ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Manchester City vs Brighton
ဒီပွဲက ခန့်မှန်းဖို့ မလွယ်ဘူး။ ဘရိုက်တန်က လေးပွဲ ဆက်နိုင်ပြီ အရမ်း ကောင်းနေတယ်။ သူတို့က ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ ကြိုးစားနေပြီ။ စီးတီးက အိုမာ မာမွတ်ရှ် ပါရင် အတော် အန္တရာယ်ရှိတဲ့ အသင်း ဖြစ်လာနေပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Manchester City 3-1 Brighton
Arsenal vs Chelsea
ဒီပွဲကနေ ဂိုးတွေ အများကြီး မြင်ရမယ်တော့ မထင်ဘူး။ တစ်ဂိုးလောက်ကပဲ တစ်သင်း သင်း နိုင်ဖို့ လုံလောက် သွားပါလိမ့်မယ်။ ကျွန်တော်ကတော့ အာဆင်နယ် ဂိုးရမယ် လို့ ရွေးချယ်ပါမယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Arsenal 1-0 Chelsea
Leicester City vs Manchester United
လက်စတာနဲ့ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားပွဲ ကန်တုန်းကလည်း ပွဲကောင်းခဲ့တယ်။ အဲဒီပွဲမှာ ပွဲပြီးခါနီး မက်ဂွဲရားရဲ့ ဂိုးနဲ့ ယူနိုက်တက် နိုင်ခဲ့တာ။
ဒီတကြိမ်လည်း အကြိတ်အနယ် ရှိဦးမှာပဲ။ ကျွန်တော်ကတော့ အမှတ် ခွဲယူသွားမယ်ပဲ ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ Leicester City 1-1 Manchester United
အခြားပွဲစဉ်များ အတွက် ခရစ်ဆက်တန်န်ရဲ့ ခန့်မှန်းရလဒ်များ
Everton 2-1 West Ham United
Southampton 0-1 Wolves
Ipswich Town 1-2 Nottingham Forest
Bournemouth 0-1 Brentford
Fulham 3-1 Tottenham Hotspur