ချန်ပီယံလိဂ် ရှုံးထွက် ပကျော့ ပွဲတွေ အပြီး Opta စူပါကွန်ပျူတာ ရဲ့ ဥရောပ ချန်ပီယံ ခန့်မှန်းချက် ထွက်ပေါ်လာ

ဒီတပတ်မှာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမ အကျော့ ပွဲစဉ်တွေ အပြီးမှာ Opta စူပါကွန်ပျူတာ ရဲ့ ချန်ပီယံလိဂ် ခန့်မှန်းချက် အသစ်တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပါဝင်တဲ့ အသင်းတွေကတော့ လီဗာပူး၊ အာဆင်နယ်၊ အင်တာ၊ ဘာစီလိုနာ၊ အက်သလက်တီကို၊ လီဗာကူဆင်၊ အက်စတွန်ဗီလာ၊ လိုင်လီ၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ ပီအက်စ်ဗီ၊ ကလပ်ဘရုချ်၊ ဒေါ့မွန်နဲ့ ဖီယင်နု အသင်းတို့ ဖြစ်ကြပါတယ်။

ပထမ အကျော့ ပွဲတွေ အပြီးမှာ အာဆင်နယ်နဲ့ ဘိုင်ယန်တို့ကတော့ ဂိုးပြတ် နိုင်ပွဲတွေ ရထားပြီး လီဗာပူးက ပီအက်စ်ဂျီကို ကပ်နိုင်ထားသလို ဘာစီလိုနာ၊ ဗီလာ၊ ရီးရဲလ်၊ အင်တာမီလန်းတို့လည်း နိုင်ပွဲ ကိုယ်စီ ရထားပါတယ်။

ဥရောပ ချန်ပီယံ ဘယ်အသင်း ဖြစ်နိုင်မလဲ၊ ၁၆ သင်း ရှုံးထွက် အဆင့်ကနေ ဘယ်အသင်းတွေ တက်သွားမလဲ ဆိုတာကို Opta ရဲ့ စူပါကွန်ပျူတာက အကြိမ်ရေ ၁ဝဝဝဝ တွက်ထုတ်ခဲ့ရာမှာ ရလဒ်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဒီ ဇယားထဲမှာ ကွာတားဖိုင်နယ် တက်နိုင်ခြေ၊ ဆီမီးတက်နိုင်ခြေ၊ ဖိုင်နယ် တက်နိုင်ခြေ၊ ဗိုလ်စွဲနိုင်ခြေတွေကို ဖြစ်နိုင်ခြေ % အလိုက် ခွဲခြားဖော်ပြထားတာပါ။

ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်ခဲ့ရင် ကွာတားမှာလည်း အခြေအနေ ကောင်းနိုင်တဲ့ လီဗာပူးက ဗိုလ်စွဲနိုင်ခြေ အများဆုံး အဖြစ် ဆက်လက် ရပ်တည်နေပြီး ၂၆% နဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

လီဗာပူးနောက်မှာတော့ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ အာဆင်နယ်တို့ ဗိုလ်စွဲနိုင်ခြေ များများနဲ့ ဆက်လက် လိုက်ပါနေတာပါ။