အဝေးကွင်းမှာ စပါးကို ၆ ဂိုးသွင်းတဲ့ လီဗာပူးအသင်းနဲ့ ပတ်သက်လို့ နဗီးရဲ့ ချန်ပီယံ မှတ်ချက်

လီဗာပူးအသင်းဟာ စပါးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ တိုက်စစ်သမား အားလုံးနီးပါး ဂိုးတွေ သွင်းယူခဲ့ပြီး ၃-၆ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

လီဗာပူးထံက ချန်ပီယံ ခြေစွမ်းမျိုး မြင်ခဲ့ရခြင်းဖြစ်ကာ ခက်ခဲမယ် ထင်မှတ်ထားတဲ့ ပွဲကို ကစားအားကော ခြေစွမ်းပါ အသာစီးဖြင့် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ စပါးအသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရခြင်းနဲ့အတူ အတော်လေး ရုန်းကန်ခဲ့ရတယ်။

ဂယ်ရီနဗီးကပဲ ” ဒီနေ့ပွဲကို လာကြည့်တဲ့ စပါးပရိသတ်တွေကတော့ ဒီလိုဖြစ်လာမယ်လို့ ထင်မိကြမှာ မဟုတ်ပါဘူး။ ဒီပွဲက သူတို့ မြင်လိုတဲ့ ပွဲမျိုး မဟုတ်ပါဘူး။ ဒီပွဲကြည့်ရတာ နာကျင်ရတယ်။ ဒါက မြင်နေကျ တော်တင်ဟမ်ပါပဲ။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

လီဗာပူးကတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း အတည်ငြိမ်ဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းနိုင်ခဲ့တယ်။ ၅ ဂိုးပြတ်သွားချိန် ပေါ့ဆခဲ့ပေမယ့် ဒီယက်ဇ်ကရဲ့ ၆ ဂိုးမြောက် သွင်းဂိုးက အနိုင်ကို သေချာစေခဲ့ပါတယ်။

လီဗာပူးနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးကတော့ ” သူတို့ရဲ့ ကောင်တာတိုက်စစ်တွေက ကောင်းလွန်းတယ်ဗျ။ ပြေးချက်နဲ့ ပေးချက်တွေက ချိန်သားကိုက် ပြီးပြည့်စုံတယ်။

အဆုံးသတ်ပိုင်းတွေမှာ ရူးလောက်တဲ့ အနေအထားမျိုး မြင်ရသလို ဖလား အောင်မြင်နိုင်မယ့် အရည်အချင်းတွေ ပြသတဲ့ပွဲပါ။ လီဗာပူးတို့ သိပ်ကောင်းခဲ့တဲ့ နေ့ပါပဲ ” ဆိုပြီး ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။