ပလန္ A မေျပာနဲ႔ လူမရွိလို႔ ပလန္ D ေလာက္ကို အၾကံထုတ္ေနရတယ္လို႔ ပီအက္ဂ်ီမန္ေနဂ်ာ ေျပာဆို

[Zawgyi] ပီအက္ဂ်ီမန္ေနဂ်ာ တူခ်ယ္ကေတာ့ အိုထရတ္ဖိုဒ့္မွာ ယူႏိုက္တက္ကို ယွဥ္ျပိဳင္ကစားဖို႔အတြက္ အဓိက ကစားသမားေတြ ဒဏ္ရာရျခင္း ျပႆနာေတြ ရင္ဆိုင္ေနရလို႔ ပလန္-ဒီေလာက္ကို ရွာေဖြေနရတယ္လို႔ ထုတ္ေျပာမႈ လုပ္လာပါတယ္။

အေစာပိုင္းမွာ ပီအက္ဂ်ီနဲ႔ ယူႏိုက္တက္တုိ႔ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာ အတြဲက်ခဲ့စဥ္က ျပင္သစ္ခ်န္ပီယံဟာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မယ္လို႔ ယူဆခံခဲ့ရတာပါ။ ေမာ္ရင္ညိဳလက္ထက္ ယူႏုိက္တက္ရဲ႕ အေျခအေန ဆိုးေတြေၾကာင္း ပီအက္ဂ်ီက ေရပန္းစားမႈမွာ ပိုအေလးသာခဲ့တာျဖစ္တယ္။ ႏွစ္လအၾကာမွာေတာ့ အေျခအေနေတြက ေျပာင္းျပန္ ျဖစ္လာခဲ့ပါျပီ။

ပီအက္ဂ်ီက အေကာင္းဆံုး အေျခအေနမွာ ရွိမေနေတာ့သလို ဒီရာသီတစ္ေလွ်ာက္မွာ အဆိုးဆံုး အေနအထားကို ေရာက္ေနခဲ့လို႔ အိုထရတ္ဖိုဒ့္ကြင္းထံ လာေရာက္ဖုိ႔ပါ ဖိအားေတြ မ်ားေနတဲ့ အေနအထားကို ပိုင္ဆိုင္လာေနျပီျဖစ္တယ္။ မန္ေနဂ်ာတူခ်ယ္ကေတာ့ မန္ခ်က္စတာကလပ္နဲ႔ ယွဥ္ျပိဳင္ရမယ္ပြဲမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနျပီး ပြဲထြက္စာရင္းအတြက္ အခက္ေတြ႔မႈကိုေတာင္ ရင္ဆိုင္လာရပါတယ္။

ယူႏုိက္တက္နဲ႔ပြဲ မတိုင္ခင္ ယွဥ္ျပိဳင္ရတဲ့ လီဂူးဝမ္းကလပ္ ေဘာ္ဒိုးအသင္းနဲ႔ လိဂ္ပြဲမွာ ပီအက္ဂ်ီအသင္း အႏုိင္ရေပမယ့္ ကာဗာနီနဲ႔ မူနီယာတို႔လို အဓိက ကစားသမားႏွစ္ဦး ထပ္မံ ဒဏ္ရာရျခင္းနဲ႔ ရင္ဆိုင္လာရတာ ျဖစ္ပါတယ္။ ႏွစ္ဦးလံုးက ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ ပထမအေက်ာ့ကို လြဲဖယ္ျပီး ေနာက္တစ္ေက်ာ့မွ ျပန္လည္ ပါဝင္လာႏိုင္ဖုိ႔ အခြင့္အလမ္း မ်ားေနပါတယ္။

တူခ်ယ္ကေတာ့ “ အဲ့တာက သိပ္မ်ားပါတယ္။ သူတို႔ေတြက ခ်န္ပီယံလိဂ္မွာ ပြဲေတြကို အဆံုးအျဖတ္ေပးႏုိင္တဲ့ ကစားသမားေတြျဖစ္ျပီး အျမင့္ဆံုး အဆင့္ေတြမွာ ကစားရမယ့္သူေတြပါ။ အဲ့သည္လို ကစားသမာေတြ အားလံုးကို ဆံုးရံွဴးျပီး ခ်န္ပီယံလိဂ္မွာ တိုက္ခိုက္ဖို႔က မျဖစ္ႏုိင္သေလာက္ပါပဲ။ ကာဗာနီအတြက္ အရန္မရွိဘူး။ ေနမာအတြက္ အရန္ မရွိပါဘူး။ က်ေနာ္တို႔က ပလန္ေအ လုပ္ဖို႔ မေျပာနဲ႔ ပလန္ ဒီ ေလာက္ကို ရွာေဖြေနရပါတယ္ ” လို႔ ညီးတြားပါတယ္။

ပီအက္ဂ်ီတိုက္စစ္မွာ အမ္ဘတ္ပီ ပါႏိုင္မွာျဖစ္ေပမယ့္ တိုက္စစ္ပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနတာပါ။ အထူးသျဖင့္ အေထာင္တိုက္စစ္ေနရာအတြက္ ေရြးခ်ယ္စရာ နည္းပါးေနတာျဖစ္တယ္။ ကြင္းလယ္မွာလည္း ျပႆနာအခ်ိဳ႕ ရွိေနခဲ့ျပီး ေျခခ်င္းဝတ္ဒဏ္ရာက ျပန္သက္သာလာတဲ့ ဗာရက္တီ ပြဲခ်ိန္ျပည့္ ပါဝင္ကစားႏုိင္ဖုိ႔လည္း မေသခ်ာပါဘူး။ ရာဘီေရာ့ ေလ့က်င့္ေရး ျပန္ဆင္းေနေပမယ့္ ဒီဇင္ဘာကတည္းက ပြဲမကစားထားရတာ ျဖစ္ပါတယ္။

