မွာ ကစားသမားတစ္ေယာက္က ျမန္ျမန္ဆန္ဆန္ တန္ဖိုးတက္လာပါတယ္။ တစ္ခါတစ္ရံ သူ႔အသက္အ႐ြယ္မွာေတာင္မွ မင္းကို အေကာင္းဆုံး ဆိုၿပီး သတင္းစာေတြထဲမွာ ေခၚတာ ေန႔တိုင္းျမင္ရဖို႔ မလြယ္ပါဘူး ” လို႔ ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] ဘင်ဖီကာရဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဖီးလစ်ကို လီဗာပူး၊ ဘိုင်ယန်မြူးနစ်စတဲ့ ဥရောပ ထိပ်သီးကလပ်တွေက စိတ်ဝင်စားနေပြီး ကစားသမားကို လိုက်နေတဲ့အထဲမှာ မန်ချက်စတာယူနိုက်တက်လဲ ပါဝင်တယ်လို့ သိရပါတယ်။

ဥရောပမှာတော့ ဒေးဗစ်လူးဝစ်ဇ်၊ မာတစ်၊ အော့ဘလက်၊ ကော်စတာစတဲ့ ပါရမီရှိတဲ့ ကစားသမားတွေ ထွက်ပေါ်ခဲ့တဲ့ ဘင်ဖီကာထက် ကစားသမား မွေးထုတ်ရာမှာ ပိုကောင်းတဲ့ ကလပ်အနည်းငယ်ပဲ ရှိပါတယ်။ ဒါဆိုရင် ဥရောပ ထိပ်သီးကလပ်တွေအနေနဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးကို ဘာအတွက်ကြောင့် ခေါ်ယူသင့်တာလဲ?

လူတိုင်းက ဘာလို့ သူ့ကို လိုချင်ကြတာလဲ?

ဖီးလစ်ဟာ ရှေ့တန်းထက် ကွင်းလယ်တိုက်စစ်နေရာကို အားသန်ပါတယ်။ ဒါပေမယ့် အထင်တော့မသေးပါနဲ့။ ဒီရာသီ ဘင်ဖီကာအတွက် ပွဲထွက်ကစားခွင့် ၈ ပွဲမှာ ၇ ဂိုး သွင်းယူခဲ့ပြီး ပေါ်တူဂီ ယူ ၂၁ ရဲ့ ယူရို ၂၀၁၉ ဝင်ခွင့်အတွက် ၇ ပွဲ ကစား လေးဂိုး သွင်းယူခဲ့ပြန်ပါတယ်။

လစ္စဘွန်း ဒါဘီမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ဘင်ဖီကာ ကစားသမားဖြစ်ခဲ့ပြီးနောက် ပေါ်တူဂီရဲ့ အအောင်မြင်ဆုံး ကလပ်က လူငယ်တွေကြားမှာ ဖီးလစ်ဟာ အတောက်ပဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တန်ကြေးကတော့ မသေးပါဘူး။ မကြာသေးမီကပဲ ယူရို သန်း ၁၂၀ (ပေါင် ၁၀၅ သန်း) တန် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

သူ့ကစားဟန်က ဘယ်လိုလဲ?

ဖီးလစ်ကို ကာကာနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ ကာကာက သူ့ရဲ့ ငယ်ဘဝ သူရဲကောင်း တစ်ယောက်လဲ ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ အမြင်စူးရှပြီး ကောင်းမွန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်သလို တိုက်စစ်နောက်က ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ကွင်းလယ်တိုက်စစ်မှာ သူဟာ အကောင်းဆုံး ကစားနိုင်ပြီး ဘယ်တောင်ပံက ဖြတ်ခံထားရတဲ့အခါ ညာခြေနဲ့ ထိရောက်တဲ့ အကျိုးပြုမှုတွေ လုပ်နိုင်ပါတယ်။

ဒါပေမယ့် ဘင်ဖီကာ နည်းပြသစ် ဘရူနို လက်အောက်မှာ အရင်နည်းပြ ဗစ်တိုးရီးယားရဲ့ ၄-၃-၃ ကစားကွက်ရဲ့ ဘယ်ခြမ်းကနေ ၄-၄-၂ ကစားကွက်ရဲ့ တိုက်စစ်မှာ ထိပ်တန်းဂိုးသွင်းရှင် ဟားရစ် ဆီဖာရိုဗစ် ဘေးကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ အလယ်ကို ရောက်ရှိပြီးနောက် သူ့ရဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဂိုးသွင်းတာက ဖီးလစ် အကောင်းဆုံးလုပ်နိုင်တဲ့ အပိုင်းပါ။ ဒီရာသီမှာ သူဟာ ၁၀ ဂိုးမှာ ပါဝင်ပတ်သက်ထားပြီး ၇ ဂိုးကို သူကိုယ်တိုင် သွင်းယူခဲ့ပြီး ၃ ဂိုး ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်ကစားသမား တစ်ယောက်အနေနဲ့ သေးသွယ်တဲ့ ပုံစံကြောင့် ပေါ်တိုက အသင်းကနေ သူ့ကို ထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပြီး သူ့ကိုယ်လုံးကိုထည်ဟာ ဘင်ဖီကာအတွက် တိုးတက်ဖို့ ဦးစားပေးကိစ္စ ဖြစ်နေဆဲပါ။ ဒီရာသီမှာ သူ့ရဲ့ ကြံ့ခိူင်မှု တိုးတက်လာဖို့ အထူး စည်းမျဉ်းတွေ ထုတ်ထားခဲ့ရပါတယ်။

