အာဂ်င္တိုင္းသား တိုက္စစ္မွဴးေတြရဲ႕ ထိပ္တိုက္ေတြ႔ဆံုပြဲ

[Zawgyi] ဒီတပတ္ မန္စီးတီး- ခ်ယ္ဆီးပြဲစဥ္မွာ အာဂ်င္တီးနား အသင္းေဖာ္ေတြျဖစ္တဲ့ တိုက္စစ္မွဴး နွစ္ဦး ဆာဂ်ီယို အဂြယ္ရိုနဲ႕ ဂြန္ဇာလို ဟီဂူအင္တို႔ ထိပ္တိုက္ေတြ႔ဆံုၾကေတာ့မွာပါ။ ဟီဂူအင္က ဇန္န၀ါရီ အေျပာင္းအေရႊ႕ကမွ ခ်ယ္ဆီးအသင္းဆီ အငွားနဲ႕ ေရာက္ရွိလာတာ ျဖစ္ျပီး ပရီးမီးယားလိဂ္နဲ႕ စတင္ မိတ္ဆက္ကာစသာ ရွိပါေသးတယ္။

ဟီဂူအင္က ျပီးခဲ့တဲ့ အပတ္ ဟက္ဒါဖီးနဲ႕ပြဲမွာ ခ်ယ္ဆီးအတြက္ ၄င္းရဲ႕ ပြဲဦးထြက္ ဂိုး အပါအ၀င္ ၂ ဂိုး သြင္းယူထားျပီး အဂြယ္ရိုကလည္း အာဆင္နယ္ကို နုိင္တဲ့ပြဲမွာ ဟက္ထရစ္သြင္းျပီး ေျခစြမ္းေကာင္းေတြ ျပသထားပါတယ္။ အာဂ်င္တီးနားသား တိုက္စစ္မွဴး နွစ္ဦးမွာ ဆင္တူတဲ့ အခ်က္ေတြ ရွိသလို မတူညီမႈေတြလည္း အမ်ားၾကီး ရွိထားပါတယ္။ 2006/07 ေဘာလံုးရာသီမွာ ဥေရာပ ေဘာလံုးစင္ျမင့္ဆီ အဂြယ္ရိုက အက္သလက္တီကို၊ ဟီဂူအင္က ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိခဲ့ျပီး ထိုကလပ္အသင္းမ်ားမွာ အဂြယ္ရိုက ၂၃၁ ဂိုး၊ ဟီဂူအင္က ၂၂၆ ဂိုးစီ လိဂ္ဂိုးမ်ား အသီးသီး သြင္းယူခဲ့ၾကပါတယ္။

အဂြယ္ရိုရဲ႕ သြင္းဂိုးက ဟီဂူအင္ထက္ နည္းနည္းေလး မ်ားတယ္ဆိုေပမယ့္ ဟီဂူအင္ရဲ႕ တစ္ဂိုးရဖို႔ ၾကာခ်ိန္မိနစ္မွာ ၁၂၁.၁ မိနစ္နဲ႕ ပိုေကာင္းမြန္တဲ့ ရလဒ္ ရရွိထားပါတယ္။ ဒါက အဂြယ္ရိုက ကလပ္အသင္းမွာ အျမဲ ဦးစားေပးပြဲထြက္ ရလို႔လည္း တစိတ္တပိုင္း ပါ၀င္ပါတယ္။ ဟီဂူအင္က ရီးရဲလ္မွာ အရန္ခုံထိုင္ရတဲ့ အခ်ိန္ေတြ ရွိျပီး ဒါကပဲ ကစားခြင့္ရတဲ့အခ်ိန္တိုင္းမွာ အက်ိဳးရွိရွိ ပို အားထုတ္နုိ္င္တာလို႕ ဆိုနုိင္ပါတယ္။

နိုင္ငံအသင္းမွာေတာ့ အဂြယ္ရိုက ၈၉ ပြဲ ကစား ၃၉ ဂိုးသြင္းထားျပီး ဟီဂူအင္က ၇၅ ပြဲမွာ ၃၁ ဂိုး သြင္းယူထားပါတယ္။ ဂိုးသြင္းနႈန္းေတြက သိပ္မကြာလွေပမယ့္ အာဂ်င္တီးနား ေဘာလံုးသတင္းေထာက္ Araujo ကေတာ့ ဟီဂူအင္နဲ႕ ပိုအလုပ္ျဖစ္ေၾကာင္း အခ်က္အလက္ေတြ အရ သိနုိင္တယ္လို႔ ဆိုပါတယ္။

