[Zawgyi] ပီအက္ဂ်ီတိုက္စစ္သမား ဒရိုက္စလာက ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲ ဒုတိယအေက်ာ့အျဖစ္ ပဲရစ္မွာ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ေပါ့ဘာ မပါဝင္ႏုိင္တာက ျပင္သစ္ခ်န္ပီယံအသင္းအတြက္ အားသာခ်က္ ျဖစ္လာလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္တဲ့ ပထမအေက်ာ့မွာ ပြဲျပီးခါနီးမွာမွ ေပါ့ဘာဟာ အနီကဒ္ ျပသခံခဲ့ရကာ လာမယ့္ အေဝးကြင္းပြဲကို လြဲေခ်ာ္သြားမွာျဖစ္တယ္။ ျပိဳင္ဘက္ကစားသမား ဒန္နီအဲလ္ဗက္စ္ကို ကိုင္တြယ္ပံု ၾကမ္းတမ္းတာေၾကာင့္ ေပါ့ဘာစာ ဒုတိယေျမာက္ အဝကဒ္ ျပသခံခဲ့ရျပီး မတ္လ 6 ရက္ေန႔ကို လြဲေခ်ာ္ဖို႔ ျဖစ္လာခဲ့တာျဖစ္တယ္။
ဒရိုက္စလာက ကမၻာဖလား ခ်န္ပီယံ မပါဝင္ႏိုင္တာအတြက္ ေက်နပ္ေၾကာင္းကို ” ယူႏုိက္တက္ရဲ႕ အေကာင္းဆံုး ကစားသမားက က်ေနာ္အတြက္ေတာ့ ေပါ့ဘာပါ။ သူက ယူႏုိက္တက္ရဲ႕ အေရးပါဆံုး ကစားသမားျဖစ္ျပီး ဘယ္ေလာက္ထိ ထူးခၽြန္တယ္ဆိုတာ အားလံုး ျမင္ပါတယ္။ ဒုတိယအေက်ာ့မွာ သူလို ကစားသမား မပါဝင္တာေၾကာင့္ က်ေနာ္ အရမ္း ေပ်ာ္ရႊင္မိပါတယ္။
ယူႏုိက္တက္က ပြဲအစပိုင္းမွာ အရမ္းေကာင္းခဲ့တာက က်ေနာ္တို႔အတြက္ မလြယ္ကူတဲ့ ဖိအားေတြျဖစ္ခဲ့တယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ က်ေန္ာတို႔ ယံုၾကည္မႈေတြ ပိုရွိလာျပီး ယူႏုိက္တက္ရဲ႕ ဖိအားေပးခံရမႈ ပိုနည္းလာခဲ့တယ္။ အဲ့တာက ကြင္းထဲမွာ ေနရာလြတ္ေတြ ရွာေဖြေတြဖို႔ က်ေန္ာတို႔ကို အကူအညီျဖစ္ေစခဲ့တယ္။ ရလာတဲ့ အခြင့္အေရးေတြကို အေကာင္းဆံုး အသံုးခ်ျပီး ထိုက္တန္တဲ့ အႏိုင္ရလဒ္ကို ရယူႏုိင္ခဲ့ပါတယ္ ” လို႔ ေျပာပါတယ္။
ယူႏုိက္တက္ဟာ ဆိုးရွားလက္ထက္ 11 ပြဲဆက္ အေရးနိမ့္ခဲ့ျခင္း မရွိပါဘူး။ ဒီဇင္ဘာမွာ ဆိုးရွား တာဝန္ယူတဲ့ေနာက္ပိုင္း ေပါ့ဘာဟာ ဆိုးရွားအတြက္ အဓိက က်သူျဖစ္ေပမယ့္ ဒုတိယအေက်ာ့မွာ သူ႔ကို အသံုးျပဳႏုိင္မွာ မဟုတ္ဘူး။ ပီအက္ဂ်ီကို အေရးနိမ့္ခဲ့တဲ့ ပထမအေက်ာ့မွာေတာ့ လင္ဂတ္နဲ႔ မာရွယ္တို႔ ဒဏ္ရာရခဲ့တာကလည္း ယူႏုိက္တက္အတြက္ ေပးဆပ္မႈ ၾကီးမားေစခဲ့တာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္မွာ ယူႏုိက္တက္ကို ၾကီးမားတဲ့ ဆံုးရံွဴးမႈ ျဖစ္ေစခဲ့တဲ့ ပီအက္ဂ်ီမွာလည္း ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနခဲ့ျပီး ေနမာ၊ ကာဗာနီ၊ မူနီယာတို႔ မကစားႏုိင္ပါဘူး။ ဒါေပမယ့္လို႔ ၾကိဳတင္ စီစဥ္ဖို႔ အခ်ိန္ရခဲ့ျခင္းက ကြင္းအတြင္း ကစားသမား ဒဏ္ရာရမႈေတြ ပိုင္ဆိုင္ခဲ့တဲ့ ယူႏုိက္တက္ထက္ အက်ိဳးျဖစ္မႈ ပိုမ်ားခဲ့တာျဖစ္တယ္။
ယူႏုိက္တက္ဟာ လာမယ့္ပြဲအျဖစ္ ခ်ယ္ဆီးနဲ႔ အက္ဖ္ေအပြဲ ကစားရဖို႔ရွိျပီး အဆိုပါ ပြဲအျပီးမွာေတာ့ ပရီးမီးယားလိဂ္ပြဲအျဖစ္ လီဗာပူးကို အိမ္ကြင္း အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္သြားရဖို႔ ရွိေနပါတယ္။
Sports Home Time

