[Zawgyi] ခ်န္ပီယံလိဂ္ပြဲ 16 သင္းအဆင့္ ရံွဴးထြက္အျဖစ္ အိုထရတ္ဖိုဒ့္မွာ ယူႏိုက္တက္က ပီအက္ဂ်ီကို ယွဥ္ျပိဳင္ကစားရပါမယ္။ မည္သည့္အသင္း အႏိုင္ရမလဲဆိုတာက စိတ္ဝင္စားစရာျဖစ္ေပမယ့္ ယူႏုိက္တက္ဖန္းဆိုဒ္က ေဖာ္ျပလာတဲ့ အိုထရတ္ဖိုဒ့္မွာ ျပင္သစ္ခ်န္ပီယံကို မန္ခ်က္စတာကလပ္ အႏိုင္ရသြားႏုိင္တဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။
ဒီဇင္ဘာလမွာတုန္းက 16 သင္းအဆင့္ ရံွဴးထြက္အတြက္ အတြဲေတြကို မဲခြဲရာမွာ ယူႏုိက္တက္ ပရိသတ္ေတြကို တုန္လႈပ္ေစတဲ့ အတြဲျဖစ္ခဲ့တယ္။ ျပည္တြင္းလိဂ္မွာ အေျခအေနဆိုးေနျပီး အဆင့္ 6 ေနရာမွာ ရွိေနတဲ့ ယူႏုိက္တက္က ထိုစဥ္က ဥေရာပမွာ အေကာင္းဆံုးေျခစြမ္းေတြ ျပသေနတဲ့ ပီအက္ဂ်ီကို ယွဥ္ျပိဳင္ဖို႔ မဲက်ခဲ့တာျဖစ္ပါတယ္။
အဲ့သည္ေနာက္ပိုင္း ယူႏုိက္တက္မွာ အလွည့္အေျပာင္းေတြ ျဖစ္လာေနခဲ့ျပီး ေမာ္ရင္ညိဳ ေနရာမွာေတာ့ ဆိုးရွားက ေျပာင္းလဲတာဝန္ယူလာခဲ့တာပါ။ ဆိုးရွားလက္ထက္မွာေတာ့ ယူႏုိက္တက္ဟာ ရံွဴးပြဲလံုးဝ ေတြ႔ၾကံဳထားျခင္း မရွိပဲ အဆင့္ေလးေနရာထိ တက္လွမ္းလာခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ ယခင္က ေရပန္းစားမႈမွာ ပီအက္ဂ်ီက အသာစီးရထားေပမယ့္ ဒီရက္ေတြမွာေတာ့ ယူႏုိက္တက္က အေပၚစီးကို ျပန္လည္ ေရာက္လာေနခဲ့ပါတယ္။
အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္က ပီအက္ဂ်ီကို အႏိုင္ရသြားဖို႔ အဓိက အေၾကာင္းရင္းေတြကေတာ့…
ပီအက္ဂ်ီရဲ႕ အဓိက ကစားသမားေတြ ဒဏ္ရာရေနမႈ

တူခ်ယ္ရဲ႕အသင္းမွာ အဓိက တိုက္စစ္သမား သံုးဦးအနက္ ႏွစ္ဦးျဖစ္တဲ့ ေနမာနဲ႔ ကာဗာနီတို႔ ဒဏ္ရာရေနပါတယ္။ ပီအက္ဂ်ီဘက္က ေနမာဟာ ခ်န္ပီယံလိဂ္ ႏွစ္ေက်ာ့ကို လြဲေခ်ာ္မယ္လို႔ အတည္ျပဳထားတယ္။ ပိုဆိုးတာက ကာဗာနီကလည္း ပထမအေက်ာ့ကို လြဲသြားႏုိင္တာပါပဲ။ ဒီျပႆနာေတြဟာ ပီအက္ဂ်ီအတြက္ေတာ့ ၾကီးမားပါတယ္။ အိုထရတ္ဖိုဒ့္မွာ ယူႏုိက္တက္ကို ရင္ဆိုင္ဖုိ႔က အမ္ဘတ္ပီတစ္ဦးပဲ က်န္ရွိေနတာျဖစ္တယ္။
အသက္ 20 အရြယ္ တိုက္စစ္သမားက ဆိုးရွားလက္ထက္ ပံုစံေကာင္းေတြရေနတဲ့ ယူႏုိက္တက္ကို ေျခစြမ္းေကာင္းေတြနဲ႔ ျဖိဳဖ်က္ႏုိင္မလားဆိုတာက ေမးခြန္းတစ္ခု ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္လို႔ ထိပ္တန္းတိုက္စစ္သမား သံုးဦးထိ ထိန္းခ်ဳပ္ရမွာထက္ တစ္ဦးကိုပဲ အာရံုစိုက္ ထိန္းခ်ဳပ္ရမွာက သရဲနီပရိသတ္ေတြကို စိတ္ပူမႈေတြ ေလ်ာ့ပါးေစပါမယ္။