“အဂြယ္ရိုကို မုန္းတဲ့သူေတြက ဟီဂူအင္ မုန္းတဲ့သူေတြေလာက္ေတာ့ မမ်ားဘူး ဆိုရမယ္။ ဒါက ဟီဂူအင္ရဲ႕ ဇာတိကလပ္ ေရးဗားပလိတ္က အဂြယ္ရိုရဲ႕ Independiente ကလပ္ထက္ ေတာ္ေတာ္ၾကီးခဲ့လို႔လည္း ျဖစ္နုိင္တယ္။ ေရးဗားပလိတ္ မုန္းတဲ့သူေတြကေတာ့ ဟီဂူအင္ကိုပါ ဆြဲထည့္ မုန္းေတာ့တာပဲ။ ဟီဂူအင္က အေရးၾကီးတဲ့ ျပိဳင္ပြဲေတြမွာ အဆံုးအျဖတ္ ဂိုး လြဲေခ်ာ္မႈေတြ ရွိခဲ့တယ္.. ဒါေၾကာင့္လည္း ေလွာင္ေျပာင္ခံရ သေရာ္ခံရတဲ့ ေခါင္းစီးေတြမွာ ပါ၀င္ေနက်သူ ျဖစ္ခဲ့တယ္။ သူက ပို အျငင္းပြားခ်င္စရာ အေနအထား ျဖစ္ေနခဲ့တယ္ ဆိုရမလိုပါပဲ။ အဂြယ္ရိုကေတာ့ ခ်စ္ခင္သူလည္း ဒီေလာက္ မရွိလွသလို ေျပာဆိုသူလည္း ဟီဂူအင္ထက္ နည္းပါတယ္။” လို႔ ၄င္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။

အဂြယ္ရိုနဲ႕ ဟီဂူအင္ တို႔ နွစ္ဦးလံုးကို အာဂ်င္တီးနားအသင္းမွာေတာ့ တြဲဖက္ ကစားတာ ရွားပါးခဲ့ပါတယ္။ သူတို႔ရဲ႕ နွစ္ခ်ီ တိုက္ပြဲကေတာ့ အာဂ်င္တီးနား ေက်ာနံပါတ္ ၉ ၀တ္ဆင္ခြင့္ရဖို႔လည္း ပါ၀င္ပါတယ္။ ဒါေပမယ့္ သူတို႔ နွစ္ဦးလံုး တူညီတဲ့အခ်က္က နွစ္ေယာက္လံုး နုိင္ငံအသင္းမွာ လီယြန္နယ္ မက္ဆီရဲ႕ ေလာင္းရိပ္ မိေနၾကတာပါ။

ဘာစီလိုနာၾကယ္ပြင့္ကသာ အာဂ်င္တီးနားရဲ႕ အဓိက ကစားသမား အျမဲ ျဖစ္ေနျပီး ကလပ္အသင္းေတြမွာေတာ့ အဂြယ္ရိုေရာ ဟီဂူအင္ပါ ဦးစားေပး တိုက္စစ္မွဴးမ်ား အျဖစ္ ေနရာေပးျခင္း ခံရပါျပီ။ ဒီတစ္ပတ္ အီတီဟက္က စူပါဆန္းေဒးမွာေရာ.. မန္စီးတီး – ခ်ယ္ဆီးပြဲမွာ အာဂ်င္တိုင္းသား တိုက္စစ္နွစ္ဦးထဲက ဘယ္သူ ဂိုးသြင္းနုိင္မလဲ ဘယ္သူ႔အသင္း အနုိင္ရသြားမလဲက စိတ္၀င္စားစရာ အခ်က္အျဖစ္ ပါ၀င္ေနပါတယ္။

Sports Home Time

[Unicode] ဒီတပတ် မန်စီးတီး- ချယ်ဆီးပွဲစဉ်မှာ အာဂျင်တီးနား အသင်းဖော်တွေဖြစ်တဲ့ တိုက်စစ်မှူး နှစ်ဦး ဆာဂျီယို အဂွယ်ရိုနဲ့ ဂွန်ဇာလို ဟီဂူအင်တို့ ထိပ်တိုက်တွေ့ဆုံကြတော့မှာပါ။ ဟီဂူအင်က ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ချယ်ဆီးအသင်းဆီ အငှားနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ စတင် မိတ်ဆက်ကာစသာ ရှိပါသေးတယ်။

ဟီဂူအင်က ပြီးခဲ့တဲ့ အပတ် ဟက်ဒါဖီးနဲ့ပွဲမှာ ချယ်ဆီးအတွက် ၎င်းရဲ့ ပွဲဦးထွက် ဂိုး အပါအဝင် ၂ ဂိုး သွင်းယူထားပြီး အဂွယ်ရိုကလည်း အာဆင်နယ်ကို နိုင်တဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။ အာဂျင်တီးနားသား တိုက်စစ်မှူး နှစ်ဦးမှာ ဆင်တူတဲ့ အချက်တွေ ရှိသလို မတူညီမှုတွေလည်း အများကြီး ရှိထားပါတယ်။ 2006/07 ဘောလုံးရာသီမှာ ဥရောပ ဘောလုံးစင်မြင့်ဆီ အဂွယ်ရိုက အက်သလက်တီကို၊ ဟီဂူအင်က ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီး ထိုကလပ်အသင်းများမှာ အဂွယ်ရိုက ၂၃၁ ဂိုး၊ ဟီဂူအင်က ၂၂၆ ဂိုးစီ လိဂ်ဂိုးများ အသီးသီး သွင်းယူခဲ့ကြပါတယ်။