[Zawgyi] ပီအက်ဂျီတိုက်စစ်သမား ဒရိုက်စလာက ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲ ဒုတိယအကျော့အဖြစ် ပဲရစ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပေါ့ဘာ မပါဝင်နိုင်တာက ပြင်သစ်ချန်ပီယံအသင်းအတွက် အားသာချက် ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်တဲ့ ပထမအကျော့မှာ ပွဲပြီးခါနီးမှာမှ ပေါ့ဘာဟာ အနီကဒ် ပြသခံခဲ့ရကာ လာမယ့် အဝေးကွင်းပွဲကို လွဲချော်သွားမှာဖြစ်တယ်။ ပြိုင်ဘက်ကစားသမား ဒန်နီအဲလ်ဗက်စ်ကို ကိုင်တွယ်ပုံ ကြမ်းတမ်းတာကြောင့် ပေါ့ဘာစာ ဒုတိယမြောက် အဝကဒ် ပြသခံခဲ့ရပြီး မတ်လ 6 ရက်နေ့ကို လွဲချော်ဖို့ ဖြစ်လာခဲ့တာဖြစ်တယ်။
ဒရိုက်စလာက ကမ္ဘာဖလား ချန်ပီယံ မပါဝင်နိုင်တာအတွက် ကျေနပ်ကြောင်းကို ” ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားက ကျနော်အတွက်တော့ ပေါ့ဘာပါ။ သူက ယူနိုက်တက်ရဲ့ အရေးပါဆုံး ကစားသမားဖြစ်ပြီး ဘယ်လောက်ထိ ထူးချွန်တယ်ဆိုတာ အားလုံး မြင်ပါတယ်။ ဒုတိယအကျော့မှာ သူလို ကစားသမား မပါဝင်တာကြောင့် ကျနော် အရမ်း ပျော်ရွှင်မိပါတယ်။
ယူနိုက်တက်က ပွဲအစပိုင်းမှာ အရမ်းကောင်းခဲ့တာက ကျနော်တို့အတွက် မလွယ်ကူတဲ့ ဖိအားတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျနေ်ာတို့ ယုံကြည်မှုတွေ ပိုရှိလာပြီး ယူနိုက်တက်ရဲ့ ဖိအားပေးခံရမှု ပိုနည်းလာခဲ့တယ်။ အဲ့တာက ကွင်းထဲမှာ နေရာလွတ်တွေ ရှာဖွေတွေဖို့ ကျနေ်ာတို့ကို အကူအညီဖြစ်စေခဲ့တယ်။ ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး ထိုက်တန်တဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ် ” လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ ဆိုးရှားလက်ထက် 11 ပွဲဆက် အရေးနိမ့်ခဲ့ခြင်း မရှိပါဘူး။ ဒီဇင်ဘာမှာ ဆိုးရှား တာဝန်ယူတဲ့နောက်ပိုင်း ပေါ့ဘာဟာ ဆိုးရှားအတွက် အဓိက ကျသူဖြစ်ပေမယ့် ဒုတိယအကျော့မှာ သူ့ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ပီအက်ဂျီကို အရေးနိမ့်ခဲ့တဲ့ ပထမအကျော့မှာတော့ လင်ဂတ်နဲ့ မာရှယ်တို့ ဒဏ်ရာရခဲ့တာကလည်း ယူနိုက်တက်အတွက် ပေးဆပ်မှု ကြီးမားစေခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ယူနိုက်တက်ကို ကြီးမားတဲ့ ဆုံးရံှူးမှု ဖြစ်စေခဲ့တဲ့ ပီအက်ဂျီမှာလည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေခဲ့ပြီး နေမာ၊ ကာဗာနီ၊ မူနီယာတို့ မကစားနိုင်ပါဘူး။ ဒါပေမယ့်လို့ ကြိုတင် စီစဉ်ဖို့ အချိန်ရခဲ့ခြင်းက ကွင်းအတွင်း ကစားသမား ဒဏ်ရာရမှုတွေ ပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်ထက် အကျိုးဖြစ်မှု ပိုများခဲ့တာဖြစ်တယ်။
ယူနိုက်တက်ဟာ လာမယ့်ပွဲအဖြစ် ချယ်ဆီးနဲ့ အက်ဖ်အေပွဲ ကစားရဖို့ရှိပြီး အဆိုပါ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးကို အိမ်ကွင်း အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။
Sports Home Time
