ခ်န္ပီယံလိဂ္ ရွံဳးထြက္ ပထမအေက်ာ့ ပြဲစဥ္မ်ားအတြက္ စကိုင္းစေပါ့ ခန္႔မွန္းသံုးသပ္ခ်က္

[Zawgyi] ဒီတပတ္ ခ်န္ပီယံလိဂ္ ၁၆သင္း အဆင့္ ရွံဳးထြက္ ပထမအေက်ာ့ ပြဲစဥ္မ်ားအတြက္ စကိုင္းစေပါ့မွ ကၽြမ္းက်င္သူ ခ်ာလီ နစ္ကိုလပ္စ္ရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္မ်ား စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ Vs ပီအက္စ္ဂ်ီ

ေဖေဖာ္၀ါရီ ၁၃၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ဒီမဲခြဲရလဒ္ထြက္လာတုန္းက မန္ခ်က္စတာယူနိုက္တက္မွာ ေမွ်ာ္လင့္ခ်က္ မရွိဘူး ထင္ခဲ့မိတယ္.. ဒါေပမယ့္ ဆိုးရွားေရာက္လာျပီးေနာက္ ဒီအေနအထားက ေျပာင္းျပန္ ျဖစ္သြားနိုင္ခဲ့ပါျပီ။ ေနမာနဲ႕ ကာဗာနီ မပါ၀င္နုိင္တာက ပီအက္စ္ဂ်ီအတြက္ ၾကီးမားတဲ့ ထုိးနွက္ခ်က္ျဖစ္ျပီး ယူနိုက္တက္အတြက္ အားသာခ်က္ရလိုက္တာပါ။ ကာဗာနီသာ ပါရင္ ယူနိုက္တက္ ခံစစ္ကို ဗ်ာမ်ားသြားေအာင္ လုပ္ပါလိမ့္မယ္။ ယူနိုက္တက္က ပဲရစ္ကို မသြားခင္ ရလဒ္ကို ဦးေဆာင္ထားဖို႔ လိုပါတယ္။ ေပါ့ဘာက ပံုစံေကာင္းရေနတာ ျဖစ္လို႔ ဒီလိုညေတြမွာ သူ႕ ထူးခၽြန္မႈကို ျပသရမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ မန္ခ်က္စတာယူနိုက္တက္ 2-2 ပီအက္စ္ဂ်ီ

ရိုးမား Vs ေပၚတို

ေဖေဖာ္၀ါရီ ၁၃၊ ဗုဒၶဟူးေန႔ မနက္ ၂း၃၀ နာရီ

ရိုးမားက မွ်တတဲ့ ျပိဳင္ဘက္ပဲ ရဖို႔ လိုအပ္တာပါ.. အခု သူတို႔ လိုတာ ရသြားပါျပီ။ ေပၚတိုက အေ၀းကြင္းေတြ သိပ္အေကာင္းၾကီး မဟုတ္ပါဘူး။ ရိုးမား တိုက္စစ္မွဴး ဂ်က္ကိုက ဒီရာသီ ခ်န္ပီယံိလိဂ္မွာ ၄ပြဲ ကစား ၅ ဂိုးသြင္းထားသူပါ။ အယ္ရွာ၀ါရီကလည္း ဂိုးေတြ ဆက္သြင္းေပးေနတာ ရွိပါေသးတယ္။ သူက ဂ်က္ကိုအတြက္ အျမဲဖန္တီးေပးေနသူလည္း ျဖစ္တယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ ရိုးမား 3-0 ေပၚတို

စပါး Vs ေဒါ့မြန္

ေဖေဖာ္၀ါရီ ၁၄၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

စပါးက ဒီတေလာ ရလဒ္ေတြေကာင္းေနပါတယ္ ဒါေပမယ့္ သူတို႔မွာ ကိန္းနဲ႕ အလီေတာ့ မပါ၀င္နုိင္ပါဘူး။ ဒါေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား ဆုရဖို႔ေတာင္ အလားအလာေကာင္းေနတဲ့ တိုက္စစ္မွဴး ဆြန္ေယာင္မင္ ပါ၀င္နုိင္ပါတယ္။ ဆြန္ရဲ႕ ထူးခၽြန္မႈေတြနဲ႕ စပါးကို သယ္ေဆာင္လာတဲ့ ပြဲေတြ ဒီရာသီ မနည္းပါဘူး။ စပါးရဲ႕ ေနာက္တန္းမွာ အားနည္းခ်က္ ရွိေနဆဲလို႔ ယူဆမိတယ္။ ပိုခ်က္တီနိုက ခံစစ္ကို အေျပာင္းအလဲ ေတာ္ေတာ္ လုပ္ထားတာပါ။ ဒုတိယအေက်ာ့မွာေတာ့ ကိန္း ျပန္ပါနိုင္ဖြယ္ ရွိပါတယ္။

