ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္လူစာရင္း အေျပာင္းအလဲ ထုတ္ျပန္မႈ ျပဳလုပ္လာ

[Zawgyi] ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္အတြက္ လူစာရင္းတင္သြင္းမႈ ထပ္မံ ျပဳလုပ္ခဲ့ျပီျဖစ္ျပီး တရုတ္ကလပ္ Shandong Luneng ကို ေျပာင္းေရႊ႔သြားတဲ့ ဖယ္လာနီကို ဖယ္ထုတ္ခဲ့ျပီျဖစ္ပါတယ္။

တရုတ္ကလပ္ထံ ေပါင္ 10 သန္းနဲ႔ ေရာက္ရွိသြားတဲ့ ဖယ္လာနီဟာ ပီအက္ဂ်ီပြဲအၾကိဳ ယူႏုိက္တက္ရဲ႕ လူစာရင္းမွာ မပါဝင္ေတာ့တဲ့ တစ္ဦးတည္းေသာ စီနီယာကစားသမားလည္းျဖစ္တယ္။ ယူႏိုက္တက္ရဲ႕ လူစာရင္းမွာ စေကာ့တလန္လိဂ္ကလပ္ Rochdale ကို ျပီးခဲ့တဲ့လက အငွားထြက္ခဲ့တဲ့ Ethan Hamilton လည္း ပါဝင္ေနပါတယ္။

အသက္ 17 ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ဂါနာနဲ႔ ဂရင္းဝုဒ္တို႔ကိုလည္း ခ်န္ပီယံလိဂ္လူစာရင္းထဲ ထည့္သြင္းထားခဲ့တယ္။ သူတို႔ႏွစ္ဦးဟာ အုပ္စုတြင္း ေနာက္ဆံုးျပိဳင္ပြဲျဖစ္တဲ့ ဗလန္စီယာနဲ႔ပြဲမွာ အရန္စာရင္းက ပါဝင္ခြင့္ရခဲ့တယ္။ ဂ်ဴဗင္တပ္ကို အိမ္ကြင္းမွာ အေရးနိမ့္တဲ့ပြဲမွာ အရန္လူစာရင္းက ပါဝင္ခြင့္ရတဲ့ တာဟစ္ေခ်ာင္ကိုလည္း ျပန္လည္ ထည့္သြင္းလာခဲ့ပါတယ္။

အရင္အပတ္တုန္းကေတာ့ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြက္ ယူႏုိက္တက္ရဲ႕ မန္ေနဂ်ာစာရင္းမွာ ေမာ္ရင္ညိဳနာမည္ ပါဝင္ဆဲျဖစ္ေပမယ့္ လူစာရင္း တင္မႈနဲ႔အတူ ဆိုးရွားကို ေျပာင္းလဲခဲ့ျပီလည္းျဖစ္တယ္။ ဆိုးရွားကေတာ့ အကယ္ဒမီ လူငယ္ကစားသမားေတြကို ေနရာေပးမယ္ဆိုတဲ့အေၾကာင္း ထုတ္ေျပာထားပါတယ္။

” က်ေန္ာတို႔အသင္းမွာ ထူးခၽြန္တဲ့ လူငယ္ကစားသမားေတြ အနည္းငယ္ရွိတာကို ခင္ဗ်ားတို႔လည္း ျမင္ၾကမွာပါ။ လာမယ့္ရာသီမွာ သူတို႔ေတြအေၾကာင္း ပိုမိုသိရတာ ျဖစ္ႏိုင္ပါတယ္။ က်ေနာ္အလုပ္က ရာသီကုန္မွာ အသင္းကို ပိုေကာင္းတဲ့ေနရာကို ပို႔ေဆာင္ေပးႏိုင္ဖုိ႔ပါ။ ေမဆန္၊ ဂါနာ၊ အီသန္းနဲ႔ လူငယ္အသင္းမွာ ကစားသမားေလးေတြက အေကာင္းဆံုး လုပ္ေနတယ္။ ” ဆိုျပီး ဆိုးရွားက ေျပာခဲ့ပါတယ္။

United’s Updated Champions League Squad

Goalkeepers: David de Gea, Sergio Romero, Lee Grant

Defenders: Diogo Dalot, Matteo Darmian, Antonio Valencia, Chris Smalling, Phil Jones, Victor Lindelof, Eric Bailly, Marcos Rojo, Ashley Young, Luke Shaw

Midfielders: Paul Pogba, Andreas Pereira, Fred, Ander Herrera, Nemanja Matic, Scott McTominay, James Garner, Ethan Hamilton, Juan Mata, Jesse Lingard

