လီဗာပူးအတြက္ သတင္းေကာင္းကို အတည္ျပဳေပးသြားတဲ့ အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္

[Zawgyi] အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ မတ္လထဲမွာ ယွဥ္ျပိဳင္ကစားရမယ့္ လက္ေရြးစင္ပြဲေတြမွာ ဆာလက္ကို ေရြးခ်ယ္ျခင္း မျပဳပါဘူးဆိုတဲ့ အတည္ျပဳခ်က္ကို ထုတ္ျပန္မႈ ျပဳလုပ္သြားပါတယ္။ အဆိုပါ လထဲမွာေတာ့ အီဂ်စ္အသင္းဟာ ႏိုင္ဂ်ီးရီးယား၊ နီဂ်ာ လက္ေရြးစင္အသင္းေတြနဲ႔ အာဖရိကဖလား ေျခစစ္ပြဲ ကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ဒုတိယဥကၠဌျဖစ္သူက လီဗာပူး တိုက္စစ္သမားကို မတ္လ 22 ရက္နဲ႔ မတ္လ 26 ရက္ေတြမွာ ယွဥ္ျပိဳင္ကစားမယ့္ လက္ေရြးစင္အဆင့္ ပြဲအတြက္ ေရြးခ်ယ္ျခင္း မျပဳေၾကာင္း အတည္ျပဳေပးသြားတာ ျဖစ္တယ္။

၄င္းကပဲ “ ဆာလက္ဟာ အာဖရိကဖလား ေျခစစ္ပြဲအျဖစ္ နီဂ်ာအသင္းနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲမွာေကာ၊ ႏုိင္ဂ်ီးရီးယားနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ခ်စ္ၾကည္ေရးပြဲမွာေကာ ပါဝင္သြားမွာ မဟုတ္ပဲ လူစာရင္းကေန ခ်န္လွပ္ခဲ့မွာပါ ” လို႔ အတည္ျပဳပါတယ္။

ဆာလက္ကို ဖယ္ထုတ္သြားတဲ့ အဆိုပါ ရက္ေလာက္မွာေတာ့ လီဗာပူးက မတ္လ 17 ရက္မွာ ဖူလ္ဟမ္၊ မတ္လ 31 ရက္မွာ ေတာ္တင္ဟမ္တို႔နဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားရဖို႔ ရွိေနတာျဖစ္တယ္။ ဆာလက္ကို မဲဝုဒ္မွာပဲ ဆက္ထိန္းႏိုင္မွာက ယာဂင္ကေလာ့ပ္အတြက္ အေကာင္းျမင္ႏုိင္တဲ့ သတင္းလည္း ျဖစ္လာခဲ့ပါတယ္။

လီဗာပူးဟာ ဒီရာသီမွာ 1990 ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလားကို ျပန္လည္အႏိုင္ယူဖို႔ အေျခအေန ေကာင္းေတြ ပိုင္ဆိုင္ေနတာျဖစ္တယ္။ လက္က်န္ ေဘာလံုးရာသီမွာ မန္စီးတီးက ဖလားေလးလံုး ျပိဳင္ပြဲကို ဝင္ေရာက္ေနရျပီး လီဗာပူးက ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကိုပဲ အာရံုစိုက္ရမွာျဖစ္တယ္။

ဆာလက္ကို ၾကံ႕ခိုင္မႈ အေကာင္းဆံုးျဖင့္ ထိန္းသိမ္းႏုိင္ျခင္းဟာ လီဗာပူးရဲ႕ပြဲေတြအတြက္ေကာ၊ ကစားသမားရဲ႕ စြမ္းေဆာင္ရည္ကိုပါ အျမင့္ဆံုးအေနအထားမွာ ရွိေစဖို႔ အေထာက္အပံ့ျဖစ္လာမယ္ ေမွ်ာ္လင့္ရပါတယ္။

Sports Home Time

[Unicode] အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကတော့ မတ်လထဲမှာ ယှဉ်ပြိုင်ကစားရမယ့် လက်ရွေးစင်ပွဲတွေမှာ ဆာလက်ကို ရွေးချယ်ခြင်း မပြုပါဘူးဆိုတဲ့ အတည်ပြုချက်ကို ထုတ်ပြန်မှု ပြုလုပ်သွားပါတယ်။ အဆိုပါ လထဲမှာတော့ အီဂျစ်အသင်းဟာ နိုင်ဂျီးရီးယား၊ နီဂျာ လက်ရွေးစင်အသင်းတွေနဲ့ အာဖရိကဖလား ခြေစစ်ပွဲ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌဖြစ်သူက လီဗာပူး တိုက်စစ်သမားကို မတ်လ 22 ရက်နဲ့ မတ်လ 26 ရက်တွေမှာ ယှဉ်ပြိုင်ကစားမယ့် လက်ရွေးစင်အဆင့် ပွဲအတွက် ရွေးချယ်ခြင်း မပြုကြောင်း အတည်ပြုပေးသွားတာ ဖြစ်တယ်။

၎င်းကပဲ “ ဆာလက်ဟာ အာဖရိကဖလား ခြေစစ်ပွဲအဖြစ် နီဂျာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲမှာကော၊ နိုင်ဂျီးရီးယားနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချစ်ကြည်ရေးပွဲမှာကော ပါဝင်သွားမှာ မဟုတ်ပဲ လူစာရင်းကနေ ချန်လှပ်ခဲ့မှာပါ ” လို့ အတည်ပြုပါတယ်။

ဆာလက်ကို ဖယ်ထုတ်သွားတဲ့ အဆိုပါ ရက်လောက်မှာတော့ လီဗာပူးက မတ်လ 17 ရက်မှာ ဖူလ်ဟမ်၊ မတ်လ 31 ရက်မှာ တော်တင်ဟမ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ ရှိနေတာဖြစ်တယ်။ ဆာလက်ကို မဲဝုဒ်မှာပဲ ဆက်ထိန်းနိုင်မှာက ယာဂင်ကလော့ပ်အတွက် အကောင်းမြင်နိုင်တဲ့ သတင်းလည်း ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ 1990 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ပြန်လည်အနိုင်ယူဖို့ အခြေအနေ ကောင်းတွေ ပိုင်ဆိုင်နေတာဖြစ်တယ်။ လက်ကျန် ဘောလုံးရာသီမှာ မန်စီးတီးက ဖလားလေးလုံး ပြိုင်ပွဲကို ဝင်ရောက်နေရပြီး လီဗာပူးက ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်ရမှာဖြစ်တယ်။

ဆာလက်ကို ကြံ့ခိုင်မှု အကောင်းဆုံးဖြင့် ထိန်းသိမ်းနိုင်ခြင်းဟာ လီဗာပူးရဲ့ပွဲတွေအတွက်ကော၊ ကစားသမားရဲ့ စွမ်းဆောင်ရည်ကိုပါ အမြင့်ဆုံးအနေအထားမှာ ရှိစေဖို့ အထောက်အပံ့ဖြစ်လာမယ် မျှော်လင့်ရပါတယ်။

Sports Home Time