လီဗာပူးတိုက်စစ်မှူး မိုဆာလာကတော့ သူ အန်ဖီးမှာ ဆက်နေဖို့ထက် ထွက်သွားဖို့က ပိုရာနှုန်းများနေကြောင်း ထုတ်ပြောလာပါတယ်။
မိုဆာလာဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်မှာဖြစ်ပေမယ့် အခုချိန်ထိ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှုတွေ မလုပ်သေးပါဘူး။ လာမယ့် ဇန်နဝါရီမှာဆိုရင် အင်္ဂလန်ပြင်ပ ကလပ်တွေဟာ ဆာလာကို အကြိုသဘောတူညီမှုရရေး ညိနှိုင်းလို့ရတော့မှာပါ။
နောက်ဆုံးဘောလုံးရာသီမှာ ဆုဖလားအောင်မြင်ရေးပဲ စိတ်ထဲ ထည့်ထားပေမယ့် စာချုပ်ကိစ္စ အခြေအနေ တိုးတက်မလာတာကို စိတ်ပျက်မိကြောင်း ဆာလာက အခုလို ပြောသွားခဲ့ပါတယ်။
“ ဒီဇင်ဘာတောင် ရောက်တော့မှာဆိုပေမယ့် လီဗာပူးအသင်းဘက်ကနေ စာချုပ်သစ် တရားဝင် ကမ်းလှမ်းတာမျိုးကို မရသေးပါဘူး။ အသင်းမှာ ဆက်နေဖို့ထက် ရာသီကုန်ရင် ထွက်သွားဖို့က ပိုများနေပါတယ်။
ကျနော်က မကြာခင် ဘောလုံးကစားသမားဘဝကနေ အနားယူမယ့်သူလည်း မဟုတ်ဘူး။ ဘောလုံး ဆက်ကစားနေဦးမှာပါ။ ဒီရာသီကို အာရုံစိုက်မယ်၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေ အောင်မြင်ဖို့ ကြိုးစားမယ်။
စာချုပ်ကိစ္စ အခုချိန်ထိ ရောက်မလာသေးတာကို စိတ်ပျက်မိပေမယ့် စောင့်ကြည့်ကြတာပေါ့ ” လို့ မိုဆာလာက ဆိုသွားခဲ့ပါတယ်။