[Zawgyi] ပီအက္ဂ်ီအသင္း ေတာင္ပံကစားသမား ဒရိုက္စလာက အဂၤါေန႕မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ (၁၆) သင္း ႐ႈံးထြက္ပြဲစဥ္ ပထမအေက်ာ့မွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ရပ္တန္႔ဖို႔ ကြင္းလယ္ကစားသမား ေပါ့ဘာကို တားဆီးႏိုင္ရမယ္လို႔ ယံုၾကည္ေနေၾကာင္း ေျပာၾကားလိုက္ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္ကို ရပ္တန္႔ဖို႔ဆိုရင္ ေပါ့ဘာကို ရပ္တန္႔ဖို႔လိုမယ္လို႔ ဒရိုက္စတာက ယံုၾကည္ထားတာျဖစ္တယ္။ သူအထင္ၾကီးရေအာင္ပဲ ေပါ့ဘာဟာ ယူႏိုက္တက္နည္းျပသစ္ ဆိုး႐ွားလက္ေအာက္မွာ ေျခစြမ္းျပသေနတဲ့ ကစားသမားျဖစ္ၿပီး ဆိုး႐ွားကိုင္တြယ္ခဲ့တဲ့ (၁၀) ပြဲမွာ (၈) ဂိုး သြင္းယူထားၿပီး (၅) ဂိုး ဖန္တီးေပးထားတာပါ။
ဂ်ာမနီလက္ေရြးစင္ကစားသမား တစ္ဦးလည္းျဖစ္တဲ့ ဒရိုက္စလာက ေပါ့ဘာဟာ ဘာမဆိုစြမ္းေဆာင္ႏိုင္တဲ့ ကစားသမား တစ္ဦးျဖစ္ေၾကာင္း ဝန္ခံသြားခဲ့ၿပီး ပီအက္ဂ်ီအသင္းအေနနဲ႔ အိုးထရက္ဖိုဒ့္မွာ ေပါ့ဘာကို တားဆီးႏိုင္စြမ္း႐ွိမယ္လို႔ ယံုၾကည္ေနေၾကာင္း ေျပာၾကားသြားခဲ့တာပါ။
” ကြၽန္ေတာ္ ေပါ့ဘာအေၾကာင္းကို ဟိုးအရင္ကတည္းက သိခဲ့တာပါ။ ဂ်ာမနီအသင္း ျပင္သစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တုန္းကလည္း ကြၽန္ေတာ္ သူနဲ႔ ရင္ဆိုင္ခဲ့ဖူးပါတယ္။ အဲဒီအခ်ိန္တုန္းကလည္း သူဟာ ကြၽန္ေတာ္တို႔အတြက္ တားဆီးထားဖို႔ လိုအပ္တဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ သူဟာ တကယ္ကို ေျခစြမ္းေကာင္းတဲ့ ကစားသမားျဖစ္ၿပီး အေရအေသြးေကာင္းေတြ ပိုင္ဆိုင္ထားတဲ့ ထိပ္တန္းကစားသမား ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ထင္႐ွားတဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အသင္းမွာလည္း ကစားသမားေကာင္းေတြ ႐ွိေနၿပီး သူ႔ကို ဟန္႔တားနိုင္ဖို႔ လံုေလာက္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ” ဒရိုက္စလာက ေျပာၾကားခဲ့ပါတယ္။
လက္႐ွိမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေျခအေနဟာ ပီအက္ဂ်ီအသင္းေလာက္ ေကာင္းမြန္ျခင္း မ႐ွိေပမယ့္ ေနမာ နဲ႔ ကာဗာနီ တို႔ ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ျခင္းမ႐ွိတဲ့အခ်ိန္မွာ ဆိုး႐ွားရဲ႕ ယူႏိုက္တက္ဟာ (၁၁) ေျမာက္ ႐ႈံးပြဲမ႐ွိ စံခ်ိန္ေကာင္းတစ္ခုကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို႔ ေရပန္းစားလာတာပါ။
အဓိက တိုက္စစ္ကစားသမားေတြ ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ျခင္းမ႐ွိတဲ့ အခ်ိန္မွာ PSG အသင္းရဲ႕ တိုက္စစ္ကို ဒီမာရီယာက တာဝန္ယူလာႏိုင္ဖြယ္ ႐ွိေနပါတယ္။ ဒါဟာ သူ႔အတြက္ ယူႏိုက္တက္ကေန ေပါင္ (၄၄) သန္းခန္႔နဲ႔ (၂၀၁၆) ခုႏွစ္က ထြက္ခြာၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္ အိုးထရက္ဖိုဒ့္ကို ျပန္လည္ေျခခ်ျခင္း ျဖစ္ပါတယ္။
ဒရိုက္စလာက ဆက္လက္ၿပီး ” ကြၽန္ေတာ္ ဒီမာရီယာကို မန္ခ်က္စတာယူႏိုက္တက္ရဲ႕အေၾကာင္းေတြ ေမးျမန္းခဲ့ပါေသးတယ္။ သူဘာေတြေျပာျပခဲ့တယ္ဆိုတာ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို ေျပာျပမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူအဲဒီပြဲမွာ အဆင္သင့္ျဖစ္ေနပါၿပီ။ သူဟာလည္း ကစားသမားေကာင္း တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕အသင္းေဟာင္းအေပၚ ေလးစားမႈ႐ွိတဲ့သူပါ။
