ချန်ပီယံလိဂ် မဲခွဲမှုမှာ အကြပ်တည်းဆုံး ပွဲစဉ်ဇယား ပိုင်ဆိုင်ခဲ့တဲ့ ကလပ် (၂) သင်း

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ် မဲခွဲမှုတွေ ထွက်ပေါ်ခဲ့ပြီဖြစ်ကာ ကလပ်တွေဟာ မတူညီတဲ့ ပြိုင်ဘက် ၈ သင်းစီကို ရရှိခဲ့ပြီဖြစ်ပါတယ်။

ပွဲစဉ်အလိုက် အနိုင်အရှုံးကိုတော့ ကလပ် ၃၆ သင်းပါတဲ့ ချန်ပီယံလိဂ် အမှတ်ပေးဇယားထဲ ပေါင်းထည့်မှာဖြစ်ကာ ထိပ်ဆုံး ၈ သင်းဟာ ရှုံးထွက်ကို တိုက်ရိုက်တက်ခွင့် ရရှိပါမယ်။

အဆင့် ၉ ကနေ အဆင့် ၂၄ အတွင်း ကလပ် ၁၆ သင်းကတော့ play-off ပြန်ကစားရမှာဖြစ်ကာ အနိုင်ရတဲ့ ၈ သင်းကလည်း ရှုံးထွက်ကို တက်မှာဖြစ်ပြီး ရှုံးနိမ့်တဲ့ ၈ သင်းကတော့ ယူရိုပါလိဂ်ထံ ဆင်းကစားရမှာဖြစ်ပါတယ်။

ပွဲစဉ်အတိုင်းမှာ ရရှိမယ့် ရမှတ်နဲ့ သွင်းဂိုးတွေက အရေးပါလာမှာဖြစ်ကာ ကစားရမယ့် ၈ ပွဲလုံးမှာ အားချန်ကစားလို့ ရတော့မှာ မဟုတ်ပါဘူး။ ဒီနှစ် စနစ်သစ်မှာ အကြပ်တည်ဆုံး ပြိုင်ဘက်တွေ ရရှိခဲ့တာက ပီအက်စ်ဂျီနဲ့ လီဗာပူးပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီး၊ အက်သလက်တီကို မက်ဒရစ်၊ ပီအက်စ်ဗီ၊ ဂျီရိုနာတို့ကို ရင်ဆိုင်ရမှာဖြစ်ကာ အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ ဆဲလ်ဘတ်၊ စတုဂတ်တို့ဖြင့် ထိပ်တိုက်တွေ့ပါမယ်။

လီဗာပူးအသင်းဟာလည်း အိမ်ကွင်းမှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ လေဗာကူဆင်၊ လိုင်လီ၊ ဘိုလော့ညာတို့ကို ယှဉ်ပြိုင်ရဖို့ ရှိပြီး အဝေးကွင်းမှာ လိုက်ဇစ်၊ အေစီမီလန်၊ ပီအက်စ်ဗီ၊ ဂျီရိုနာတို့ဖြင့် ယှဉ်ပြိုင်ရပါမယ်။

ပီအက်စ်ဂျီနဲ့ လီဗာပူးတို့ဟာ ထိပ်ဆုံး ၈ သင်းထဲ ပါနိုင်တယ်လို့ တွက်ဆခံရပေမယ့် သူတို့ရဲ့ ပွဲစဉ်တွေ ကြပ်တည်းလွန်းတာကြောင့် play-off မှပဲ နောက်တစ်ဆင့် တက်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ပါ ခန့်မှန်းခံနေရတာ ဖြစ်ပါတယ်။