ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းကတော့ ဘန်လေနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ မနက်ဖြန် စနေနေ့ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘန်လေ – အာဆင်နယ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” အာဆင်နယ်အနေနဲ့ ဝက်စ်ဟမ်းပွဲက ခြေစွမ်းအတိုင်းသာ ကစားမယ်ဆိုရင် ဘန်လေတို့ ဘာ အခွင့်အရေးမှာ မရှိပါဘူး။
ဒီဇင်ဘာမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့အပြီး အာဆင်နယ်ကို ဖလားပြိုင်ဆိုင်မှုကနေ ထုတ်ပယ်ခဲ့ကြပေမယ့် ဂန်းနားတို့ အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဇယားထိပ်က လီဗာပူးကို ၃-၁ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ယှဉ်ပြိုင်မှုကို အမှီလိုက်နိုင်ခဲ့တယ်။
ဒါပေမယ့် သူတို့ ဆက်လက် အနိုင်ယူပြီး ပြိုင်ဘက်တွေကို ဖိအားပေးဖို့ လိုပါတယ်။ အာဆင်နယ် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဘက် ၂ သင်းဟာ ဒီလို အခြေအနေတွေကို အတော်လေး အတွေ့အကြုံ ရှိကြပါတယ်။
ဒီအပတ်တွေအတွင်း အာဆင်နယ်က ဂိုးတွေ သွင်းယူနိုင်နေတယ်၊ အဝေးကွင်းမှာ သူတို့ ဂိုးတွေ ပိုရသင့်ပါတယ်။ ဘန်လေက လီဗာပူးကို ရင်ဆိုင်ကစားရာမှာ ခြေစွမ်း မဆိုးပေမယ့်လို့ ဒုတိယပိုင်းမှာ လီဗာပူးက ပိုကောင်းသွားခဲ့တာပါ။
ဒီပွဲမှာ အိမ်ရှင်အသင်း ရှုံးပွဲတွေ့သွားမှာပါ။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ ဘန်လေ ၁-၃ အာဆင်နယ် ဖြစ်ပါတယ်။
