[Zawgyi] ဘိုင္ယန္တိုက္စစ္မွဴး လီဝမ္ေဒါ့စကီးက ယာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕ ကစားသမားဘဝကို တိုးတက္ေစတယ္ဆိုတာကို ဝန္ခံလာခဲ့သလို ေဒါ့မြန္အသင္းမွာ ကေလာ့ပ္ ကိုင္တြယ္ခဲ့တဲ့ နည္းစနစ္ေတြအေၾကာင္းကို ဖြင့္ထုတ္မႈေတြ ျပဳလုပ္လာခဲ့ပါတယ္။
2010 ခုႏွစ္မွာ Lech Poznan ကေန ယာဂင္ကေလာပ့္ရဲ႕ ပ်ိဳးေထာင္မႈကို ခံခဲ့ရတဲ့ လီဝမ္ေဒါ့စကီးဟာ ဥေရာပရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္သမားတစ္ဦး ျဖစ္လာခဲ့တယ္။ 2014 မွာ ဘိုင္ယန္ျမဴးနစ္ကို မေျပာင္းခင္ထိ ယာဂင္ကေလာ့ပ္အတြက္ ပြဲေပါင္း 187 ပြဲ ကစားခဲ့ျပီး သြင္းဂိုး 103 ဂိုး သြင္းယူေပးႏို္ငခဲ့တာလည္းျဖစ္တယ္။
အသက္ 30 အရြယ္ ပိုလန္လက္ေရြးစင္ဟာ ဘိုင္ယန္အတြက္ေတာ့ 222 ပြဲ ကစားေပးျပီး 175 ဂိုး သြင္းယူေပးခဲ့ကာ ဘြန္ဒက္လီဂါဖလား 4 ၾကိမ္တုိင္ ကိုင္ေျမာက္ခြင့္ ရခဲ့ပါတယ္။
” ယာဂင္ကို ျမင္ရတိုင္း က်ေန္ာ ေပ်ာ္ပါတယ္။ ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ က်ေန္ာတို႔ ႏွစ္ဦးၾကား ေတြ႔ဆံုခ်ိန္ေတြ နည္းလာခဲ့ပါျပီ။ သူဟာ က်ေနာ္ရဲ႕ ကစားသမားဘဝကို အျမင့္ဆံုး ေရာက္ေစခဲ့တဲ့ နည္းျပပါ။ က်ေနာ္ အခုေရာက္ေနတဲ့ ေနရာအတြက္ သူ႔ကို ေက်းဇူးတင္ရမွာျဖစ္ပါတယ္။ သူက လူသားတစ္ေယာက္အေနနဲ႔ေကာ နည္းျပတစ္ေယာက္အေနနဲ႔ပါ သိပ္ေကာင္းတဲ့သူပါ။ ေဘာလံုးနဲ႔ ဘဝအေၾကာင္း အမ်ားၾကီး ေျပာျဖစ္ခဲ့ၾကျပီး သူ႔ထံက အမ်ားၾကီး သင္ယူခဲ့ရပါတယ္။
နည္းစနစ္ပိုင္းအရလည္း သူက က်ေနာ္ အျမင့္ဆံုးအေနနဲ႔ ကစားႏိုင္ေအာင္ ကူညီေပးခဲ့တယ္။ ေနာက္ထပ္ ေျခလွမ္းသစ္ေတြ လွမ္းႏိုင္ဖို႔ အၾကံဥာဏ္ေတြလည္း ေပးခဲ့တယ္။ ကိုယ္ဘာသာေတာင္ အဲ့သည္ေလာက္ အရည္အခ်င္းရွိမွန္း မသိခဲ့ပါဘူး။ ေဒါ့မြန္မွာေတာ့ ရံဖန္ရံခါ ခံစစ္ကစားတာေပါ့။ ျပိဳင္ဘက္ရဲ႕ အခြင့္အေရးကို ေစာင့္ျပီး ေဘာလံုးျပန္ရရင္ တန္းျပီး ထိုးစစ္ဆင္မႈေတြ လည္း လုပ္ခဲ့ၾကတယ္။
