ကွာတားအဆင့် ရောက်နေတဲ့ ချန်ပီယံလိဂ် မှာ ဘယ်အသင်းတွေ ဗိုလ်စွဲနိုင်ခြေ အများဆုံးလဲ တွက်ထုတ်လာတဲ့ စူပါကွန်ပျူတာ

ဒီတပတ်မှာတော့ ချန်ပီယံလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နာမည်ကြီး Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ကွာတားဖိုင်နယ် အဆင့်ကနေ ဆီမီး၊ ဖိုင်နယ်ထိ အဆင့်ဆင့်နဲ့ ချန်ပီယံ ဘယ်အသင်း ဖြစ်သွားနိုင်မလဲ ဆိုတာ တွက်ထုတ်မှုတွေ ပြုလုပ်လာပြီ ဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ် ရေပန်းစားခဲ့တဲ့ လီဗာပူးအသင်းကတော့ ၁၆ သင်း အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီးပါပြီ။

Opta ရဲ့ စူပါကွန်ပျူတာ နောက်ဆုံး တွက်ထုတ်မှုမှာတော့ ချန်ပီယံ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဘာစီလိုနာ အသင်း ဖြစ်လာပါတယ်။

ဘာစီလိုနာက ချန်ပီယံ ဖြစ်နိုင်ခြေ 23.10% နဲ့ ရာနှုန်း အများဆုံး ရှိနေပြီး ဒုတိယ ကတော့ ပီအက်စ်ဂျီ အသင်း ဖြစ်ကာ 19.30% ထိ ဗိုလ်စွဲနိုင်ခြေ ရှိပါတယ်။ အာဆင်နယ် အသင်းကတော့ 15.60% နဲ့ တတိယ နေရာမှာ ရှိပါတယ်။

စူပါကွန်ပျူတာရဲ့ ကွာတားကနေ တက်နိုင်ခြေ၊ ဆီမီး တက်နိုင်ခြေနဲ့ ဗိုလ်စွဲနိုင်ခြေ ရာနှုန်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဥရောပ ဘုရင်ကြီး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဒီပြိုင်ပွဲ ဗိုလ်စွဲနိုင်ခြေ 12.2 % နဲ့ ပဉ္စမ နေရာ ရောက်နေတာကတော့ အံ့အားသင့်ဖွယ် ဖြစ်ပါတယ်။