[Zawgyi] ယာဂင္ကေလာ့ပ္ဟာ လက္က်န္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ဖို႔အတြက္ လီဗာပူးအတြက္ နာမည္စာရင္း ေရြးထုတ္ရာမွာ ဦးစားေပး A list ကစားသမားစာရင္းကို သံုးဦး အေျပာင္းအလဲ ျပဳလုပ္ခဲ့ျပီျဖစ္ပါတယ္။
လီဗာပူးရဲ႕ A list ကစားသမား 25 ဦးစာရင္းမွာေတာ့ ပထမရာသီဝက္မွာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိပဲ ျပီးခဲ့တဲ့ႏွစ္ ဧျပီလမွာ ကတည္းက ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခဲ့တဲ့ ခ်ိန္ဘာလိန္ကို ထည့္သြင္းလာခဲ့ျပီျဖစ္တယ္။ မႏွစ္က လီဗာပူးအတြက္ ျပိဳင္ပြဲစံု 42 ပြဲ ကစားေပးခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ကိုယ္တုိင္ 5 ဂိုး သြင္းယူခဲ့ျပီး ဂိုးေထာက္ပံ့မႈ 8 ၾကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္တယ္။
ခ်ိန္ဘာလိန္ဟာ ရိုးမားနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ဒဏ္ရာရခဲ့မႈေၾကာင့္ 10 လၾကာ အနားယူေနခဲ့ရသူျဖစ္ျပီး ဇန္နဝါရီလကမွ လီဗာပူးရဲ႕ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ ျပန္လည္ပါဝင္လာတာပါ။ သူဟာ ေနာက္လထဲမွာေတာ့ လီဗာပူးအတြက္ ျပန္ကစားေပးမႈေတြ ျပဳလုပ္ႏိုင္မယ္လို႔ ခန္႔မွန္းထားရပါတယ္။
ေဖေဖာ္ဝါရီလ 19 ရက္မွာေတာ့ လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ အန္ဖီးကြင္းမွာ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ပထမအေက်ာ့ကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး ဒုတိယအေက်ာ့ကိုေတာ့ မတ္လ 13 ရက္ေန႔မွာ ဘိုင္ယန္ျမဴးနစ္ကြင္းထံ သြားေရာက္ ကစားရမွာျဖစ္တယ္။
လီဗာပူးဟာ A list စာရင္းမွာေတာ့ ဇန္နဝါရီကမွ အသက္ 17 ႏွစ္ ျပည့္ခဲ့တဲ့ ခံစစ္မွဴးဟိုဗာကိုလည္း ထည့္သြင္းလာခဲ့တယ္။ ဒါေပမယ့္လို႔ ပထမရာသီဝက္မွာ ခ်န္ပီယံလိဂ္လူစာရင္းထဲ ပါဝင္ခဲ့တဲ့ ကလိုင္းကေတာ့ ဘုန္းေမာက္ကို ေျပာင္းေရႊ႔သြားခဲ့လို႔ လူစာရင္းကေန ထုတ္ပယ္ခံခဲ့ရျပီျဖစ္ပါတယ္။
Liverpool’s Updated Champions League Squad
Goalkeepers: Alisson, Mignolet, Kelleher*, Grabara*
Defenders: Van Dijk, Lovren, Gomez*, Matip, Alexander-Arnold*, Robertson, Moreno, Camacho*, Hoever, Phillips*, Johnston*, Masterson*
Midfielders: Fabinho, Keita, Wijnaldum, Henderson, Milner, Oxlade-Chamberlain, Lallana, Jones*, Chirivella*
Forwards: Salah, Mane, Firmino, Shaqiri, Sturridge, Origi, Brewster*
* ျပထားတဲ့ ကစားသမားေတြကေတာ့ B List ကစားသမားေတြျဖစ္ပါတယ္။
Sports Home Time
[Unicode] ယာဂင်ကလော့ပ်ဟာ လက်ကျန် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် လီဗာပူးအတွက် နာမည်စာရင်း ရွေးထုတ်ရာမှာ ဦးစားပေး A list ကစားသမားစာရင်းကို သုံးဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးရဲ့ A list ကစားသမား 25 ဦးစာရင်းမှာတော့ ပထမရာသီဝက်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ကတည်းက ဒဏ်ရာကြောင့် လွဲချော်နေခဲ့တဲ့ ချိန်ဘာလိန်ကို ထည့်သွင်းလာခဲ့ပြီဖြစ်တယ်။ မနှစ်က လီဗာပူးအတွက် ပြိုင်ပွဲစုံ 42 ပွဲ ကစားပေးခဲ့တဲ့ ချိန်ဘာလိန်ဟာ ကိုယ်တိုင် 5 ဂိုး သွင်းယူခဲ့ပြီး ဂိုးထောက်ပံ့မှု 8 ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်တယ်။
ချိန်ဘာလိန်ဟာ ရိုးမားနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒဏ်ရာရခဲ့မှုကြောင့် 10 လကြာ အနားယူနေခဲ့ရသူဖြစ်ပြီး ဇန်နဝါရီလကမှ လီဗာပူးရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာတာပါ။ သူဟာ နောက်လထဲမှာတော့ လီဗာပူးအတွက် ပြန်ကစားပေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းထားရပါတယ်။
ဖေဖော်ဝါရီလ 19 ရက်မှာတော့ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ အန်ဖီးကွင်းမှာ ချန်ပီယံလိဂ် 16 သင်းအဆင့် ပထမအကျော့ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ 13 ရက်နေ့မှာ ဘိုင်ယန်မြူးနစ်ကွင်းထံ သွားရောက် ကစားရမှာဖြစ်တယ်။
လီဗာပူးဟာ A list စာရင်းမှာတော့ ဇန်နဝါရီကမှ အသက် 17 နှစ် ပြည့်ခဲ့တဲ့ ခံစစ်မှူးဟိုဗာကိုလည်း ထည့်သွင်းလာခဲ့တယ်။ ဒါပေမယ့်လို့ ပထမရာသီဝက်မှာ ချန်ပီယံလိဂ်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ ကလိုင်းကတော့ ဘုန်းမောက်ကို ပြောင်းရွှေ့သွားခဲ့လို့ လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီဖြစ်ပါတယ်။
Liverpool’s Updated Champions League Squad
Goalkeepers: Alisson, Mignolet, Kelleher*, Grabara*
Defenders: Van Dijk, Lovren, Gomez*, Matip, Alexander-Arnold*, Robertson, Moreno, Camacho*, Hoever, Phillips*, Johnston*, Masterson*
Midfielders: Fabinho, Keita, Wijnaldum, Henderson, Milner, Oxlade-Chamberlain, Lallana, Jones*, Chirivella*
Forwards: Salah, Mane, Firmino, Shaqiri, Sturridge, Origi, Brewster*
* ပြထားတဲ့ ကစားသမားတွေကတော့ B List ကစားသမားတွေဖြစ်ပါတယ်။
Sports Home Time