[Zawgyi] ပီအက္ဂ်ီနဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲအတြက္ ယူႏုိက္တက္ရဲ႕ လူစာရင္းစုေဝးမႈမွာေတာ့ အဓိက ကစားသမားေတြျဖစ္တဲ့ လင္ဒီေအာ့နဲ႔ ရပ္ဖိုဒ့္တို႔ ျပန္လည္ပါဝင္လာပါတယ္။
ပရီးမီးယားလိဂ္ပြဲအျဖစ္ ဖူလ္ဟမ္အသင္းကို 3-0 နဲ႔ အႏုိင္ရတဲ့ပြဲမွာ လင္ဒီေအာ့ဟာ ဒဏ္ရာေၾကာင့္ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ အနားေပးခံထားရတာလို႔ ယူဆခဲ့ရျပီး တနလၤာေန႔က အသင္းရဲ႕ ဟိုတယ္ထံ စုရံုးမႈမွာ ဆီြဒင္ခံစစ္သမား ျပန္လည္ပါဝင္လာတာ ျဖစ္ပါတယ္။ အသက္ 24 ႏွစ္အရြယ္ ခံစစ္သမားဟာ ဒီရာသီမွာေတာ့ အေရးပါတဲ့ ကစားသမားအျဖစ္ ေျခစြမ္းျပေနသူ တစ္ဦးျဖစ္တယ္။
ဂ်ဴဗင္တပ္နဲ႔ အုပ္စုတြင္း ရင္ဆိုင္ရတဲ့ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ လင္ဒီေအာ့နည္းတူ အဂၤလန္လက္ေရြးစင္ ရပ္ဖိုဒ့္ကလည္း ျပန္လည္ပါဝင္ခဲ့တယ္။ သူကလည္း ပရီးမီးယားလိဂ္ပြဲမွာ အရန္လူစာရင္းအတြင္း နာမည္တြင္းျခင္း ခံခဲ့ရေပမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ အနားေပးျပီး ပြဲထြက္ကစားသမားအျဖစ္ အသံုးျပဳျခင္း မခံခဲ့ရပါဘူး။
ပီအက္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲၾကိဳ ဟိုတယ္တြင္း စုေဝးမႈမွာ ေပါ့ဘာနဲ႔ မာရွယ္တို႔လည္း ပါဝင္ေပမယ့္ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ရိုဂ်ိဳ၊ ဗလန္စီယာနဲ႔ ဒါမီးယန္းတို႔ကိုေတာ့ ျမင္ေတြ႔့ရျခင္း မရွိပါဘူး။
ဆိုးရွားကေတာ့ “ ဗလန္စီယာနဲ႔ ဒါမီးယန္းတို႔ကို ေရြးခ်ယ္ႏိုင္ျခင္း မရွိပဲ လြဲေခ်ာ္ပါမယ္။ က်ေနာ္တုိ႔မွာ ေတာင့္တင္းျပီး ၾကံ႕ခိုင္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားတယ္။ ပြဲၾကီးတစ္ပြဲ ေရာက္လာမႈမွာ က်ေန္ာက လူစာရင္းကို ေရြးခ်ယ္မွာပါ။ ကလပ္အသင္းက ဘယ္လိုျပိဳင္ဘက္ကိုမဆို ရင္ဆိုင္ အႏုိင္ယူႏုိင္စြမ္းရွိပါတယ္ ” လို႔ ေျပာပါတယ္။
ဆက္ျပီးလည္း “ က်ေန္ာတုိ႔က ယူႏုိက္တက္အေနနဲ႔ ပြဲထဲကို ယံုၾကည္မႈရွိစြာနဲ႔ ယွဥ္ျပိဳင္သြားဖို႔ အာရံုစိုက္မွာပါ။ အေဝးၾကီးကို ေက်ာ္ၾကည့္ခြင့္ေတာ့ မရွိဘူး။ ပီအက္ဂ်ီနဲ႔ပြဲကို အႏုိင္ရေအာင္လုပ္ျပီး ေနာက္ထပ္ စိန္ေခၚမႈေတြကို ရင္ဆိုင္ရမွာပါ။ က်ေန္ာ ေကာင္းေလးေတြကို မွာထားပါတယ္။ ေလ့က်င့္ေရးမွာ ေန႔တိုင္းၾကိဳးစားမယ္ဆိုရင္ တိုးတက္လာမွာျဖစ္ျပီး အံ့ၾသသင့္ရမႈ အနည္းငယ္ ျဖစ္လာႏုိင္တယ္ ” ဆိုတာပါပဲ။
ပီအက္ဂ်ီပြဲအတြက္ ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္း
Goalkeepers: De Gea, Romero, Grant.
