ပေါမာဆန်ရဲ့ ကြားရက် ပရီးမီးယားလိဂ် ပွဲတွေ အတွက် သုံးသပ်ခန့်မှန်းချက်များ

ဒီတပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲတွေ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

Southampton vs Chelsea

ဒီပွဲ ချယ်ဆီး အနိုင်ရလဒ်ကလွဲပြီး တခြား မမြင်ပါဘူး။ သူတို့က လောလောဆယ် သိပ် ထူးချွန်နေပြီး လိဂ်မှာ အဆင့် ၃ ပါ။ ဒါကလည်း အက္ခရာစဉ်ကြောင့်သာ ၃ ဖြစ်နေတာပါ။

ဒီပွဲမှာလည်း ကိုးလ် ပါမာက နေရာလွတ်တွေကြား ပျော်ပျော်ကြီး လှုပ်ရှားနိုင်ဦးမယ် ထင်တယ်။ ဆောက်သမ်တန်က သူတို့ကို ဒုက္ခပေးနိုင်မယ် မထင်ဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Southampton 0-3 Chelsea

Manchester City vs Nottingham Forest

စီးတီးကို ဒီပွဲ အနိုင်လို့ ကျွန်တော် ခန့်မှန်းချင်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးက နော်တင်ဟမ် ဖောရက်စ် အကြိုက်ပဲ။ သူတို့က ကောင်တာ သိပ်ကောင်းလွန်းပြီး မန်စီးတီး ကစားပုံနဲ့ သွား ကိုက်နေတယ်။

စီးတီးသာ အဖွင့် မိနစ် ၂ဝ အတွင်း ဂိုးမသွင်းနိုင်ရင် သူတို့ ဒုက္ခများမှာပါ။ ဒီပွဲကို ရှုံးလိုက်ရင် သူတို့ top four ထဲတောင် ဝင်တော့မယ့် ပုံ မပေါ်ဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 2-1 Nottingham Forest

Newcastle United vs Liverpool

လီဗာပူး က ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ်တို့ကို တစ်ပတ်လောက် အတွင်း တောက်လျောက် နိုင်ခဲ့တာ ဆိုရင် .. တကယ်ကို ဝိုး ဖြစ်သွားရတော့မှာပါ။ ဒီလို လုပ်ပြနိုင်တဲ့ အသင်း များများ မရှိနိုင်ဘူး။

ဆာလာနဲ့ ဆို ဘယ်သူ တွဲ ကစားကစား၊ လီဗာပူး ဂိုးသွင်းမယ်လို့ လောင်းကြေးထပ်လို့ ရပါတယ်။ တခြား အသင်းတွေဆို ဒီလို ပြောစရာ မရှိဘူး။ ဒါကပဲ လီဗာပူးရဲ့ အားသာချက်ကြီး ဖြစ်နေတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Newcastle United 1-2 Liverpool

Arsenal vs Manchester United

ဒီပွဲကလည်း အာဆင်နယ် အနိုင်က လွဲလို့ တခြား ဖြစ်စရာ မမြင်ဘူး။ သက်တောင့်သက်သာ လွယ်လွယ် ကူကူပဲ ဖြစ်လိမ့်မယ်။ ဒီပွဲ အာဆင်နယ် ၃-၄ ဂိုးလောက်တောင် အပြတ်နိုင်မယ်လို့ ကျွန်တော်က မှန်းချင်တယ်။ သူတို့ မန်ချက်စတာ ယူနိုက်တက်ကို လုံးဝ ဖျက်ဆီးပြလိမ့်မယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 3-0 Manchester United

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Ipswich Town 2-1 Crystal Palace
Leicester City 1-2 West Ham United
Everton 1-2 Wolves
Aston Villa 2-1 Brentford
Fulham 2-2 Brighton & Hove Albion
Bournemouth 2-1 Tottenham Hotspur