ယူႏုိက္တက္ရဲ႔ ကြင္းလယ္က ပီအက္ဂ်ီထက္ ပိုေကာင္းျခင္း

ဗာရက္တီက ထူးခၽြန္တဲ့ ကြင္းလယ္လူျဖစ္ေပမယ့္ ယူႏုိက္တက္နဲ႔ ရင္ဆုိင္ရမယ့္ပြဲမွာ ပြဲခ်ိန္ျပည့္ ပါႏိုင္မယ္ မထင္ရပါဘူး။ ရာဘီေရာ့က ဒီဇင္ဘာလကတည္းက ပီအက္ဂ်ီလူစာရင္းကေန လြဲဖယ္လာခဲ့သူျဖစ္တယ္။ ဒါေၾကာင့္လည္း မာကြင္ဟိုနဲ႔ ဒန္နီအဲဗက္စ္တုိ႔ကိုေတာင္ ကြင္းလယ္ကို တင္ကစားရမႈေတြ ရွိေနတယ္။ ယူႏုိက္တက္ဘက္မွာေတာ့ ေပါ့ဘာ၊ မာတစ္၊ ဟာရဲရားတုိ႔ ရွိေနပါတယ္။ အဆိုပါအတြဲဟာ ဥေရာပမွာ အေကာင္းဆံုး ကြင္းလယ္လူေတြနဲ႔ ႏိႈင္းယွဥ္လို႔ရတဲ့ စြမ္းေဆာင္ရည္ေတြ ျပသေနတာပါ။ မာတစ္နဲ႔ ဟာရဲရာတို႔ရဲ႕ ေထာက္ပံ့မႈမွာ ေပါ့ဘာဟာ လိဂ္ပြဲ 9 ပြဲအတြင္း ကိုယ္တိုင္ 5 ၾကိမ္ ဂိုးေထာက္ပံ့ထားျပီး 8 ဂိုး သြင္းယူထားပါတယ္။
ကမၻာဖလားခ်န္ပီယံ ျပင္သစ္အသင္းရဲ႕ ကြင္းလယ္လူကို ပီအက္ဂ်ီက ထိန္းခ်ဳပ္ႏုိင္ပမလား? စိတ္ဝင္စားစရာ ျဖစ္ေပမယ့္ ေနာက္ဆံုးအခ်က္ကေတာ့ အေရးပါဆံုးျဖစ္ပါလိမ့္မယ္။
ယူႏုိက္တက္က ရာသီတစ္ေလွ်ာက္ အေကာင္းဆံုး ပံုစံရေနျခင္း

ဆိုးရွားလက္ထက္ ယူႏုိက္တက္ရဲ႕ ပံုစံက ရာသီတစ္ေလွ်ာက္ အေကာင္းဆံုးျဖစ္သလို ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ေျခစြမ္းရေနတဲ့ အသင္းလည္းျဖစ္တယ္။ ဆိုးရွား ကိုင္တြယ္တဲ့ေနာက္ပိုင္း လိဂ္မွာ ရမွတ္အျမင့္ဆံုး ရယူထားမႈက မန္စီးတီး၊ လီဗာပူးမဟုတ္ပဲ ယူႏုိက္တက္ပဲျဖစ္တယ္။ ဂိုး၊ ခံစစ္၊ ကြင္းလယ္၊ တိုက္စစ္ အဘက္ဘက္မွာ တိုးတက္မႈေတြ ျပသေနျပီး ဗဟိုခံစစ္အတြဲေတြကေတာင္ ယံုၾကည္မႈရွိလို႔ရတဲ့ အေနအထားျဖစ္တယ္။ ဒါေတာင္မွ လူကာကူ၊ ဆန္းခ်က္၊ လင္ဂတ္နဲ႔ မာတာတို႔ဟာ အေကာင္းဆံုး အေနအထားမွာ ရွိမေနေသးပါဘူး။
ဒီအေျခအေနမွာ တိုက္စစ္ပိုင္း ေရြးခ်ယ္ခြင့္ေတြ ပိုမ်ားျပားေနျပီး ကြင္းလယ္ပိုင္းေတာင့္တင္းကာ ဒီဂီယာလို ဂိုးသမားလည္း ပိုင္ဆုိင္ထားတဲ့ ယူႏုိက္တက္ဟာ ပီအက္ဂ်ီကို အႏုိင္ယူဖို႔က မျဖစ္ႏိုင္တဲ့ ကိစၥ မဟုတ္ေတာ့တာပဲ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ်ပွဲ 16 သင်းအဆင့် ရံှူးထွက်အဖြစ် အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ပီအက်ဂျီကို