နာမည်သစ်တစ်ဦး ပါဝင်လာတဲ့ မန်စီးတီးရဲ့ ချန်ပီယံလိဂ် ရှူံးထွက်အဆင့် နာမည်စာရင်း တင်သွင်းမှု
Sports Home Time
[Unicode] မန်စီးတီးဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ပွဲတွေအတွက် နာမည်စာရင်း တင်သွင်းမှုကို ပြုလုပ်လာခဲ့ပါပြီ။ အဆိုပါ စာရင်းမှာတော့ အုပ်စုအဆင့်ပွဲတွေမှာ ခြေထောက်ဒဏ်ရာကြောင့် မပါဝင်ထားတဲ့ ဂိုးသမား ဘရာဗိုကို ပြန်လည်ထည့်သွင်းမှု ပြုလုပ်လာခဲ့ပါတယ်။
မန်စီးတီးဟာ ခံစစ်သမား မန်လာဂါကို ဖယ်ထုတ်ခဲ့ပြီး အဆိုပါ စာရင်းမှာ ဘရာဗိုကို ထည့်သွင်းခဲ့တာပါ။ နောက်ပြီး အငှားချရာက ပြန်ခေါ်ထားတဲ့ အသက် 19 နှစ်အရွယ် လူငယ်ဂိုးသမားလေး မူရစ်ကိုလည်း ချန်ပီယံလိဂ် လူစာရင်းမှာ ထည့်သွင်းမှု ပြုလုပ်လာခဲ့ပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ် 16 သင်းအဆင့်မှာတော့ ရှော်ကေးအသင်းနဲ့ ထိပ်တိုက်တွေ့နေတာဖြစ်တယ်။ မန်စီးတီးရဲ့ B list စာရင်းမှာတော့ ကလပ်အသင်းမှာ ရှိနေခဲ့တာ နှစ်ရာသီရှိပြီဖြစ်တဲ့ ဂျီးဆုကို ထည့်သွင်းခဲ့ပါတယ်။ အသက်အရွယ် အပိုင်းအခြားကအရ လူငယ်ခံစစ်သမား ဆန်ဒလာကိုတော့ A list စာရင်းကို ပြောင်းလဲ ထည့်သွင်းခဲ့ပါတယ်။
ချန်ပီယံလိဂ်ကလပ်တွေဟာ ချန်ပီယံလိဂ်လူစာရင်း 25 ဦးကို နာမည်သွင်းခွင့်ရပါတယ်။ အဲ့သည်ထဲမှာ ဒေသခံကစားသမားမဟုတ်တဲ့ တနည်းအားဖြင့် သက်ဆိုင်ရာကလပ်ရဲ့ လိဂ်တွေက ထွက်ပေါ်လာသူ မဟုတ်တဲ့ ကစားသမားတွေကို နာမည်စာရင်း တင်သွင်းရာမှာ 17 ဦးထိပဲ ရမှာဖြစ်တယ်။ လူငယ်တွေကိုတော့ B list ကနေ နာမည်စာရင်း တင်လို့ရမှာဖြစ်ပါတယ်။
Manchester City’s Updated Champions League Squad
Non-locally trained players: Claudio Bravo, Ederson, Danilo, Vincent Kompany, Aymeric Laporte, Benjamin Mendy, Nicolas Otamendi, Philippe Sandler, Ilkay Gundogan, Kevin de Bruyne, Leroy Sane, Bernardo Silva, David Silva, Fernandinho, Riyad Mahrez, Oleksandr Zinchenko,
Locally-trained players: Daniel Grimshaw, Kyle Walker, John Stones, Raheem Sterling, Fabian Delph
B List: Aro Muric, Cameron Humphreys, Phil Foden, Felix Nmecha, Gabriel Jesus
B List ကစားသမားစာရင်းကိုတော့ အသက် 21 နှစ်အောက် လူငယ်တွေကို ထည့်သွင်းခွင့်ရထားတာ ဖြစ်ပါတယ်။
Sports Home Time