[Zawgyi] ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ေသာမတ္စ္တူခ်ယ္ရဲ႕ ပီအက္စ္ဂ်ီ အသင္းက မန္ခ်က္စတာယူႏိုက္တက္ ကို 2-0 နဲ႔ အႏိုင္ရခဲ့တယ္။ ဒီပြဲက ပီအက္စ္ဂ်ီရဲ႕ အဖြင့္ဂိုးကို သတိျပဳမိခဲ့တဲ့အေၾကာင္း အဲရစ္ဘိုင္လီက ေျပာျပခဲ့ပါတယ္။
ပထမေလးဆယ့္ငါးမိနစ္အတြင္း မန္ခ်က္စတာယူႏိူက္တက္ဟာ မားကပ္ရက္ရွ္ဖို႔ဒ္ဆီက ဂိုးေပါက္ၿခိမ္းေျခာက္မႈ တစ္ႀကိမ္သာ ရခဲ့တာနဲ႔အတူ ႏွစ္သင္းလုံးဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲကို ေကာင္းေကာင္းစတင္ခဲ့ပါတယ္။ ပထမပိုင္းမွာ ဂိုးမရွိ သေရက်ခဲ့ၿပီးေနာက္ 53 မိနစ္မွာ အိန္ဂ်ယ္ဒီမာရီယာရဲ႕ ေထာင့္ကန္ေဘာကေန ရလာတဲ့ အခြင့္အေရးကို ပီအက္ဂ်ီဘက္က ဂိုးအျဖစ္ ေျပာင္းလဲခဲ့ၿပီး ဧည့္သည္အသင္း ဦးေဆာင္ဂိုး ရရွိသြားပါတယ္။
ေနာက္ထပ္ မိနစ္အၾကာ ဒီမာရီယာကပဲ အမ္ဘတ္ပီကို ဒုတိယဦးေဆာင္ဂိုးအတြက္ ဖန္တီးေပးခဲ့ၿပီး ျပင္သစ္လူငယ္ ၾကယ္ပြင့္ကစားသမားက အဲရစ္ဘိုင္လီ၊ လင္ဒီေအာ့ဖ္တို႔ကို ေက်ာ္ျဖတ္ၿပီးေနာက္ ဂိုးသမား ဒီဂီယာကိုေက်ာ္ကာ ဂိုးေပါက္ထဲ အမွားအယြင္းမရွိ ကန္သြင္းခဲတာျဖစ္ပါတယ္။
အိုလီဂန္နာဆိုးရွားရဲ႕ အသင္းဟာ ေနာက္ရက္သတၱပတ္ ႏွစ္ပတ္အၾကာ ပဲရစ္မွာ ေတြ႕ဆုံတဲ့အခါ ဒီအရႈံးကို ျပန္ေခ်ပႏိုင္ဖို႔ အခက္ႀကဳံေနရတယ္။ မိနစ္ 90 လုံး ကစားခဲ့ရတဲ့ အိုင္ဗရီကို႔စ္ႏိုင္ငံသားက သူတို႔ရဲ႕ ကြာတားဖိုင္နယ္ ေအာင္ျမင္ေရး ေမွ်ာ္လင့္ခ်က္ဟာ ႀကီးမားတဲ့အတိုက္အခိုက္နဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး စိတ္ပ်က္စရာျဖစ္ခဲ့တယ္လို႔ ရလဒ္ပိုင္းနဲ႔ ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။
” ဒါက ခက္ခဲၿပီးေတာ့ ေတာ္ေတာ္စိတ္ပ်က္စရာေကာင္းတဲ့ အရာတစ္ခုပါ။ က်ေနာ္တို႔ ေကာင္းေကာင္း မစတင္ႏိုင္ခဲ့ဘူး။ ပထမပိုင္းမွာေတာ့ က်ေနာ္တို႔ အဆင္ေျပခဲ့တယ္။ ေထာင့္ကန္ေဘာကေန ဂိုးခြင့္ျပဳခဲ့ရၿပီးေတာ့ ဒါက က်ေနာ္တို႔ရဲ႕ စိတ္ဓာတ္ကို ယိုင္သြားေစခဲ့တာပါ။ အဲ့ဒီ့ေနာက္ က်ေနာ္တို႔ ဒုတိယဂိုး ခြင့္ျပဳခဲ့ရတယ္။
အခု က်ေနာ္တို႔က ဒီပြဲအေၾကာင္းကို ေမ့ထားမွာပါ။ ေနာက္ထပ္ ကစားဖို႔ ပြဲေတြအမ်ားႀကီးရွိၿပီး အနာဂတ္အတြက္ က်ေနာ္တို႔ စဥ္းစားဖို႔ လိုပါတယ္” လို႔ ဘိုင္လီက ေျပာပါတယ္။
