[Zawgyi] လီဂူးဝမ္းကလပ္ဟာ ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ ပြဲေတြမွာ အဓိက တုိက္စစ္သမား ေနမာ မပါဝင္ပဲ ယွဥ္ျပိဳင္ရမွာပါ။ ပီအက္ဂ်ီ ဂိုးသမား ဘူဖြန္ကေတာ့ ေနမာ မပါႏိုင္ပဲ ဥေရာပပြဲေတြကို ယွဥ္ျပိဳင္ကစားရတာက ကလပ္အသင္းအတြက္ အႏၱရာယ္မ်ားေစေၾကာင္း ဝန္ခံမႈ ျပဳလုပ္သြားပါတယ္။
ဘရာဇီးလက္ေရြးစင္ဟာ ဒီလထဲမွာ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲေတြကို ယခင္လက ရရွိခဲ့တဲ့ ဒူးဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။ သူဟာ ဒီရာသီ ပီအက္ဂ်ီအတြက္ ျပိဳင္ပြဲစံု 23 ပြဲမွာ သြင္းဂိုး 20 သြင္းယူေပးထားႏိုင္ခဲ့တာလည္းျဖစ္တယ္။
ကစားသမားဘဝ အေစာပိုင္းမွာ ပါးမားအသင္းနဲ႔ ယူရိုပါလိဂ္ဖလားကို အႏိုင္ရခဲ့ဖူးေပမယ့္ အသက္ 41 ႏွစ္အရြယ္ အီတလီ ဂိုးသမားၾကီး ဘူဖြန္ဟာ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္မရဖူးပါဘူး။ ဒါေၾကာင့္လည္း ဂ်ဴဗင္တပ္မွာ 17 ရာသီ က်င္လယ္ခဲ့တဲ့ ဘူဖြန္ဟာ ဒီႏွစ္မွာေတာ့ ပီအက္ဂ်ီကို ေျပာင္းလာခဲ့တာျဖစ္ပါတယ္။ ဒီတစ္ၾကိမ္မွာေတာ့ သူပါဝင္တဲ့ ပီအက္ဂ်ီဟာ ယူႏုိက္တက္နဲ႔ အတြဲလာက်ေနခဲ့တာပါ။
သူ႔ရဲ႕ ခ်န္ပီယံလိဂ္ အိပ္မက္နဲ႔ ပက္သက္ျပီးဘူဖြန္က “ ႏွစ္တိုင္းမွာ ခ်န္ပီယံလိဂ္ရဖို႔ မွန္ကန္တဲ့ ႏွစ္ျဖစ္လာမယ္လို႔ က်ေန္ာ ေတြးထင္ခဲ့တယ္။ ဒါေပမယ့္လို႔ က်ေနာ္ ၾကိဳးစားလာခဲ့တာ 24 ႏွစ္ထိ ရွိလာခဲ့ပါျပီ ” လို႔ လိုင္ယြန္ပြဲၾကိဳမွာ သတင္းေထာက္ေတြကို ေျဖပါတယ္။
“ ဒါေပမယ့္ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔က ခက္ခဲပါတယ္။ ကံနည္းနည္းေကာင္းဖို႔လည္း လိုတယ္။ အခုခ်ိန္မွာ ေနမာ ဒဏ္ရာရေနလုိ႔ က်ေန္ာတို႔အတြက္ တကယ္အခ်ိန္ကို ေရာက္လာေနပါတယ္။ က်ေန္ာတို႔အတြက္ ေနမာက အရမ္းကို အေရးပါတဲ့ ကစားသမားပါ။ ကုန္ခဲ့တဲ့ သံုးလမွာ သူက မယံုႏိုင္ေလာက္ေအာင္ ထူးခၽြန္မႈေတြ လုပ္ျပခဲ့တယ္။ သူ မပါပဲ ခ်န္ပီယံလိဂ္ကို ပါဝင္ယွဥ္ျပိဳ္င္ဖို႔ရာ က်ေနာ္တို႔အတြက္ အႏၱရာယ္ ၾကီးပါတယ္။ ”
မန္ေနဂ်ာတူခ်ယ္ရဲ႕ အသင္းဟာ အရင္ကာလေတြမွာတုန္းက ယူႏိုက္တက္ကို အသာရဖို႔ ေရပန္းစားမႈ အားေကာင္းခဲ့တာပါ။ ဒါေပမယ့္လို႔ ယာယီမန္ေနဂ်ာ ဆိုးရွားလက္ထက္ ယူႏိုက္တက္တုိ႔ ေျခစြမ္း ျပန္လည္တည္ျငိမ္လာတဲ့ေနာက္ အေရးသာမႈက အေျပာင္းအလဲေတြ စတင္ျဖစ္ေပၚလာေနတာျဖစ္တယ္။
ဇန္နဝါရီမွာ ပီအက္ဂ်ီက ကြင္းလယ္လူသစ္အျဖစ္ ဇင္းနစ္မွ ပါရီဒက္စ္ကို ေခၚယူထားခဲ့ျပီး ယူႏုိက္တက္ကေတာ့ ကစားသမားသစ္ တစ္ဦးမွ ေခၚယူထားခဲ့ျခင္း မရွိပါဘူး။ ႏွစ္သင္းဟာ ပထမအေက်ာ့ကိုေတာ့ ေဖေဖာ္ဝါရီ 12 ရက္ေန႔ အိုထရတ္ဖိုဒ့္ကြင္းမွာ ယွဥ္ျပိဳင္ၾကရမွာျဖစ္ျပီး ဒုတိယအေက်ာ့ကိုေတာ့ ျပင္သစ္ေျမမွာ သြားကစားရမွာျဖစ္ကာ ႏွစ္ေက်ာ့လံုးကို ေနမာ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဂူးဝမ်းကလပ်ဟာ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ရံှူးထွက်အဆင့် ပွဲတွေမှာ အဓိက တိုက်စစ်သမား နေမာ မပါဝင်ပဲ ယှဉ်ပြိုင်ရမှာပါ။ ပီအက်ဂျီ ဂိုးသမား ဘူဖွန်ကတော့ နေမာ မပါနိုင်ပဲ ဥရောပပွဲတွေကို ယှဉ်ပြိုင်ကစားရတာက ကလပ်အသင်းအတွက် အန္တရာယ်များစေကြောင်း ဝန်ခံမှု ပြုလုပ်သွားပါတယ်။
