ဒီရာသီ ပရီးမီးယားလိဂ်ကို မန်စီးတီး၊ အာဆင်နယ်တို့ပဲ အဓိက ယှဉ်ပြိုင်နိုင်မယ် ထင်ခဲ့ကြပေမယ့် လက်ရှိမှာ လီဗာပူးလည်း ပြန်လည် ပါဝင်လာနေပါပြီ။
ဆလော့ရဲ့ အသင်းဟာ ရရမယ့် ၂၄ မှတ်ထဲက ၂၁ မှတ်ထိ ယူထားနိုင်ကာ တနင်္ဂနွေနေ့မှာတော့ ချန်ပီယံပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။
သရဲနီဟောင်းကြီး ပေါစခိုးကတော့ အဆိုပါပွဲမတိုင်ခင် လီဗာပူးကို ရွေးထုတ် ချီးကျူးလိုက်သလို ဂွာဒီယိုလာက အာတီတာရဲ့ အသင်းထက် ဆလော့ရဲ့ အသင်းကို ပို စိုးရိမ်လိမ့်မယ်လို့ သုံးသပ်ပေးသွားပါတယ်။
‘ ကျနော်ကတော့ လီဗာပူး လူစာရင်းဟာ အာဆင်နယ်ထက် သာတယ်လို့ မြင်ပါတယ်။ ဂွာဒီယိုလာက အာဆင်နယ်ထက် လီဗာပူးကို ပိုပြီး စိုးရိမ်ယမလို့လည်း မြင်မိပါတယ် ’ ဆိုပြီး ပေါစခိုးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ကွာလတီကို ယူနိုက်တက်နဲ့ပွဲတည်းက သူ သတိပြုမိတယ်လို့ ပေါစခိုးက ဝန်ခံပါတယ်။ အာနယ် ဆလော့ရဲ့ အသင်းဟာ တန်ဟက်ရဲ့ အသင်းကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သေးတာပါ။
‘ သူတို့မှာ ကစားနိုင်တဲ့သူတွေရှိတယ်၊ ဒါက အားသာချက်ကြီးပဲ။ အိုးထရတ်ဖိုဒ့်က ပွဲမှာ ယူနိုက်တက်ကို ရင်ဆိုင်သွားတည်းက သူတို့အသင်းကို သတိထားမိခဲ့တယ်။ သူတို့မှာ တကယ့် ကွာလတီတွေ ရှိနေတယ်။ ’ လို့လည်း မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။