ယူႏိုက္တက္က သူတို႔ရဲ႕ ယာယီနည္းျပ အိုလီဂန္နာဆိုးရွား တာဝန္ယူၿပီးကတည္းက ရႈံးပြဲမရွိခဲ့ပဲ 10 ပြဲႏိုင္ 1 ပြဲသေရ မွတ္တမ္းေကာင္းနဲ႔အတူ ပြဲကို ကစားခဲ့ၿပီး သူတို႔ဟာ ယုံၾကည္မႈ လြန္ကဲတာမ်ိဳး မျဖစ္ခဲ့ဘူးလို႔ အသက္ 24 ႏွစ္အ႐ြယ္ ကစားသမားက ဆိုပါတယ္။
” ဟင့္အင္း။ အားသန္တာကို ကစားခဲ့တာပါ။ တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့တယ္။ ပထမပိုင္းမွာ က်ေနာ္တို႔ ေကာင္းမြန္ခဲ့တယ္။ ေကာင္းေကာင္း ခုခံႏိုင္ခဲ့တယ္။ အမွားတစ္ခုကေန က်ေနာ္တို႔ ပထမဂိုး ခြင့္ျပဳခဲ့ရတယ္။ အဲ့ဒီ့ေနာက္ အသင္းက အေကာင္းဆုံးေပးဆပ္ကစားဖို႔ ႀကိဳးစားခဲ့ပါတယ္။ ကံမေကာင္းစြာပဲ ေနာက္ထပ္ ဒုတိယဂိုး ခြင့္ျပဳေပးလိုက္ရတယ္။ ဒါေၾကာင့္ အဲ့ဒါက ရွက္စရာပါပဲ ” လို႔ ဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ တနလၤာေန႔ အက္ဖ္ေအဖလား ပၪၥမ အဆင့္ပြဲအျဖစ္ ခ်ယ္ဆီးအသင္းနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေတြ႕ဆုံတဲ့အခါ ျပန္လည္အႏိုင္ရရွိဖို႔ ရည္႐ြယ္ခ်က္ ထားထားပါလိမ့္မယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ သောမတ်စ်တူချယ်ရဲ့ ပီအက်စ်ဂျီ အသင်းက မန်ချက်စတာယူနိုက်တက် ကို 2-0 နဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲက ပီအက်စ်ဂျီရဲ့ အဖွင့်ဂိုးကို သတိပြုမိခဲ့တဲ့အကြောင်း အဲရစ်ဘိုင်လီက ပြောပြခဲ့ပါတယ်။
ပထမလေးဆယ့်ငါးမိနစ်အတွင်း မန်ချက်စတာယူနိူက်တက်ဟာ မားကပ်ရက်ရှ်ဖို့ဒ်ဆီက ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်သာ ရခဲ့တာနဲ့အတူ နှစ်သင်းလုံးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲကို ကောင်းကောင်းစတင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် 53 မိနစ်မှာ အိန်ဂျယ်ဒီမာရီယာရဲ့ ထောင့်ကန်ဘောကနေ ရလာတဲ့ အခွင့်အရေးကို ပီအက်ဂျီဘက်က ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး ဧည့်သည်အသင်း ဦးဆောင်ဂိုး ရရှိသွားပါတယ်။
နောက်ထပ် မိနစ်အကြာ ဒီမာရီယာကပဲ အမ်ဘတ်ပီကို ဒုတိယဦးဆောင်ဂိုးအတွက် ဖန်တီးပေးခဲ့ပြီး ပြင်သစ်လူငယ် ကြယ်ပွင့်ကစားသမားက အဲရစ်ဘိုင်လီ၊ လင်ဒီအော့ဖ်တို့ကို ကျော်ဖြတ်ပြီးနောက် ဂိုးသမား ဒီဂီယာကိုကျော်ကာ ဂိုးပေါက်ထဲ အမှားအယွင်းမရှိ ကန်သွင်းခဲတာဖြစ်ပါတယ်။