ဘရာဇီးလက်ရွေးစင်ဟာ ဒီလထဲမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲတွေကို ယခင်လက ရရှိခဲ့တဲ့ ဒူးဒဏ်ရာတွေကြောင့် လွဲချော်သွားမှာဖြစ်ပါတယ်။ သူဟာ ဒီရာသီ ပီအက်ဂျီအတွက် ပြိုင်ပွဲစုံ 23 ပွဲမှာ သွင်းဂိုး 20 သွင်းယူပေးထားနိုင်ခဲ့တာလည်းဖြစ်တယ်။
ကစားသမားဘဝ အစောပိုင်းမှာ ပါးမားအသင်းနဲ့ ယူရိုပါလိဂ်ဖလားကို အနိုင်ရခဲ့ဖူးပေမယ့် အသက် 41 နှစ်အရွယ် အီတလီ ဂိုးသမားကြီး ဘူဖွန်ဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်မရဖူးပါဘူး။ ဒါကြောင့်လည်း ဂျူဗင်တပ်မှာ 17 ရာသီ ကျင်လယ်ခဲ့တဲ့ ဘူဖွန်ဟာ ဒီနှစ်မှာတော့ ပီအက်ဂျီကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူပါဝင်တဲ့ ပီအက်ဂျီဟာ ယူနိုက်တက်နဲ့ အတွဲလာကျနေခဲ့တာပါ။
သူ့ရဲ့ ချန်ပီယံလိဂ် အိပ်မက်နဲ့ ပက်သက်ပြီးဘူဖွန်က “ နှစ်တိုင်းမှာ ချန်ပီယံလိဂ်ရဖို့ မှန်ကန်တဲ့ နှစ်ဖြစ်လာမယ်လို့ ကျနေ်ာ တွေးထင်ခဲ့တယ်။ ဒါပေမယ့်လို့ ကျနော် ကြိုးစားလာခဲ့တာ 24 နှစ်ထိ ရှိလာခဲ့ပါပြီ ” လို့ လိုင်ယွန်ပွဲကြိုမှာ သတင်းထောက်တွေကို ဖြေပါတယ်။
“ ဒါပေမယ့် ချန်ပီယံလိဂ်ကို အနိုင်ရဖို့က ခက်ခဲပါတယ်။ ကံနည်းနည်းကောင်းဖို့လည်း လိုတယ်။ အခုချိန်မှာ နေမာ ဒဏ်ရာရနေလို့ ကျနေ်ာတို့အတွက် တကယ်အချိန်ကို ရောက်လာနေပါတယ်။ ကျနေ်ာတို့အတွက် နေမာက အရမ်းကို အရေးပါတဲ့ ကစားသမားပါ။ ကုန်ခဲ့တဲ့ သုံးလမှာ သူက မယုံနိုင်လောက်အောင် ထူးချွန်မှုတွေ လုပ်ပြခဲ့တယ်။ သူ မပါပဲ ချန်ပီယံလိဂ်ကို ပါဝင်ယှဉ်ပြိုင်ဖို့ရာ ကျနော်တို့အတွက် အန္တရာယ် ကြီးပါတယ်။ ”
မန်နေဂျာတူချယ်ရဲ့ အသင်းဟာ အရင်ကာလတွေမှာတုန်းက ယူနိုက်တက်ကို အသာရဖို့ ရေပန်းစားမှု အားကောင်းခဲ့တာပါ။ ဒါပေမယ့်လို့ ယာယီမန်နေဂျာ ဆိုးရှားလက်ထက် ယူနိုက်တက်တို့ ခြေစွမ်း ပြန်လည်တည်ငြိမ်လာတဲ့နောက် အရေးသာမှုက အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာနေတာဖြစ်တယ်။
ဇန်နဝါရီမှာ ပီအက်ဂျီက ကွင်းလယ်လူသစ်အဖြစ် ဇင်းနစ်မှ ပါရီဒက်စ်ကို ခေါ်ယူထားခဲ့ပြီး ယူနိုက်တက်ကတော့ ကစားသမားသစ် တစ်ဦးမှ ခေါ်ယူထားခဲ့ခြင်း မရှိပါဘူး။ နှစ်သင်းဟာ ပထမအကျော့ကိုတော့ ဖေဖော်ဝါရီ 12 ရက်နေ့ အိုထရတ်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ပြင်သစ်မြေမှာ သွားကစားရမှာဖြစ်ကာ နှစ်ကျော့လုံးကို နေမာ လွဲချော်သွားမှာဖြစ်ပါတယ်။
Sports Home Time
