ပက် ဂွာဒီယိုလာက ညာနေတာပဲ လို့ ဒီည ချန်ပီယံလိဂ် ပွဲကြို စကားစ-စ်ထိုးလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ ကတော့ စီးတီးက ချန်ပီယံလိဂ် ၁၆ သင်း အဆင့် တက်လှမ်းဖို့ အခွင့်အရေး ၁% သာ ရှိတယ် လို့ ဂွာဒီယိုလာ ပြောတဲ့ စကားအား မယုံကြည်ဘဲ စီးတီးနည်းပြက လိမ်ညာနေတယ် ိလို့ ပြန် စွပ်စွဲလိုက်ပါတယ်။

အီတီဟက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် play off ပထမ အကျော့မှာ ရီးရဲလ်က စီးတီးကို ပွဲပြီးခါနီး သွင်းဂိုးတွေနဲ့ အတူ ၃-၂ နဲ့ နိုင်ထားခဲ့တာပါ။ ဒုတိယ အကျော့က ဘာနေဗျူးမှာ ကစားရမှာ ဖြစ်လို့ ဂွာဒီယိုလာကတော့ သူ့ အသင်း အခြေအနေ မဟန်ဘူး ဆိုထားပါတယ်။

ဂွာဒီယိုလာရဲ့ ‘one percent’ အပြောကို ဘယ်လို သဘောရလဲ လို့ မေးခွန်း ထုတ်ခံခဲ့ရရာ အန်ဆယ်လော့တီက –

” သူ ညာနေတာပါ၊ သူ တကယ် အဲဒီလို မတွေးပါဘူး။ ကျွန်တော်တို့ကလည်း နောက်တဆင့် တက်ဖို့ ၉၉% အခွင့်အရေး ရှိတယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့မှာ အားသာချက် သေးသေးလေး ရထားတယ်၊ ဒါကို အားပြုပြီး အခွင့်ကောင်း ယူဖို့သာ ကြိုးစားရမှာပဲ။

ပထမ အကျော့တုန်းကလိုပဲ ကျွန်တော်တို့ ကြိုးစား ကစားကြမယ်။ အခက်အခဲတွေ ရှိနိုင်တာကိုလည်း ထည့်တွက်ထားတယ်။ ကျွန်တော်တို့ သေချာ ပြင်ဆင်ပြီး ကြိုးစားမှာပါ။ ” လို့ ပွဲကြိုမှာ တုန့်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် နဲ့ မန်စီးတီး အသင်းတို့ဟာ ဒီည ၂ နာရီခွဲ အချိန် စပိန်မြေမှာ ဒုတိယ အကျော့ ယှဉ်ပြိုင် ကစားကြတော့မှာပါ။