[Zawgyi] ျပင္သစ္ခ်န္ပီယံအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ 16 သင္းအဆင့္ ရံွဴးထြက္ပြဲကို ယွဥ္ျပိဳင္ဖုိ႔ မန္ခ်က္စတာကို ေရာက္ရွိလာခဲ့ျပီျဖစ္ပါတယ္။ သူတို႔ လူစာရင္းမွာေတာ့ တုိက္စစ္မွဴး ကာဗာနီ မပါလာခဲ့ပါဘူး။
ပီအက္ဂ်ီက ေဘာ္ဒိုးအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူျပီး မၾကာခင္မွာပဲ ကြင္းထဲက ထြက္ခြာသြားရတဲ့ ကာဗာနီ မပါဝင္ခဲ့တာကိုေတာ့ မန္ခ်က္စတာအေျခစိုက္ သတင္းေထာက္ေတြက မန္ခ်က္စတာေလဆိပ္ကို တနလၤာေန႔ မြန္းလြဲပိုင္းေရာက္လာတဲ့ ပီအက္ဂ်ီလူစာရင္းကို သတင္းယူရာမွာ ေဖာ္ထုတ္ခဲ့တာပါ။
ညာအစြန္လူ မူနီယာလည္း လူစာရင္းထဲမွာ မပါဝင္လာခဲ့ပါဘူး။ ဒါ့အျပင္ အဓိက တိုက္စစ္သမား ေနမာကေတာ့ ေျခေထာက္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မယ္ဆိုတာကို သိထားရျပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာက္ရွိလာတဲ့ လူစာရင္းထဲမွာ နာမည္ေက်ာ္ ကစားသမားေတြ ပါဝင္ဆဲျဖစ္ျပီး ဒီမာရီယာ၊ အမ္ဘတ္ပီ၊ ဒရိုက္စတာနဲ႔ ကစားသမားသစ္ ပါရီဒက္စ္တို႔ ပါဝင္လာပါတယ္။
ယူႏုိက္တက္ ကစားသမား မာတာကေတာ့ သူ႔ရဲ႕ ဘေလာ့ကေန အသိေပးလိုက္တာက ” ပီအက္ဂ်ီက သူတို႔ရဲ႕အေရးပါတဲ့ ကစားသမားေတြကို ထည့္သြင္းလာႏုိင္ျခင္း မရွိေပမယ့္ ေတာင့္တင္းတဲ့ လူစာရင္းကို ပိုင္ဆိုင္ထားဆဲျဖစ္ျပီး က်ေန္ာတို႔ကို ျပႆနာ ေပးႏိုင္ဆဲဆိုတာ သံသယ မရွိပါနဲ႔။ သူတို႔က အရည္အခ်င္းေတြ အမ်ားၾကီးနဲ႔ ထိပ္ဆံုးအဆင့္မွာ ရွိတဲ့ ကလပ္ျဖစ္ပါတယ္ ” လို႔ ေဖာ္ျပခဲ့ပါတယ္။
ယူႏုိက္တက္ မန္ေနဂ်ာဆိုးရွားကေတာ့ ေနမာ မပါဝင္ႏိုင္တာနဲ႔ ပက္သက္ျပီး ” ကံမေကာင္းစြာပဲ၊ သူမကစားႏုိင္ဘူး။ အေကာင္းဆံုးအသင္းေတြနဲ႔ ယွဥ္ျပိဳင္ကစားတဲ့အခါ မင္းက အေကာင္းဆံုး ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္လိုမွာပဲေလ။ ပရိသတ္ေတြက အေကာင္းဆံုး ကစားသမားေတြကို ျမင္လိုသလို အိုထရတ္ဖိုဒ့္အတြက္လည္း သူမပါႏိုင္တာ သိပ္ဆိုးပါတယ္။
ရီးရဲလ္မက္ဒရစ္နဲ႔ က်ေန္ာ ယွဥ္ျပိဳင္ခဲ့တုန္းက သူတို႔အသင္းက ေရာ္နယ္ဒို၊ ဖီဂိုတို႔နဲ႔ အိုထရတ္ဖိုဒ့္ကို လာေရာက္ခဲ့ျပီး ပြဲအနည္းငယ္ ကစားခဲ့ဖူးတယ္။ ေနမာ မပါတာက ကံဆိုးတာပါပဲ။ သူက ဒဏ္ရာရေနေပမယ့္ ထိပ္တန္းကစားသမားပဲေလ။ သူမပါႏုိင္တာကို က်ေန္ာတုိ႔ရဲ႕ ညာအစြန္လူက မဆိုးဘူးလို႔ ထင္ေနမွာပါ ” ဆိုျပီး ေျပာခဲ့ပါတယ္။
မန္ခ်က္စတာ သတင္းေထာက္ေတြက ေဖာ္ျပတဲ့ ပီအက္ဂ်ီ လူစာရင္း
Goalkeepers: Buffon, Areola, Cibois
Defenders: Alves, Silva, Bernat, Kurzawa, Kehrer, Kimpembe, Marquinhos
Midfielders: Verratti, Paredes, Di Maria, Draxler, Nkunku
Forwards: Mbappe, Choupo-Moting, Diaby.