အဂွယ်ရိုရဲ့ သွင်းဂိုးက ဟီဂူအင်ထက် နည်းနည်းလေး များတယ်ဆိုပေမယ့် ဟီဂူအင်ရဲ့ တစ်ဂိုးရဖို့ ကြာချိန်မိနစ်မှာ ၁၂၁.၁ မိနစ်နဲ့ ပိုကောင်းမွန်တဲ့ ရလဒ် ရရှိထားပါတယ်။ ဒါက အဂွယ်ရိုက ကလပ်အသင်းမှာ အမြဲ ဦးစားပေးပွဲထွက် ရလို့လည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ ဟီဂူအင်က ရီးရဲလ်မှာ အရန်ခုံထိုင်ရတဲ့ အချိန်တွေ ရှိပြီး ဒါကပဲ ကစားခွင့်ရတဲ့အချိန်တိုင်းမှာ အကျိုးရှိရှိ ပို အားထုတ်နိုင်တာလို့ ဆိုနိုင်ပါတယ်။

နိုင်ငံအသင်းမှာတော့ အဂွယ်ရိုက ၈၉ ပွဲ ကစား ၃၉ ဂိုးသွင်းထားပြီး ဟီဂူအင်က ၇၅ ပွဲမှာ ၃၁ ဂိုး သွင်းယူထားပါတယ်။ ဂိုးသွင်းနှုန်းတွေက သိပ်မကွာလှပေမယ့် အာဂျင်တီးနား ဘောလုံးသတင်းထောက် Araujo ကတော့ ဟီဂူအင်နဲ့ ပိုအလုပ်ဖြစ်ကြောင်း အချက်အလက်တွေ အရ သိနိုင်တယ်လို့ ဆိုပါတယ်။

“အဂွယ်ရိုကို မုန်းတဲ့သူတွေက ဟီဂူအင် မုန်းတဲ့သူတွေလောက်တော့ မများဘူး ဆိုရမယ်။ ဒါက ဟီဂူအင်ရဲ့ ဇာတိကလပ် ရေးဗားပလိတ်က အဂွယ်ရိုရဲ့ Independiente ကလပ်ထက် တော်တော်ကြီးခဲ့လို့လည်း ဖြစ်နိုင်တယ်။ ရေးဗားပလိတ် မုန်းတဲ့သူတွေကတော့ ဟီဂူအင်ကိုပါ ဆွဲထည့် မုန်းတော့တာပဲ။ ဟီဂူအင်က အရေးကြီးတဲ့ ပြိုင်ပွဲတွေမှာ အဆုံးအဖြတ် ဂိုး လွဲချော်မှုတွေ ရှိခဲ့တယ်.. ဒါကြောင့်လည်း လှောင်ပြောင်ခံရ သရော်ခံရတဲ့ ခေါင်းစီးတွေမှာ ပါဝင်နေကျသူ ဖြစ်ခဲ့တယ်။ သူက ပို အငြင်းပွားချင်စရာ အနေအထား ဖြစ်နေခဲ့တယ် ဆိုရမလိုပါပဲ။ အဂွယ်ရိုကတော့ ချစ်ခင်သူလည်း ဒီလောက် မရှိလှသလို ပြောဆိုသူလည်း ဟီဂူအင်ထက် နည်းပါတယ်။” လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

အဂွယ်ရိုနဲ့ ဟီဂူအင် တို့ နှစ်ဦးလုံးကို အာဂျင်တီးနားအသင်းမှာတော့ တွဲဖက် ကစားတာ ရှားပါးခဲ့ပါတယ်။ သူတို့ရဲ့ နှစ်ချီ တိုက်ပွဲကတော့ အာဂျင်တီးနား ကျောနံပါတ် ၉ ဝတ်ဆင်ခွင့်ရဖို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးလုံး တူညီတဲ့အချက်က နှစ်ယောက်လုံး နိုင်ငံအသင်းမှာ လီယွန်နယ် မက်ဆီရဲ့ လောင်းရိပ် မိနေကြတာပါ။

ဘာစီလိုနာကြယ်ပွင့်ကသာ အာဂျင်တီးနားရဲ့ အဓိက ကစားသမား အမြဲ ဖြစ်နေပြီး ကလပ်အသင်းတွေမှာတော့ အဂွယ်ရိုရော ဟီဂူအင်ပါ ဦးစားပေး တိုက်စစ်မှူးများ အဖြစ် နေရာပေးခြင်း ခံရပါပြီ။ ဒီတစ်ပတ် အီတီဟက်က စူပါဆန်းဒေးမှာရော.. မန်စီးတီး – ချယ်ဆီးပွဲမှာ အာဂျင်တိုင်းသား တိုက်စစ်နှစ်ဦးထဲက ဘယ်သူ ဂိုးသွင်းနိုင်မလဲ ဘယ်သူ့အသင်း အနိုင်ရသွားမလဲက စိတ်ဝင်စားစရာ အချက်အဖြစ် ပါဝင်နေပါတယ်။

Sports Home Time