ယှဉ်ပြိုင်ကစားရပါမယ်။ မည်သည့်အသင်း အနိုင်ရမလဲဆိုတာက စိတ်ဝင်စားစရာဖြစ်ပေမယ့် ယူနိုက်တက်ဖန်းဆိုဒ်က ဖော်ပြလာတဲ့ အိုထရတ်ဖိုဒ့်မှာ ပြင်သစ်ချန်ပီယံကို မန်ချက်စတာကလပ် အနိုင်ရသွားနိုင်တဲ့ အကြောင်းရင်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။
ဒီဇင်ဘာလမှာတုန်းက 16 သင်းအဆင့် ရံှူးထွက်အတွက် အတွဲတွေကို မဲခွဲရာမှာ ယူနိုက်တက် ပရိသတ်တွေကို တုန်လှုပ်စေတဲ့ အတွဲဖြစ်ခဲ့တယ်။ ပြည်တွင်းလိဂ်မှာ အခြေအနေဆိုးနေပြီး အဆင့် 6 နေရာမှာ ရှိနေတဲ့ ယူနိုက်တက်က ထိုစဉ်က ဥရောပမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ပီအက်ဂျီကို ယှဉ်ပြိုင်ဖို့ မဲကျခဲ့တာဖြစ်ပါတယ်။
အဲ့သည်နောက်ပိုင်း ယူနိုက်တက်မှာ အလှည့်အပြောင်းတွေ ဖြစ်လာနေခဲ့ပြီး မော်ရင်ညို နေရာမှာတော့ ဆိုးရှားက ပြောင်းလဲတာဝန်ယူလာခဲ့တာပါ။ ဆိုးရှားလက်ထက်မှာတော့ ယူနိုက်တက်ဟာ ရံှူးပွဲလုံးဝ တွေ့ကြုံထားခြင်း မရှိပဲ အဆင့်လေးနေရာထိ တက်လှမ်းလာခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် ယခင်က ရေပန်းစားမှုမှာ ပီအက်ဂျီက အသာစီးရထားပေမယ့် ဒီရက်တွေမှာတော့ ယူနိုက်တက်က အပေါ်စီးကို ပြန်လည် ရောက်လာနေခဲ့ပါတယ်။
အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က ပီအက်ဂျီကို အနိုင်ရသွားဖို့ အဓိက အကြောင်းရင်းတွေကတော့…
ပီအက်ဂျီရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာရနေမှု

တူချယ်ရဲ့အသင်းမှာ အဓိက တိုက်စစ်သမား သုံးဦးအနက် နှစ်ဦးဖြစ်တဲ့ နေမာနဲ့ ကာဗာနီတို့ ဒဏ်ရာရနေပါတယ်။ ပီအက်ဂျီဘက်က နေမာဟာ ချန်ပီယံလိဂ် နှစ်ကျော့ကို လွဲချော်မယ်လို့ အတည်ပြုထားတယ်။ ပိုဆိုးတာက ကာဗာနီကလည်း ပထမအကျော့ကို လွဲသွားနိုင်တာပါပဲ။ ဒီပြဿနာတွေဟာ ပီအက်ဂျီအတွက်တော့ ကြီးမားပါတယ်။ အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ရင်ဆိုင်ဖို့က အမ်ဘတ်ပီတစ်ဦးပဲ ကျန်ရှိနေတာဖြစ်တယ်။
အသက် 20 အရွယ် တိုက်စစ်သမားက ဆိုးရှားလက်ထက် ပုံစံကောင်းတွေရနေတဲ့ ယူနိုက်တက်ကို ခြေစွမ်းကောင်းတွေနဲ့ ဖြိုဖျက်နိုင်မလားဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ ထိပ်တန်းတိုက်စစ်သမား သုံးဦးထိ ထိန်းချုပ်ရမှာထက် တစ်ဦးကိုပဲ အာရုံစိုက် ထိန်းချုပ်ရမှာက သရဲနီပရိသတ်တွေကို စိတ်ပူမှုတွေ လျော့ပါးစေပါမယ်။