Sports Home Time

[Unicode] ပြင်သစ်ချန်ပီယံအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ 16 သင်းအဆင့် ရံှူးထွက်ပွဲကို ယှဉ်ပြိုင်ဖို့ မန်ချက်စတာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူတို့ လူစာရင်းမှာတော့ တိုက်စစ်မှူး ကာဗာနီ မပါလာခဲ့ပါဘူး။
ပီအက်ဂျီက ဘော်ဒိုးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပြီး မကြာခင်မှာပဲ ကွင်းထဲက ထွက်ခွာသွားရတဲ့ ကာဗာနီ မပါဝင်ခဲ့တာကိုတော့ မန်ချက်စတာအခြေစိုက် သတင်းထောက်တွေက မန်ချက်စတာလေဆိပ်ကို တနင်္လာနေ့ မွန်းလွဲပိုင်းရောက်လာတဲ့ ပီအက်ဂျီလူစာရင်းကို သတင်းယူရာမှာ ဖော်ထုတ်ခဲ့တာပါ။
ညာအစွန်လူ မူနီယာလည်း လူစာရင်းထဲမှာ မပါဝင်လာခဲ့ပါဘူး။ ဒါ့အပြင် အဓိက တိုက်စစ်သမား နေမာကတော့ ခြေထောက်ဒဏ်ရာကြောင့် လွဲချော်မယ်ဆိုတာကို သိထားရပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရောက်ရှိလာတဲ့ လူစာရင်းထဲမှာ နာမည်ကျော် ကစားသမားတွေ ပါဝင်ဆဲဖြစ်ပြီး ဒီမာရီယာ၊ အမ်ဘတ်ပီ၊ ဒရိုက်စတာနဲ့ ကစားသမားသစ် ပါရီဒက်စ်တို့ ပါဝင်လာပါတယ်။
ယူနိုက်တက် ကစားသမား မာတာကတော့ သူ့ရဲ့ ဘလော့ကနေ အသိပေးလိုက်တာက ” ပီအက်ဂျီက သူတို့ရဲ့အရေးပါတဲ့ ကစားသမားတွေကို ထည့်သွင်းလာနိုင်ခြင်း မရှိပေမယ့် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ကျနေ်ာတို့ကို ပြဿနာ ပေးနိုင်ဆဲဆိုတာ သံသယ မရှိပါနဲ့။ သူတို့က အရည်အချင်းတွေ အများကြီးနဲ့ ထိပ်ဆုံးအဆင့်မှာ ရှိတဲ့ ကလပ်ဖြစ်ပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက် မန်နေဂျာဆိုးရှားကတော့ နေမာ မပါဝင်နိုင်တာနဲ့ ပက်သက်ပြီး ” ကံမကောင်းစွာပဲ၊ သူမကစားနိုင်ဘူး။ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါ မင်းက အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်လိုမှာပဲလေ။ ပရိသတ်တွေက အကောင်းဆုံး ကစားသမားတွေကို မြင်လိုသလို အိုထရတ်ဖိုဒ့်အတွက်လည်း သူမပါနိုင်တာ သိပ်ဆိုးပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ကျနေ်ာ ယှဉ်ပြိုင်ခဲ့တုန်းက သူတို့အသင်းက ရော်နယ်ဒို၊ ဖီဂိုတို့နဲ့ အိုထရတ်ဖိုဒ့်ကို လာရောက်ခဲ့ပြီး ပွဲအနည်းငယ် ကစားခဲ့ဖူးတယ်။ နေမာ မပါတာက ကံဆိုးတာပါပဲ။ သူက ဒဏ်ရာရနေပေမယ့် ထိပ်တန်းကစားသမားပဲလေ။ သူမပါနိုင်တာကို ကျနေ်ာတို့ရဲ့ ညာအစွန်လူက မဆိုးဘူးလို့ ထင်နေမှာပါ ” ဆိုပြီး ပြောခဲ့ပါတယ်။
မန်ချက်စတာ သတင်းထောက်တွေက ဖော်ပြတဲ့ ပီအက်ဂျီ လူစာရင်း
Goalkeepers: Buffon, Areola, Cibois
Defenders: Alves, Silva, Bernat, Kurzawa, Kehrer, Kimpembe, Marquinhos
Midfielders: Verratti, Paredes, Di Maria, Draxler, Nkunku
Forwards: Mbappe, Choupo-Moting, Diaby.
Sports Home Time