ခံစစ္ကစားပံုနဲ႔ ပက္သက္ျပီး သက္ယူခဲ့ရသလို အသင္းေဖာ္ေတြကို ေဘာလံုးေပးျပီး သင္ယူမႈေတြလည္း လုပ္ခဲ့ၾကတယ္။ လီဗာပူးက ေဒါ့မြန္တုန္းကလိုပဲ အမ်ားၾကီး အလုပ္လုပ္ေနတယ္။ ဒါက ပံုမွန္ပါပဲ။ ကလပ္အသင္းအတြက္ နည္းျပတစ္ေယာက္က ႏွစ္ေတြအမ်ားၾကီး အလုပ္လုပ္ရတဲ့အခါ အသင္းဘာလုပ္ရမယ္ဆိုတာကို သိလာပါလိမ့္မယ္။
အခ်ိန္ေတြ အမ်ားၾကီး ကုန္ခဲ့ျပီးတဲ့ေနာက္ ယာဂင္ကလည္း ေျပာင္းလဲသြားပါျပီ။ ခံစစ္ကေန ထိုးစစ္ကို ေျပာင္းလဲကစားတဲ့ ဟန္ေတြမွာ အသိအမွတ္ျပဳခံရမႈေတြေတာ့ ရွိထားခဲ့ျပီးျဖစ္ပါတယ္ ” လို႔ လီဝမ္ေဒါ့စကီးက ေျပာပါတယ္။
ဘိုင္ယန္နဲ႔ လီဗာပူးတို႔ဟာ ေဖေဖာ္ဝါရီလ 19 ရက္မွာ ခ်န္ပီယံလိဂ္ ပထမအေက်ာ့အျဖစ္ အန္ဖီးကြင္းမွာ ထိပ္တိုက္ ယွဥ္ျပိဳင္ရမွာပါ။ လီဝမ္ေဒါ့စကီးကေတာ့ ဂ်ာမာန္သားၾကီးက အဲ့သည္ညမွာ လီဗာပူးအသင္းသားေတြကို ရဲရဲေတာက္ေနေအာင္ လံႈ႔ေဆာ္မႈေတြ ေပးမယ္ဆိုတာကို နားလည္ထားပါေၾကာင္း ထုတ္ေျပာမႈလည္း ျပဳလုပ္ခဲ့ပါတယ္။
Sports Home Time
[Unicode] ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ ကစားသမားဘဝကို တိုးတက်စေတယ်ဆိုတာကို ဝန်ခံလာခဲ့သလို ဒေါ့မွန်အသင်းမှာ ကလော့ပ် ကိုင်တွယ်ခဲ့တဲ့ နည်းစနစ်တွေအကြောင်းကို ဖွင့်ထုတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။
2010 ခုနှစ်မှာ Lech Poznan ကနေ ယာဂင်ကလောပ့်ရဲ့ ပျိုးထောင်မှုကို ခံခဲ့ရတဲ့ လီဝမ်ဒေါ့စကီးဟာ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်သမားတစ်ဦး ဖြစ်လာခဲ့တယ်။ 2014 မှာ ဘိုင်ယန်မြူးနစ်ကို မပြောင်းခင်ထိ ယာဂင်ကလော့ပ်အတွက် ပွဲပေါင်း 187 ပွဲ ကစားခဲ့ပြီး သွင်းဂိုး 103 ဂိုး သွင်းယူပေးနိုငခဲ့တာလည်းဖြစ်တယ်။
အသက် 30 အရွယ် ပိုလန်လက်ရွေးစင်ဟာ ဘိုင်ယန်အတွက်တော့ 222 ပွဲ ကစားပေးပြီး 175 ဂိုး သွင်းယူပေးခဲ့ကာ ဘွန်ဒက်လီဂါဖလား 4 ကြိမ်တိုင် ကိုင်မြောက်ခွင့် ရခဲ့ပါတယ်။
