[Zawgyi] ခ်န္ပီယံလိဂ္ပြဲအျဖစ္ ယူႏိုက္တက္နဲ႔ ပီအက္ဂ်ီတို႔ ယွဥ္ျပိဳင္ရမယ့္ ပြဲတိုင္ခင္ မန္ခ်က္စတာကလပ္ေတြအတြက္ သတင္းေကာင္းေတြျဖစ္လာတာက ပီအက္ဂ်ီဟာ အဓိက ကစားသမားႏွစ္ဦး ထပ္မံ ဒဏ္ရာရျခင္းနဲ႔ ရင္ဆိုင္လာရတာ ျဖစ္ပါတယ္။
ကာဗာနီနဲ႔ မူနီယာတို႔ဟာ လီဂူးဝမ္းကလပ္ ေဘာ္ဒိုးအသင္းကို အႏိုင္ရတဲ့ပြဲမွာ ဒဏ္ရာေတြရခဲ့တာျဖစ္တယ္။ အဆိုပါပြဲအတြက္ တစ္ဂိုးတည္းေသာ သြင္းဂိုးကိုေတာ့ ကာဗာနီကပဲ ပင္နယ္တီကေန သြင္းယူခဲ့တာပါ။ ဒါေပမယ့္လည္း ဒဏ္ရာရခဲ့တာျဖစ္ျပီး ဒုတိယပိုင္း အစမွာေတာ့ အမ္ဘတ္ပီနဲ႔ လူစားလဲခဲ့ရတာျဖစ္တယ္။
မူနီယာကလည္း ဒုတိယပိုင္းမွာ ဒဏ္ရာရသြားခဲ့ျပီး မိနစ္ 80 ေလာက္မွာ လူစားလဲခဲ့ရပါတယ္။ ဘယ္ဂ်ီယံ လက္ေရြးစင္ဟာ ယူႏုိက္တက္နဲ႔ပြဲမွာ ပါဝင္ႏိုင္မလားက ေသခ်ာတဲ့ အေျခအေနမွာ မရွိေသးပါဘူး။
ပီအက္ဂ်ီ မန္ေနဂ်ာ ေသာမက္စ္တူခ်ယ္ကေတာ့ ” ပထမပိုင္း 43 မိနစ္ေလာက္မွာ သူထြက္လာေတာ့ က်ေနာ္ စိုးရိမ္ခဲ့မိပါတယ္။ မန္ခ်က္စတာနဲ႔ပြဲမွာ အီဒီ မပါႏိုင္ရင္ တကယ္ကို ၾကီးမားတဲ့ ဆံုးရံွဴးမႈပါပဲ။ အီဒီေကာ၊ ေနမာ ႏွစ္ဦးလံုးပါ မပါရင္ေတာ့ က်ေနာ္တို႔ ကံအေတာ္ကို ဆိုးတာပါ ” လို႔ မွတ္ခ်က္ေပးပါတယ္။
ယူႏုိက္တက္နဲ႔ ပီအက္ဂ်ီတို႔ဟာ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ရဲ႕ ပထမအေက်ာ့အျဖစ္ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ရမွာပါ။ ပီအက္ဂ်ီဟာ ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားတဲ့ တိုက္စစ္သမား ေနမာကို သီတင္းပတ္ အနည္းငယ္ လက္လြတ္ထားရတာျဖစ္တယ္။
ေဘာ္ဒိုးနဲ႔ပြဲမွာ အဓိက တိုက္စစ္မွဴး အမ္ဘတ္ပီကို အနားေပးထားခဲ့ေပမယ့္ ျပင္သစ္သား တိုက္စစ္သမားဟာ လူစားဝင္လာခဲ့ရပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာနဲ႔ပြဲအတြက္ ၾကံ႕ခိုင္မႈ အေကာင္းဆံုး ျဖစ္ေနမွာပါ။ အဆိုပါပြဲမွာေတာ့ ယူႏုိက္တက္ ကစားသမားေဟာင္း ဒီမာရီယာနဲ႔ ဘရာဇီးခံစစ္သမား မာကြင္ဟိုနဲ႔ ဂ်ာမနီကြင္းလယ္လူ ဒရိုက္စတာတို႔ကို လူစာရင္းကေန ခ်န္လွပ္ထားခဲ့ပါတယ္။
ပီအက္ဂ်ီအတြက္ သတင္းေကာင္းကေတာ့ ေျခခ်င္းဝတ္ဒဏ္ရာက ျပန္သက္သာလာတဲ့ ဗာရက္တီ ေဘာလံုး ျပန္ကစားေနတာျဖစ္ျပီး မိနစ္ 60 ေလာက္ ပါဝင္ကစားခဲ့ကာ အိုထရတ္ဖိုဒ့္ပြဲမွာ ပါဝင္လာမယ္ ခန္႔မွန္းထားရတယ္။ ဒါေပမယ့္ မိနစ္ 90 အျပည့္ေတာ့ ကစားႏုိင္မယ္လို႔ မယူဆရပါဘူး။
ယူႏုိက္တက္ ပရိသတ္ေတြကေတာ့ ကာဗာနီ၊ မူနီယာနဲ႔ ေနမာတို႔ ဒဏ္ရာရေနျခင္းကို သတင္းေကာင္းအျဖစ္ မယူဆၾကပဲ ခ်န္ပီယံလိဂ္မွာ တူညီတဲ့ ယွဥ္ျပိဳင္မႈကိုပဲ အလိုရွိျပီး ဂုဏ္သိကၡာပိုင္းအရ ဒဏ္ရာရကစားသမား မ်ားျပားလို႔ အႏုိင္ရတယ္ဆိုတဲ့ ယူဆခ်က္ကို အလိုမရွိဘူးလို႔ မွတ္ခ်က္ေပးေနၾကတာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ်ပွဲအဖြစ် ယူနိုက်တက်နဲ့ ပီအက်ဂျီတို့ ယှဉ်ပြိုင်ရမယ့် ပွဲတိုင်ခင် မန်ချက်စတာကလပ်တွေအတွက် သတင်းကောင်းတွေဖြစ်လာတာက ပီအက်ဂျီဟာ အဓိက ကစားသမားနှစ်ဦး ထပ်မံ ဒဏ်ရာရခြင်းနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