အိုလီဂန်နာဆိုးရှားရဲ့ အသင်းဟာ နောက်ရက်သတ္တပတ် နှစ်ပတ်အကြာ ပဲရစ်မှာ တွေ့ဆုံတဲ့အခါ ဒီအရှုံးကို ပြန်ချေပနိုင်ဖို့ အခက်ကြုံနေရတယ်။ မိနစ် 90 လုံး ကစားခဲ့ရတဲ့ အိုင်ဗရီကို့စ်နိုင်ငံသားက သူတို့ရဲ့ ကွာတားဖိုင်နယ် အောင်မြင်ရေး မျှော်လင့်ချက်ဟာ ကြီးမားတဲ့အတိုက်အခိုက်နဲ့ ကြုံတွေ့ခဲ့ရပြီး စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
” ဒါက ခက်ခဲပြီးတော့ တော်တော်စိတ်ပျက်စရာကောင်းတဲ့ အရာတစ်ခုပါ။ ကျနော်တို့ ကောင်းကောင်း မစတင်နိုင်ခဲ့ဘူး။ ပထမပိုင်းမှာတော့ ကျနော်တို့ အဆင်ပြေခဲ့တယ်။ ထောင့်ကန်ဘောကနေ ဂိုးခွင့်ပြုခဲ့ရပြီးတော့ ဒါက ကျနော်တို့ရဲ့ စိတ်ဓာတ်ကို ယိုင်သွားစေခဲ့တာပါ။ အဲ့ဒီ့နောက် ကျနော်တို့ ဒုတိယဂိုး ခွင့်ပြုခဲ့ရတယ်။
အခု ကျနော်တို့က ဒီပွဲအကြောင်းကို မေ့ထားမှာပါ။ နောက်ထပ် ကစားဖို့ ပွဲတွေအများကြီးရှိပြီး အနာဂတ်အတွက် ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်” လို့ ဘိုင်လီက ပြောပါတယ်။
ယူနိုက်တက်က သူတို့ရဲ့ ယာယီနည်းပြ အိုလီဂန်နာဆိုးရှား တာဝန်ယူပြီးကတည်းက ရှုံးပွဲမရှိခဲ့ပဲ 10 ပွဲနိုင် 1 ပွဲသရေ မှတ်တမ်းကောင်းနဲ့အတူ ပွဲကို ကစားခဲ့ပြီး သူတို့ဟာ ယုံကြည်မှု လွန်ကဲတာမျိုး မဖြစ်ခဲ့ဘူးလို့ အသက် 24 နှစ်အရွယ် ကစားသမားက ဆိုပါတယ်။
” ဟင့်အင်း။ အားသန်တာကို ကစားခဲ့တာပါ။ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တယ်။ ပထမပိုင်းမှာ ကျနော်တို့ ကောင်းမွန်ခဲ့တယ်။ ကောင်းကောင်း ခုခံနိုင်ခဲ့တယ်။ အမှားတစ်ခုကနေ ကျနော်တို့ ပထမဂိုး ခွင့်ပြုခဲ့ရတယ်။ အဲ့ဒီ့နောက် အသင်းက အကောင်းဆုံးပေးဆပ်ကစားဖို့ ကြိုးစားခဲ့ပါတယ်။ ကံမကောင်းစွာပဲ နောက်ထပ် ဒုတိယဂိုး ခွင့်ပြုပေးလိုက်ရတယ်။ ဒါကြောင့် အဲ့ဒါက ရှက်စရာပါပဲ ” လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့ အက်ဖ်အေဖလား ပဉ္စမ အဆင့်ပွဲအဖြစ် ချယ်ဆီးအသင်းနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံတဲ့အခါ ပြန်လည်အနိုင်ရရှိဖို့ ရည်ရွယ်ချက် ထားထားပါလိမ့်မယ်။
Sports Home Time
