ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်သွားပေမယ့် လီဗာပူးအသင်း လမ်းကြောင်းမှန်ပေါ်မှာ ဖလားစိန်ခေါ်တော့မယ်ဆိုတဲ့ အပြောမျိုးကို အာနယ် ဆလော့က လက်မခံပါဘူး။
သတင်းထောက်တွေက လီဗာပူးအသင်း ပရီးမီးယားလိဂ် စိန်ခေါ်နိုင်မလား ဆိုတဲ့ မေးခွန်းအား ဆလော့ကို တိုက်ရိုက် မေးခဲ့ကြတယ်။
နိမ့်ချစွာဘဲ အာနယ် ဆလော့ဟာ အရင် နှစ်နှစ်တုန်းက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် နှစ်ခုလုံးကို ယှဉ်ပြိုင်စဉ်က သူတို့အသင်းဟာ ရာသီကုန်မှာ အဆင့် ၅ မှာပဲ ရှိခဲ့ပါတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
အာနယ် ဆလော့ကတော့ ” ကျနော်က အမြဲတမ်း အရှိတရားကို လက်ခံဖို့ ကြိုးစားပါတယ်။ လီဗာပူးမှာ ယာဂင်ကလော့ပ် ဘယ်လောက်တောင် အလုပ်ကြိုးစားခဲ့လဲ လူတိုင်းသိပါတယ်။
အရင် နှစ်နှစ်တုန်းက လီဗာပူးအသင်း ချန်ပီယံလိဂ်မှာ နောက်ဆုံးကစားခဲ့တုန်းက အသင်းဟာ အဆင့် ၅ နေရာမှာပဲ ရာသီသိမ်းခဲ့ပါတယ်။
အခုချိန်မှာ ကျနော်တို့ သက်သေပြချင်တာက လီဗာပူးဟာ ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်ဆိုတာပါပဲ ” လို့ ဆိုခဲ့တာပါ။
ဆလော့ကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် ၁၉ သင်းလုံးနဲ့ ယှဉ်ပြိုင်ပြီးမှပဲ အသင်းရဲ့ အလားအလာကို ကြည့်ကြဖို့နဲ့ အခုလို ၆ ပွဲလောက်နဲ့ ခေါင်းစဉ်ကြီးတွေ မရလိုသေးကြောင်း ဆက်ပြောခဲ့သေးတာဖြစ်ပါတယ်။