Defenders: Bailly, Shaw, Smalling, Jones, Young, Dalot, Lindelof.
Midfielders: Pogba, Fred, Pereira, Matic, McTominay, Mata, Herrera.
Forwards: Lukaku, Sanchez, Martial, Lingard, Rashford.
Sports Home Time

[Unicode] ပီအက်ဂျီနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲအတွက် ယူနိုက်တက်ရဲ့ လူစာရင်းစုဝေးမှုမှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ လင်ဒီအော့နဲ့ ရပ်ဖိုဒ့်တို့ ပြန်လည်ပါဝင်လာပါတယ်။
ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းကို 3-0 နဲ့ အနိုင်ရတဲ့ပွဲမှာ လင်ဒီအော့ဟာ ဒဏ်ရာကြောင့် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲအတွက် အနားပေးခံထားရတာလို့ ယူဆခဲ့ရပြီး တနင်္လာနေ့က အသင်းရဲ့ ဟိုတယ်ထံ စုရုံးမှုမှာ ဆွီဒင်ခံစစ်သမား ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ်။ အသက် 24 နှစ်အရွယ် ခံစစ်သမားဟာ ဒီရာသီမှာတော့ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြနေသူ တစ်ဦးဖြစ်တယ်။
ဂျူဗင်တပ်နဲ့ အုပ်စုတွင်း ရင်ဆိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လင်ဒီအော့နည်းတူ အင်္ဂလန်လက်ရွေးစင် ရပ်ဖိုဒ့်ကလည်း ပြန်လည်ပါဝင်ခဲ့တယ်။ သူကလည်း ပရီးမီးယားလိဂ်ပွဲမှာ အရန်လူစာရင်းအတွင်း နာမည်တွင်းခြင်း ခံခဲ့ရပေမယ့် ချန်ပီယံလိဂ်ပွဲအတွက် အနားပေးပြီး ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခြင်း မခံခဲ့ရပါဘူး။
ပီအက်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲကြို ဟိုတယ်တွင်း စုဝေးမှုမှာ ပေါ့ဘာနဲ့ မာရှယ်တို့လည်း ပါဝင်ပေမယ့် ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ရိုဂျို၊ ဗလန်စီယာနဲ့ ဒါမီးယန်းတို့ကိုတော့ မြင်တွေ့ရခြင်း မရှိပါဘူး။
ဆိုးရှားကတော့ “ ဗလန်စီယာနဲ့ ဒါမီးယန်းတို့ကို ရွေးချယ်နိုင်ခြင်း မရှိပဲ လွဲချော်ပါမယ်။ ကျနော်တို့မှာ တောင့်တင်းပြီး ကြံ့ခိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ ပွဲကြီးတစ်ပွဲ ရောက်လာမှုမှာ ကျနေ်ာက လူစာရင်းကို ရွေးချယ်မှာပါ။ ကလပ်အသင်းက ဘယ်လိုပြိုင်ဘက်ကိုမဆို ရင်ဆိုင် အနိုင်ယူနိုင်စွမ်းရှိပါတယ် ” လို့ ပြောပါတယ်။
ဆက်ပြီးလည်း “ ကျနေ်ာတို့က ယူနိုက်တက်အနေနဲ့ ပွဲထဲကို ယုံကြည်မှုရှိစွာနဲ့ ယှဉ်ပြိုင်သွားဖို့ အာရုံစိုက်မှာပါ။ အဝေးကြီးကို ကျော်ကြည့်ခွင့်တော့ မရှိဘူး။ ပီအက်ဂျီနဲ့ပွဲကို အနိုင်ရအောင်လုပ်ပြီး နောက်ထပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။ ကျနေ်ာ ကောင်းလေးတွေကို မှာထားပါတယ်။ လေ့ကျင့်ရေးမှာ နေ့တိုင်းကြိုးစားမယ်ဆိုရင် တိုးတက်လာမှာဖြစ်ပြီး အံ့သြသင့်ရမှု အနည်းငယ် ဖြစ်လာနိုင်တယ် ” ဆိုတာပါပဲ။
ပီအက်ဂျီပွဲအတွက် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် လူစာရင်း
Goalkeepers: De Gea, Romero, Grant.
Defenders: Bailly, Shaw, Smalling, Jones, Young, Dalot, Lindelof.
Midfielders: Pogba, Fred, Pereira, Matic, McTominay, Mata, Herrera.
Forwards: Lukaku, Sanchez, Martial, Lingard, Rashford.
Sports Home Time