နွစ္သင္းလံုးကေတာ့ ဖြင့္ျပီး တိုက္စစ္ ေကာင္းစြာ ကစားနိဳင္ၾကတဲ့သူေတြပါ။ ေဒါ့မြန္ကေတာ့ သိပ္ၾကီး စြန္႔စားမွာ မဟုတ္ပါဘူး။ ခံစစ္အထိုင္ထားျပီး စပါးကို ျခိမ္းေျခာက္နုိင္တဲ့ တန္ျပန္တိုက္စစ္ ကစားသြားမယ္ ယူဆရပါတယ္။ သူတို႔က ကြင္းလယ္ကေန ထိန္းခ်ဳပ္ဖို႕ ၾကိဳးစားပါလိမ့္မယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ စပါး 1-1 ေဒါ့မြန္

ေအဂ်က္ Vs ရီးရဲလ္မက္ဒရစ္

ေဖေဖာ္၀ါရီ ၁၄၊ ၾကာသပေတးေန႔ မနက္ ၂း၃၀ နာရီ

ေအဂ်က္က သူတို႔ ပံုစံေကာင္း ျပန္ရေနျပီး ဟန္ခ်က္ညီေနပါတယ္။ အသင္းမွာ လူၾကီးနဲ႕ လူငယ္ ေပါင္းစပ္ထားျပီး တာဒစ္ကေတာ့ ဖန္တီးမႈအလန္းေတြ လုပ္ေဆာင္ေပးေနတယ္။ ဇီယက္နဲ႕ ဟန္တယ္လာက ဂိုးေတြ သြင္းေနတယ္။ သူတို႔ကေတာ့ ေဖ်ာ္ေျဖမႈရသေပးမယ္ ဆိုတဲ့ သူတို႔ အသင္းပံုစံကို ဘယ္ေတာ့မွ မေျပာင္းထားပါဘူး။ လူငယ္ကစားသမားေတြက ေကာင္းသင့္သေလာက္ မေကာင္းနုိင္ေသးဘူး ဆိုရင္ေတာ့ ခံစစ္မွာ ဘလိုင္း ျပန္ပါ၀င္နိုင္ပါျပီ။ ေအဂ်က္မွာ ခ်စ္စရာေကာင္းတဲ့ ေဘာလံုးကြင္း ျမိဳ႕လယ္မွာ ရွိေနျပီး ေလးစားစရာ ေကာင္းတဲ့ အသင္းပါ။

သူတို႔က ရီးရဲလ္မက္ဒရစ္ကို စိတ္ပ်က္လက္ပ်က္ အိမ္ျပန္သြားေအာင္ လုပ္နုိင္စြမ္း ရွိျပီး က်ေနာ္လည္း ျမင္္ခ်င္မိပါတယ္။ ရီးရဲလ္က စကိုလာရီလက္ထက္ ေနာက္ဆံုး ၇ပြဲမွာ ၆ ပြဲ အနုိင္ရထားပါျပီ။ ဒီပြဲက သိပ္ၾကည့္လို႔ ေကာင္းတဲ့ ပြဲ ျဖစ္ဦးမွာပါ။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။  ေအဂ်က္ 2-3 ရီးရဲလ္မက္ဒရစ္

Sports Home Time

[Unicode] ဒီတပတ် ချန်ပီယံလိဂ် ၁၆သင်း အဆင့် ရှုံးထွက် ပထမအကျော့ ပွဲစဉ်များအတွက် စကိုင်းစပေါ့မှ ကျွမ်းကျင်သူ ချာလီ နစ်ကိုလပ်စ်ရဲ့ ခန့်မှန်းသုံးသပ်ချက်များ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် Vs ပီအက်စ်ဂျီ

ဖေဖော်ဝါရီ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ဒီမဲခွဲရလဒ်ထွက်လာတုန်းက မန်ချက်စတာယူနိုက်တက်မှာ မျှော်လင့်ချက် မရှိဘူး ထင်ခဲ့မိတယ်.. ဒါပေမယ့် ဆိုးရှားရောက်လာပြီးနောက် ဒီအနေအထားက ပြောင်းပြန် ဖြစ်သွားနိုင်ခဲ့ပါပြီ။ နေမာနဲ့ ကာဗာနီ မပါဝင်နိုင်တာက ပီအက်စ်ဂျီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပြီး ယူနိုက်တက်အတွက် အားသာချက်ရလိုက်တာပါ။ ကာဗာနီသာ ပါရင် ယူနိုက်တက် ခံစစ်ကို ဗျာများသွားအောင် လုပ်ပါလိမ့်မယ်။ ယူနိုက်တက်က ပဲရစ်ကို မသွားခင် ရလဒ်ကို ဦးဆောင်ထားဖို့ လိုပါတယ်။ ပေါ့ဘာက ပုံစံကောင်းရနေတာ ဖြစ်လို့ ဒီလိုညတွေမှာ သူ့ ထူးချွန်မှုကို ပြသရမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ မန်ချက်စတာယူနိုက်တက် 2-2 ပီအက်စ်ဂျီ