Forwards: Alexis Sanchez, , Romelu Lukaku Anthony Martial, Marcus Rashford, Mason Greenwood, Tahith Chong

Sports Home Time

[Unicode] ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်အတွက် လူစာရင်းတင်သွင်းမှု ထပ်မံ ပြုလုပ်ခဲ့ပြီဖြစ်ပြီး တရုတ်ကလပ် Shandong Luneng ကို ပြောင်းရွှေ့သွားတဲ့ ဖယ်လာနီကို ဖယ်ထုတ်ခဲ့ပြီဖြစ်ပါတယ်။

တရုတ်ကလပ်ထံ ပေါင် 10 သန်းနဲ့ ရောက်ရှိသွားတဲ့ ဖယ်လာနီဟာ ပီအက်ဂျီပွဲအကြို ယူနိုက်တက်ရဲ့ လူစာရင်းမှာ မပါဝင်တော့တဲ့ တစ်ဦးတည်းသော စီနီယာကစားသမားလည်းဖြစ်တယ်။ ယူနိုက်တက်ရဲ့ လူစာရင်းမှာ စကော့တလန်လိဂ်ကလပ် Rochdale ကို ပြီးခဲ့တဲ့လက အငှားထွက်ခဲ့တဲ့ Ethan Hamilton လည်း ပါဝင်နေပါတယ်။

အသက် 17 နှစ်အရွယ်ပဲ ရှိသေးတဲ့ ဂါနာနဲ့ ဂရင်းဝုဒ်တို့ကိုလည်း ချန်ပီယံလိဂ်လူစာရင်းထဲ ထည့်သွင်းထားခဲ့တယ်။ သူတို့နှစ်ဦးဟာ အုပ်စုတွင်း နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဗလန်စီယာနဲ့ပွဲမှာ အရန်စာရင်းက ပါဝင်ခွင့်ရခဲ့တယ်။ ဂျူဗင်တပ်ကို အိမ်ကွင်းမှာ အရေးနိမ့်တဲ့ပွဲမှာ အရန်လူစာရင်းက ပါဝင်ခွင့်ရတဲ့ တာဟစ်ချောင်ကိုလည်း ပြန်လည် ထည့်သွင်းလာခဲ့ပါတယ်။

အရင်အပတ်တုန်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ယူနိုက်တက်ရဲ့ မန်နေဂျာစာရင်းမှာ မော်ရင်ညိုနာမည် ပါဝင်ဆဲဖြစ်ပေမယ့် လူစာရင်း တင်မှုနဲ့အတူ ဆိုးရှားကို ပြောင်းလဲခဲ့ပြီလည်းဖြစ်တယ်။ ဆိုးရှားကတော့ အကယ်ဒမီ လူငယ်ကစားသမားတွေကို နေရာပေးမယ်ဆိုတဲ့အကြောင်း ထုတ်ပြောထားပါတယ်။

” ကျနေ်ာတို့အသင်းမှာ ထူးချွန်တဲ့ လူငယ်ကစားသမားတွေ အနည်းငယ်ရှိတာကို ခင်ဗျားတို့လည်း မြင်ကြမှာပါ။ လာမယ့်ရာသီမှာ သူတို့တွေအကြောင်း ပိုမိုသိရတာ ဖြစ်နိုင်ပါတယ်။ ကျနော်အလုပ်က ရာသီကုန်မှာ အသင်းကို ပိုကောင်းတဲ့နေရာကို ပို့ဆောင်ပေးနိုင်ဖို့ပါ။ မေဆန်၊ ဂါနာ၊ အီသန်းနဲ့ လူငယ်အသင်းမှာ ကစားသမားလေးတွေက အကောင်းဆုံး လုပ်နေတယ်။ ” ဆိုပြီး ဆိုးရှားက ပြောခဲ့ပါတယ်။

United’s Updated Champions League Squad

Goalkeepers: David de Gea, Sergio Romero, Lee Grant

Defenders: Diogo Dalot, Matteo Darmian, Antonio Valencia, Chris Smalling, Phil Jones, Victor Lindelof, Eric Bailly, Marcos Rojo, Ashley Young, Luke Shaw

Midfielders: Paul Pogba, Andreas Pereira, Fred, Ander Herrera, Nemanja Matic, Scott McTominay, James Garner, Ethan Hamilton, Juan Mata, Jesse Lingard

Forwards: Alexis Sanchez, , Romelu Lukaku Anthony Martial, Marcus Rashford, Mason Greenwood, Tahith Chong

Sports Home Time