ကျော်ကြားလှတဲ့ အန်ဖီးကွင်းထဲမှာ ယူနိုက်တက် ကစားသမား ၂ ဦးရဲ့ ဂျာစီကို ချိတ်ဆွဲထား

လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အပြင်းထန်ဆုံး ဒါဘီပြိုင်ဘက်တွေဖြစ်ပြီး ခါးသီးလှတဲ့ ဇာတ်လမ်းတွေလည်း ကိုယ်စီ ပိုင်ဆိုင်ခဲ့ကြဖူးပါတယ်။

လီဗာပူးရဲ့ ဟေးဘရော့နဲ့ ယူနိုက်တက်ရဲ့ မြူနစ် ဖြစ်ရပ်ဆိုးတွေဟာ နှစ်သင်း ပရိသတ်တွေကြား အချင်းချင်း လှောင်ပြောင်ကြတဲ့ထိ ဆိုးရွားတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တဲ့ နှစ်သင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကုန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး ပြိုင်ဘက်နှစ်သင်းဟာ မုန်းတီးတဲ့ ဆက်ဆံရေးအစား လေးစားမှုဖြင့် ဆက်ဆံခြင်းတွေကို အဆင့်မြင့်တက်လာခဲ့ကြတယ်။

အစိတ်အပိုင်း တစ်ရပ်အဖြစ်တော့ လီဗာပူးအသင်းဟာ သူတို့ရဲ့ နာမည်ကျော် အန်ဖီးကွင်းမှာ လာကစားတဲ့ အကောင်းဆုံး ပြိုင်ဘက်တွေကို ဂုဏ်ပြုမှုလုပ်ထားရာမှာ ခါးသီးပြိုင်ဘက် ယူနိုက်တက်ရဲ့ ကစားသမား ၂ ဦး ဂျာစီကိုလည်း လေးလေးစားစား ချိတ်ဆွဲပြထားပါတယ်။

အန်ဖီး အဝတ်လဲခန်းထဲ ပြသခံထားရတဲ့ ဂျာစီပိုင်ရှင်တွေက ရွိုင်ကိန်းနဲ့ ရော်နယ်ဒိုတို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ဂျာစီကို လီဗာပူးမှာပဲ ဘဝတစ်လျှောက်လုံး ကစားခဲ့တဲ့ ကာရေဂါက သူရင်ဆိုင်ဖူးသမျှ အကြီးအကျယ်ဆုံး ပြိုင်ဘက်တွေအဖြစ် ရွေးချယ်ခြင်းကြောင့် ချိတ်ဆွဲထားခြင်း ဖြစ်ပါတယ်။

အခြားသော နာမည်ကျော်တွေအဖြစ် မက်ဆီ၊ အွန်နရီ၊ ဘူဖွန်၊ ကာနယ်ဗာရိုးတို့ရဲ့ ဂျာစီတွေကိုလည်း အန်ဖီးကွင်းရဲ့ နာမည်ကျော် ပြိုင်ဘက်တွေအဖြစ် ထည့်သွင်း ပြသထားတာဖြစ်ပါတယ်။