ကစားသမားသစ္ ပါရီဒက္စ္က ႏွစ္နာရီစာောလက္ပဲ ကစားထားရလို႔ ဒန္နီအဲလ္ဗက္စ္ကို ကြင္းလယ္လူအျဖစ္ အသံုးျပဳ ကစားရမႈေတာင္ ရွိေနတယ္။ ဒါေပမယ့္ မူနီယာ ဒဏ္ရာရသြားလို႔ သူ႔ကို ညာအစြန္ေနရာ ျပန္လည္ ကစားခိုင္းဖို႔ ရွိေနပါတယ္။

Sports Home Time

[Unicode] ပီအက်ဂျီမန်နေဂျာ တူချယ်ကတော့ အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ယှဉ်ပြိုင်ကစားဖို့အတွက် အဓိက ကစားသမားတွေ ဒဏ်ရာရခြင်း ပြဿနာတွေ ရင်ဆိုင်နေရလို့ ပလန်-ဒီလောက်ကို ရှာဖွေနေရတယ်လို့ ထုတ်ပြောမှု လုပ်လာပါတယ်။

အစောပိုင်းမှာ ပီအက်ဂျီနဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ် 16 သင်းအဆင့်မှာ အတွဲကျခဲ့စဉ်က ပြင်သစ်ချန်ပီယံဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်လို့ ယူဆခံခဲ့ရတာပါ။ မော်ရင်ညိုလက်ထက် ယူနိုက်တက်ရဲ့ အခြေအနေ ဆိုးတွေကြောင်း ပီအက်ဂျီက ရေပန်းစားမှုမှာ ပိုအလေးသာခဲ့တာဖြစ်တယ်။ နှစ်လအကြာမှာတော့ အခြေအနေတွေက ပြောင်းပြန် ဖြစ်လာခဲ့ပါပြီ။

ပီအက်ဂျီက အကောင်းဆုံး အခြေအနေမှာ ရှိမနေတော့သလို ဒီရာသီတစ်လျှောက်မှာ အဆိုးဆုံး အနေအထားကို ရောက်နေခဲ့လို့ အိုထရတ်ဖိုဒ့်ကွင်းထံ လာရောက်ဖို့ပါ ဖိအားတွေ များနေတဲ့ အနေအထားကို ပိုင်ဆိုင်လာနေပြီဖြစ်တယ်။ မန်နေဂျာတူချယ်ကတော့ မန်ချက်စတာကလပ်နဲ့ ယှဉ်ပြိုင်ရမယ်ပွဲမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး ပွဲထွက်စာရင်းအတွက် အခက်တွေ့မှုကိုတောင် ရင်ဆိုင်လာရပါတယ်။

ယူနိုက်တက်နဲ့ပွဲ မတိုင်ခင် ယှဉ်ပြိုင်ရတဲ့ လီဂူးဝမ်းကလပ် ဘော်ဒိုးအသင်းနဲ့ လိဂ်ပွဲမှာ ပီအက်ဂျီအသင်း အနိုင်ရပေမယ့် ကာဗာနီနဲ့ မူနီယာတို့လို အဓိက ကစားသမားနှစ်ဦး ထပ်မံ ဒဏ်ရာရခြင်းနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ နှစ်ဦးလုံးက ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပထမအကျော့ကို လွဲဖယ်ပြီး နောက်တစ်ကျော့မှ ပြန်လည် ပါဝင်လာနိုင်ဖို့ အခွင့်အလမ်း များနေပါတယ်။

တူချယ်ကတော့ “ အဲ့တာက သိပ်များပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်မှာ ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေဖြစ်ပြီး အမြင့်ဆုံး အဆင့်တွေမှာ ကစားရမယ့်သူတွေပါ။ အဲ့သည်လို ကစားသမာတွေ အားလုံးကို ဆုံးရံှူးပြီး ချန်ပီယံလိဂ်မှာ တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ကာဗာနီအတွက် အရန်မရှိဘူး။ နေမာအတွက် အရန် မရှိပါဘူး။ ကျနော်တို့က ပလန်အေ လုပ်ဖို့ မပြောနဲ့ ပလန် ဒီ လောက်ကို ရှာဖွေနေရပါတယ် ” လို့ ညီးတွားပါတယ်။

ပီအက်ဂျီတိုက်စစ်မှာ အမ်ဘတ်ပီ ပါနိုင်မှာဖြစ်ပေမယ့် တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာပါ။ အထူးသဖြင့် အထောင်တိုက်စစ်နေရာအတွက် ရွေးချယ်စရာ နည်းပါးနေတာဖြစ်တယ်။ ကွင်းလယ်မှာလည်း ပြဿနာအချို့ ရှိနေခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာက ပြန်သက်သာလာတဲ့ ဗာရက်တီ ပွဲချိန်ပြည့် ပါဝင်ကစားနိုင်ဖို့လည်း မသေချာပါဘူး။ ရာဘီရော့ လေ့ကျင့်ရေး ပြန်ဆင်းနေပေမယ့် ဒီဇင်ဘာကတည်းက ပွဲမကစားထားရတာ ဖြစ်ပါတယ်။

ကစားသမားသစ် ပါရီဒက်စ်က နှစ်နာရီစာောလက်ပဲ ကစားထားရလို့ ဒန်နီအဲလ်ဗက်စ်ကို ကွင်းလယ်လူအဖြစ် အသုံးပြု ကစားရမှုတောင် ရှိနေတယ်။ ဒါပေမယ့် မူနီယာ ဒဏ်ရာရသွားလို့ သူ့ကို ညာအစွန်နေရာ ပြန်လည် ကစားခိုင်းဖို့ ရှိနေပါတယ်။

Sports Home Time