ခိုင်မာတဲ့ နောက်ခံသမိုင်း

အပေါ်မှာ ပြောခဲ့သလိုပဲ ပေါ်တိုဟာ သူတို့ရဲ့ လူငယ်ကစားသမားတွေထဲက တစ်ယောက်ကို ရောင်းချဖို့ စဉ်းစားခဲ့သလို ဖီးလစ်ကလဲ ပိန်လွန်းတာမို့ အသက် ၁၅ နှစ်အရွယ် ကောင်လေးကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ တဟုန်ထိုး တိုးတက်လာပြီး သူဟာ ရွယ်တူတန်းတူတွေနဲ့ ယှဉ်ကစားနိုင်တဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။ ၂၀၁၇ မှာ ဘာနာဒိုဆေးလ်ဗား လက်သစ်အဖြစ် ပေါ်တူဂီ ယူ ၁၈၊ ၁၉၊ ၂၁ တို့မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

လစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၆ နှစ်အရွယ် နဲ့ ဘင်ဖီကာ အရန်အသင်းမှာ ပွဲဦးထွက် ကစားခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ်ရာသီ ပေါ်တူဂီ ဒုတိယတန်းလိဂ် လီဂါပရိုမှာ ၁၂ ပွဲ ကစားပြီး ကွင်းလယ်ကနေ သုံးဂိုးသာ သွင်းယူခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ သူဟာ ပုံမှန်ဂိုးသွင်းသူဖြစ်ခဲ့ပြီး သူတို့ရဲ့ လူငယ်အသင်းဟာ ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အီစတာဒီယို ဒါလုဇ်က ပထမအသင်းကို ခေါ်ယူခြင်းခံခဲ့ရပါတယ်။

အထက်တန်းစား ချီးမွမ်းမှုတွေ

မကြာသေးမီက ဘင်ဖီကာ တိုက်စစ်မှူး ဟားရစ် ဆီဖာရိုဗစ်ဟာ ဖီးလစ်ကို ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် လူငယ်ကစားသမားဟာ ဒီရာသီမှာ ထင်ပေါ်ကျော်ကြားနေတာနဲ့အတူ ဘင်ဖီကာ တိုက်စစ်မှာ တခြားရွေးချယ်စရာတွေ ရှိတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

မနှစ်က ထိပ်တန်းဂိုးသွင်းရှင် ဂျိုးနက်စ်က

” သူဟာ သူ့ရဲ့စွမ်းရည်တွေကို ဘင်ဖီကာပရိသတ်တွေ ကိုသာမက ဥရောပတစ်ခွင်က ပရိသတ်တွေကိုပါ ပြသနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ သူဟာ များပြားတဲ့ အရည်အချင်း ရှိပြီး တည်ငြိမ်တဲ့ ကောင်လေးတစ်ယောက်လဲ ဖြစ်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

ဘင်ဖီကာ သူရဲကောင်းဟောင်း နူနို ဂိုမက်စ်က

” ဂျွာအို ဖီးလစ်က အရမ်းသန်မာတဲ့ ကောင်လေးပါ။ ဒါပေမယ့် ပေါ်တူဂီ အသင်းကြီးကို ရောက်ဖို့ကတော့ လိုပါသေးတယ်။ ဆိုပေမယ့်လဲ ရီနာတို ဆန်းချက်စ်ကို ကျနော်တို့ မြင်ခဲ့ရသလို ဒီဘက်ခေတ်မှာ အရာရာတိုင်းက မြန်မြန် ဖြစ်လာနိုင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

သူ့ကို သတိပေးမှုတွေလဲ ရှိပါတယ်။ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ ဖီးလစ် ကြီးပြင်းလာခဲ့တဲ့ ပေါ်တို အကယ်ဒမီရဲ့ တိုက်စစ်နည်းပြ ဘီနိုက

” ကျနော်တို့မှာ ပါရမီတွေ အများကြီးရှိတယ်လို့ ပြောခံရတဲ့အခါ ဒါကို အရမ်းကြီး ပြင်းပြင်းထန်ထန် လုပ်ဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ပါရမီက ကျနော်တို့ အလိုရှိတဲ့ အရာရာတိုင်းကို ပေးလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ပေါ်တိုမှာ ဟွာအိုက ဖြစ်ခဲ့တာက နည်းနည်းပါ။ ကျနော်တို့ အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ ကစားသမားတစ်ယောက်က မြန်မြန်ဆန်ဆန် တန်ဖိုးတက်လာပါတယ်။ တစ်ခါတစ်ရံ သူ့အသက်အရွယ်မှာတောင်မှ မင်းကို အကောင်းဆုံး ဆိုပြီး သတင်းစာတွေထဲမှာ ခေါ်တာ နေ့တိုင်းမြင်ရဖို့ မလွယ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

Sports Home Time