ကာဗာနီနဲ့ မူနီယာတို့ဟာ လီဂူးဝမ်းကလပ် ဘော်ဒိုးအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာတွေရခဲ့တာဖြစ်တယ်။ အဆိုပါပွဲအတွက် တစ်ဂိုးတည်းသော သွင်းဂိုးကိုတော့ ကာဗာနီကပဲ ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ ဒါပေမယ့်လည်း ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒုတိယပိုင်း အစမှာတော့ အမ်ဘတ်ပီနဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။
မူနီယာကလည်း ဒုတိယပိုင်းမှာ ဒဏ်ရာရသွားခဲ့ပြီး မိနစ် 80 လောက်မှာ လူစားလဲခဲ့ရပါတယ်။ ဘယ်ဂျီယံ လက်ရွေးစင်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်မလားက သေချာတဲ့ အခြေအနေမှာ မရှိသေးပါဘူး။
ပီအက်ဂျီ မန်နေဂျာ သောမက်စ်တူချယ်ကတော့ ” ပထမပိုင်း 43 မိနစ်လောက်မှာ သူထွက်လာတော့ ကျနော် စိုးရိမ်ခဲ့မိပါတယ်။ မန်ချက်စတာနဲ့ပွဲမှာ အီဒီ မပါနိုင်ရင် တကယ်ကို ကြီးမားတဲ့ ဆုံးရံှူးမှုပါပဲ။ အီဒီကော၊ နေမာ နှစ်ဦးလုံးပါ မပါရင်တော့ ကျနော်တို့ ကံအတော်ကို ဆိုးတာပါ ” လို့ မှတ်ချက်ပေးပါတယ်။
ယူနိုက်တက်နဲ့ ပီအက်ဂျီတို့ဟာ ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ရဲ့ ပထမအကျော့အဖြစ် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာပါ။ ပီအက်ဂျီဟာ ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား နေမာကို သီတင်းပတ် အနည်းငယ် လက်လွတ်ထားရတာဖြစ်တယ်။
ဘော်ဒိုးနဲ့ပွဲမှာ အဓိက တိုက်စစ်မှူး အမ်ဘတ်ပီကို အနားပေးထားခဲ့ပေမယ့် ပြင်သစ်သား တိုက်စစ်သမားဟာ လူစားဝင်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာနဲ့ပွဲအတွက် ကြံ့ခိုင်မှု အကောင်းဆုံး ဖြစ်နေမှာပါ။ အဆိုပါပွဲမှာတော့ ယူနိုက်တက် ကစားသမားဟောင်း ဒီမာရီယာနဲ့ ဘရာဇီးခံစစ်သမား မာကွင်ဟိုနဲ့ ဂျာမနီကွင်းလယ်လူ ဒရိုက်စတာတို့ကို လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။
ပီအက်ဂျီအတွက် သတင်းကောင်းကတော့ ခြေချင်းဝတ်ဒဏ်ရာက ပြန်သက်သာလာတဲ့ ဗာရက်တီ ဘောလုံး ပြန်ကစားနေတာဖြစ်ပြီး မိနစ် 60 လောက် ပါဝင်ကစားခဲ့ကာ အိုထရတ်ဖိုဒ့်ပွဲမှာ ပါဝင်လာမယ် ခန့်မှန်းထားရတယ်။ ဒါပေမယ့် မိနစ် 90 အပြည့်တော့ ကစားနိုင်မယ်လို့ မယူဆရပါဘူး။
ယူနိုက်တက် ပရိသတ်တွေကတော့ ကာဗာနီ၊ မူနီယာနဲ့ နေမာတို့ ဒဏ်ရာရနေခြင်းကို သတင်းကောင်းအဖြစ် မယူဆကြပဲ ချန်ပီယံလိဂ်မှာ တူညီတဲ့ ယှဉ်ပြိုင်မှုကိုပဲ အလိုရှိပြီး ဂုဏ်သိက္ခာပိုင်းအရ ဒဏ်ရာရကစားသမား များပြားလို့ အနိုင်ရတယ်ဆိုတဲ့ ယူဆချက်ကို အလိုမရှိဘူးလို့ မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။
Sports Home Time