” ယာဂင်ကို မြင်ရတိုင်း ကျနေ်ာ ပျော်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ကျနေ်ာတို့ နှစ်ဦးကြား တွေ့ဆုံချိန်တွေ နည်းလာခဲ့ပါပြီ။ သူဟာ ကျနော်ရဲ့ ကစားသမားဘဝကို အမြင့်ဆုံး ရောက်စေခဲ့တဲ့ နည်းပြပါ။ ကျနော် အခုရောက်နေတဲ့ နေရာအတွက် သူ့ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ သူက လူသားတစ်ယောက်အနေနဲ့ကော နည်းပြတစ်ယောက်အနေနဲ့ပါ သိပ်ကောင်းတဲ့သူပါ။ ဘောလုံးနဲ့ ဘဝအကြောင်း အများကြီး ပြောဖြစ်ခဲ့ကြပြီး သူ့ထံက အများကြီး သင်ယူခဲ့ရပါတယ်။
နည်းစနစ်ပိုင်းအရလည်း သူက ကျနော် အမြင့်ဆုံးအနေနဲ့ ကစားနိုင်အောင် ကူညီပေးခဲ့တယ်။ နောက်ထပ် ခြေလှမ်းသစ်တွေ လှမ်းနိုင်ဖို့ အကြံဉာဏ်တွေလည်း ပေးခဲ့တယ်။ ကိုယ်ဘာသာတောင် အဲ့သည်လောက် အရည်အချင်းရှိမှန်း မသိခဲ့ပါဘူး။ ဒေါ့မွန်မှာတော့ ရံဖန်ရံခါ ခံစစ်ကစားတာပေါ့။ ပြိုင်ဘက်ရဲ့ အခွင့်အရေးကို စောင့်ပြီး ဘောလုံးပြန်ရရင် တန်းပြီး ထိုးစစ်ဆင်မှုတွေ လည်း လုပ်ခဲ့ကြတယ်။
ခံစစ်ကစားပုံနဲ့ ပက်သက်ပြီး သက်ယူခဲ့ရသလို အသင်းဖော်တွေကို ဘောလုံးပေးပြီး သင်ယူမှုတွေလည်း လုပ်ခဲ့ကြတယ်။ လီဗာပူးက ဒေါ့မွန်တုန်းကလိုပဲ အများကြီး အလုပ်လုပ်နေတယ်။ ဒါက ပုံမှန်ပါပဲ။ ကလပ်အသင်းအတွက် နည်းပြတစ်ယောက်က နှစ်တွေအများကြီး အလုပ်လုပ်ရတဲ့အခါ အသင်းဘာလုပ်ရမယ်ဆိုတာကို သိလာပါလိမ့်မယ်။
အချိန်တွေ အများကြီး ကုန်ခဲ့ပြီးတဲ့နောက် ယာဂင်ကလည်း ပြောင်းလဲသွားပါပြီ။ ခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲကစားတဲ့ ဟန်တွေမှာ အသိအမှတ်ပြုခံရမှုတွေတော့ ရှိထားခဲ့ပြီးဖြစ်ပါတယ် ” လို့ လီဝမ်ဒေါ့စကီးက ပြောပါတယ်။
ဘိုင်ယန်နဲ့ လီဗာပူးတို့ဟာ ဖေဖော်ဝါရီလ 19 ရက်မှာ ချန်ပီယံလိဂ် ပထမအကျော့အဖြစ် အန်ဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ရမှာပါ။ လီဝမ်ဒေါ့စကီးကတော့ ဂျာမာန်သားကြီးက အဲ့သည်ညမှာ လီဗာပူးအသင်းသားတွေကို ရဲရဲတောက်နေအောင် လှုံ့ဆော်မှုတွေ ပေးမယ်ဆိုတာကို နားလည်ထားပါကြောင်း ထုတ်ပြောမှုလည်း ပြုလုပ်ခဲ့ပါတယ်။
Sports Home Time