အာဆင်နယ်က ဒီရာသီ ဆုံဖူးသမျှထဲ အကောင်းဆုံး အသင်းပါလို့ ဝန်ခံ ချီးကျူးလာတဲ့ ကာဆယ် နည်းပြ အက်ဒီဟောင်း

အာဆင်နယ် အသင်းကတော့ မနေ့ညက အမ်းမရိတ်မှာ နယူးကာဆယ်ကို ဧည့်ခံ ကစားရာ ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူကာ အစွမ်းပြသွားခဲ့ပါတယ်။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကတော့ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခဲ့ရပြီး ပွဲ အပြီးမှာ အခုလို ချီးကျူးဝန်ခံစကားပါ ဆိုခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သလား မေးခွန်းထုတ်ခံခဲ့ရရာ အက်ဒီဟောင်းက –

” ဒီနေ့ မြင်ရတဲ့ ခြေစွမ်းအရ သူတို့က ချန်ပီယံပြေးလမ်းမှာ အမှန်တကယ် ရှိနေပါသေးတယ်လို့ ပြောရမယ်။ သူတို့က ဒီရာသီ ကျွန်တော်တို့ ရင်ဆိုင်တွေ့တဲ့ထဲ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဒါ သေချာပါတယ်။ ” လို့ တုန့်ပြန်ပြောဆိုရင်း ချီးကျူးခဲ့တာပါ။

ဒါပေမယ့် နယူးကာဆယ်အသင်းရဲ့ ခြေစွမ်း မတည်ငြိမ်မှုနဲ့ ဒဏ်ရာ ပြသနာတွေကြောင့် ပွဲထွက်မှာ ကြံ့ခိုင်မှု မပြည့်ဝသူတွေကိုပါ ထည့်သွင်းခဲ့ရကြောင်းလည်း နည်းပြ အက်ဒီဟောင်းက ညည်းညူခဲ့ပါသေးတယ်။

အာဆင်နယ် အသင်းကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ ၂မှတ် အကွာ၊ စီးတီးနဲ့ ၁ မှတ် အကွာ ဖြင့် လိုက်လံ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။