ယူနိုက်တက်ရဲ့ ကွင်းလယ်က ပီအက်ဂျီထက် ပိုကောင်းခြင်း

ဗာရက်တီက ထူးချွန်တဲ့ ကွင်းလယ်လူဖြစ်ပေမယ့် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ပွဲချိန်ပြည့် ပါနိုင်မယ် မထင်ရပါဘူး။ ရာဘီရော့က ဒီဇင်ဘာလကတည်းက ပီအက်ဂျီလူစာရင်းကနေ လွဲဖယ်လာခဲ့သူဖြစ်တယ်။ ဒါကြောင့်လည်း မာကွင်ဟိုနဲ့ ဒန်နီအဲဗက်စ်တို့ကိုတောင် ကွင်းလယ်ကို တင်ကစားရမှုတွေ ရှိနေတယ်။ ယူနိုက်တက်ဘက်မှာတော့ ပေါ့ဘာ၊ မာတစ်၊ ဟာရဲရားတို့ ရှိနေပါတယ်။ အဆိုပါအတွဲဟာ ဥရောပမှာ အကောင်းဆုံး ကွင်းလယ်လူတွေနဲ့ နှိုင်းယှဉ်လို့ရတဲ့ စွမ်းဆောင်ရည်တွေ ပြသနေတာပါ။ မာတစ်နဲ့ ဟာရဲရာတို့ရဲ့ ထောက်ပံ့မှုမှာ ပေါ့ဘာဟာ လိဂ်ပွဲ 9 ပွဲအတွင်း ကိုယ်တိုင် 5 ကြိမ် ဂိုးထောက်ပံ့ထားပြီး 8 ဂိုး သွင်းယူထားပါတယ်။
ကမ္ဘာဖလားချန်ပီယံ ပြင်သစ်အသင်းရဲ့ ကွင်းလယ်လူကို ပီအက်ဂျီက ထိန်းချုပ်နိုင်ပမလား? စိတ်ဝင်စားစရာ ဖြစ်ပေမယ့် နောက်ဆုံးအချက်ကတော့ အရေးပါဆုံးဖြစ်ပါလိမ့်မယ်။
ယူနိုက်တက်က ရာသီတစ်လျှောက် အကောင်းဆုံး ပုံစံရနေခြင်း

ဆိုးရှားလက်ထက် ယူနိုက်တက်ရဲ့ ပုံစံက ရာသီတစ်လျှောက် အကောင်းဆုံးဖြစ်သလို ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းရနေတဲ့ အသင်းလည်းဖြစ်တယ်။ ဆိုးရှား ကိုင်တွယ်တဲ့နောက်ပိုင်း လိဂ်မှာ ရမှတ်အမြင့်ဆုံး ရယူထားမှုက မန်စီးတီး၊ လီဗာပူးမဟုတ်ပဲ ယူနိုက်တက်ပဲဖြစ်တယ်။ ဂိုး၊ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အဘက်ဘက်မှာ တိုးတက်မှုတွေ ပြသနေပြီး ဗဟိုခံစစ်အတွဲတွေကတောင် ယုံကြည်မှုရှိလို့ရတဲ့ အနေအထားဖြစ်တယ်။ ဒါတောင်မှ လူကာကူ၊ ဆန်းချက်၊ လင်ဂတ်နဲ့ မာတာတို့ဟာ အကောင်းဆုံး အနေအထားမှာ ရှိမနေသေးပါဘူး။
ဒီအခြေအနေမှာ တိုက်စစ်ပိုင်း ရွေးချယ်ခွင့်တွေ ပိုများပြားနေပြီး ကွင်းလယ်ပိုင်းတောင့်တင်းကာ ဒီဂီယာလို ဂိုးသမားလည်း ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်ဟာ ပီအက်ဂျီကို အနိုင်ယူဖို့က မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်တော့တာပဲ ဖြစ်ပါတယ်။
Sports Home Time