ရိုးမား Vs ပေါ်တို

ဖေဖော်ဝါရီ ၁၃၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ

ရိုးမားက မျှတတဲ့ ပြိုင်ဘက်ပဲ ရဖို့ လိုအပ်တာပါ.. အခု သူတို့ လိုတာ ရသွားပါပြီ။ ပေါ်တိုက အဝေးကွင်းတွေ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ရိုးမား တိုက်စစ်မှူး ဂျက်ကိုက ဒီရာသီ ချန်ပီယံိလိဂ်မှာ ၄ပွဲ ကစား ၅ ဂိုးသွင်းထားသူပါ။ အယ်ရှာဝါရီကလည်း ဂိုးတွေ ဆက်သွင်းပေးနေတာ ရှိပါသေးတယ်။ သူက ဂျက်ကိုအတွက် အမြဲဖန်တီးပေးနေသူလည်း ဖြစ်တယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ ရိုးမား 3-0 ပေါ်တို

စပါး Vs ဒေါ့မွန်

ဖေဖော်ဝါရီ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

စပါးက ဒီတလော ရလဒ်တွေကောင်းနေပါတယ် ဒါပေမယ့် သူတို့မှာ ကိန်းနဲ့ အလီတော့ မပါဝင်နိုင်ပါဘူး။ ဒါပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆုရဖို့တောင် အလားအလာကောင်းနေတဲ့ တိုက်စစ်မှူး ဆွန်ယောင်မင် ပါဝင်နိုင်ပါတယ်။ ဆွန်ရဲ့ ထူးချွန်မှုတွေနဲ့ စပါးကို သယ်ဆောင်လာတဲ့ ပွဲတွေ ဒီရာသီ မနည်းပါဘူး။ စပါးရဲ့ နောက်တန်းမှာ အားနည်းချက် ရှိနေဆဲလို့ ယူဆမိတယ်။ ပိုချက်တီနိုက ခံစစ်ကို အပြောင်းအလဲ တော်တော် လုပ်ထားတာပါ။ ဒုတိယအကျော့မှာတော့ ကိန်း ပြန်ပါနိုင်ဖွယ် ရှိပါတယ်။

နှစ်သင်းလုံးကတော့ ဖွင့်ပြီး တိုက်စစ် ကောင်းစွာ ကစားနိုင်ကြတဲ့သူတွေပါ။ ဒေါ့မွန်ကတော့ သိပ်ကြီး စွန့်စားမှာ မဟုတ်ပါဘူး။ ခံစစ်အထိုင်ထားပြီး စပါးကို ခြိမ်းခြောက်နိုင်တဲ့ တန်ပြန်တိုက်စစ် ကစားသွားမယ် ယူဆရပါတယ်။ သူတို့က ကွင်းလယ်ကနေ ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ စပါး 1-1 ဒေါ့မွန်

အေဂျက် Vs ရီးရဲလ်မက်ဒရစ်

ဖေဖော်ဝါရီ ၁၄၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ

အေဂျက်က သူတို့ ပုံစံကောင်း ပြန်ရနေပြီး ဟန်ချက်ညီနေပါတယ်။ အသင်းမှာ လူကြီးနဲ့ လူငယ် ပေါင်းစပ်ထားပြီး တာဒစ်ကတော့ ဖန်တီးမှုအလန်းတွေ လုပ်ဆောင်ပေးနေတယ်။ ဇီယက်နဲ့ ဟန်တယ်လာက ဂိုးတွေ သွင်းနေတယ်။ သူတို့ကတော့ ဖျော်ဖြေမှုရသပေးမယ် ဆိုတဲ့ သူတို့ အသင်းပုံစံကို ဘယ်တော့မှ မပြောင်းထားပါဘူး။ လူငယ်ကစားသမားတွေက ကောင်းသင့်သလောက် မကောင်းနိုင်သေးဘူး ဆိုရင်တော့ ခံစစ်မှာ ဘလိုင်း ပြန်ပါဝင်နိုင်ပါပြီ။ အေဂျက်မှာ ချစ်စရာကောင်းတဲ့ ဘောလုံးကွင်း မြို့လယ်မှာ ရှိနေပြီး လေးစားစရာ ကောင်းတဲ့ အသင်းပါ။

သူတို့က ရီးရဲလ်မက်ဒရစ်ကို စိတ်ပျက်လက်ပျက် အိမ်ပြန်သွားအောင် လုပ်နိုင်စွမ်း ရှိပြီး ကျနော်လည်း မြင်ချင်မိပါတယ်။ ရီးရဲလ်က စကိုလာရီလက်ထက် နောက်ဆုံး ၇ပွဲမှာ ၆ ပွဲ အနိုင်ရထားပါပြီ။ ဒီပွဲက သိပ်ကြည့်လို့ ကောင်းတဲ့ ပွဲ ဖြစ်ဦးမှာပါ။

ချာလီ ခန့်မှန်းရလဒ်။ ။ အေဂျက် 2-3 ရီးရဲလ်မက်ဒရစ်

Sports Home Time