သူ ကြၽန္ေတာ့္ကို ေျပာျပခဲ့တဲ့ ကိစၥေတြမွာ ဖြင့္ေျပာလို႔မရႏိုင္တဲ့ ကိစၥေတြမပါေပမယ့္ ဒါဟာ သူနဲ႔ ကြၽန္ေတာ့္ၾကားက ကိစၥမလို႔ ခင္ဗ်ားတို႔ကိုေတာ့ ဖြင့္မေျပာႏိုင္ပါဘူး။ သူဟာ လတ္တေလာမွာ အေကာင္းဆံုး ပံုစံတစ္ခုမွာ ႐ွိေနၿပီး ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္ေနပါတယ္။ ကာဗာနီနဲ႔ ေနမာတို႔ မပါဝင္ႏိုင္ေပမယ့္ အဲဒီပြဲစဥ္မွာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း စြမ္းေဆာင္ႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္။ ” လို႔ ေျပာၾကားသြားခဲ့ေသးတာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ပီအက်ဂျီအသင်း တောင်ပံကစားသမား ဒရိုက်စလာက အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရပ်တန့်ဖို့ ကွင်းလယ်ကစားသမား ပေါ့ဘာကို တားဆီးနိုင်ရမယ်လို့ ယုံကြည်နေကြောင်း ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကို ရပ်တန့်ဖို့ဆိုရင် ပေါ့ဘာကို ရပ်တန့်ဖို့လိုမယ်လို့ ဒရိုက်စတာက ယုံကြည်ထားတာဖြစ်တယ်။ သူအထင်ကြီးရအောင်ပဲ ပေါ့ဘာဟာ ယူနိုက်တက်နည်းပြသစ် ဆိုးရှားလက်အောက်မှာ ခြေစွမ်းပြသနေတဲ့ ကစားသမားဖြစ်ပြီး ဆိုးရှားကိုင်တွယ်ခဲ့တဲ့ (၁၀) ပွဲမှာ (၈) ဂိုး သွင်းယူထားပြီး (၅) ဂိုး ဖန်တီးပေးထားတာပါ။
ဂျာမနီလက်ရွေးစင်ကစားသမား တစ်ဦးလည်းဖြစ်တဲ့ ဒရိုက်စလာက ပေါ့ဘာဟာ ဘာမဆိုစွမ်းဆောင်နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ဝန်ခံသွားခဲ့ပြီး ပီအက်ဂျီအသင်းအနေနဲ့ အိုးထရက်ဖိုဒ့်မှာ ပေါ့ဘာကို တားဆီးနိုင်စွမ်းရှိမယ်လို့ ယုံကြည်နေကြောင်း ပြောကြားသွားခဲ့တာပါ။
” ကျွန်တော် ပေါ့ဘာအကြောင်းကို ဟိုးအရင်ကတည်းက သိခဲ့တာပါ။ ဂျာမနီအသင်း ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တုန်းကလည်း ကျွန်တော် သူနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း သူဟာ ကျွန်တော်တို့အတွက် တားဆီးထားဖို့ လိုအပ်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ တကယ်ကို ခြေစွမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး အရေအသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းကစားသမား ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ထင်ရှားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းမှာလည်း ကစားသမားကောင်းတွေ ရှိနေပြီး သူ့ကို ဟန့်တားနိုင်ဖို့ လုံလောက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ” ဒရိုက်စလာက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအနေဟာ ပီအက်ဂျီအသင်းလောက် ကောင်းမွန်ခြင်း မရှိပေမယ့် နေမာ နဲ့ ကာဗာနီ တို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့အချိန်မှာ ဆိုးရှားရဲ့ ယူနိုက်တက်ဟာ (၁၁) မြောက် ရှုံးပွဲမရှိ စံချိန်ကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ ရေပန်းစားလာတာပါ။
အဓိက တိုက်စစ်ကစားသမားတွေ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့ အချိန်မှာ PSG အသင်းရဲ့ တိုက်စစ်ကို ဒီမာရီယာက တာဝန်ယူလာနိုင်ဖွယ် ရှိနေပါတယ်။ ဒါဟာ သူ့အတွက် ယူနိုက်တက်ကနေ ပေါင် (၄၄) သန်းခန့်နဲ့ (၂၀၁၆) ခုနှစ်က ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖိုဒ့်ကို ပြန်လည်ခြေချခြင်း ဖြစ်ပါတယ်။
ဒရိုက်စလာက ဆက်လက်ပြီး ” ကျွန်တော် ဒီမာရီယာကို မန်ချက်စတာယူနိုက်တက်ရဲ့အကြောင်းတွေ မေးမြန်းခဲ့ပါသေးတယ်။ သူဘာတွေပြောပြခဲ့တယ်ဆိုတာ ကျွန်တော် ခင်ဗျားတို့ကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူအဲဒီပွဲမှာ အဆင်သင့်ဖြစ်နေပါပြီ။ သူဟာလည်း ကစားသမားကောင်း တစ်ဦးဖြစ်ပြီး သူ့ရဲ့အသင်းဟောင်းအပေါ် လေးစားမှုရှိတဲ့သူပါ။
သူ ကျွန်တော့်ကို ပြောပြခဲ့တဲ့ ကိစ္စတွေမှာ ဖွင့်ပြောလို့မရနိုင်တဲ့ ကိစ္စတွေမပါပေမယ့် ဒါဟာ သူနဲ့ ကျွန်တော့်ကြားက ကိစ္စမလို့ ခင်ဗျားတို့ကိုတော့ ဖွင့်မပြောနိုင်ပါဘူး။ သူဟာ လတ်တလောမှာ အကောင်းဆုံး ပုံစံတစ်ခုမှာ ရှိနေပြီး ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ သူ့ကို လိုအပ်နေပါတယ်။ ကာဗာနီနဲ့ နေမာတို့ မပါဝင်နိုင်ပေမယ့် အဲဒီပွဲစဉ်မှာ ကျွန်တော်တို့ ကောင်းကောင်း စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ ပြောကြားသွားခဲ့သေးတာ ဖြစ်ပါတယ်။
Sports Home Time
