ဒီည အာဆင်နယ် Vs ခရစ္စတယ်ပဲလေ့စ်ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ကတော့ အတိအကျ ဟောကိန်းထုတ်လိုက်ပါပြီ

ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့နေပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည၊ အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ အာဆင်နယ် – ပဲလေ့စ် ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်း ထားပါတယ်။

” ပရီးမီးယားလိဂ် ယှဉ်ပြိုင်မှုထဲ ပါလိုတယ်ဆိုရင် အာဆင်နယ်တို့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ်။ အဲ့လောက်ကို ရိုးရှင်းပါတယ်။ သူတို့က ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်ပွဲတွေကို နိုင်ရမှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီပွဲက ဖြစ်သင့်တာထက် ပိုခက်ခဲနေတာပါ။

ဒီပွဲ အာဆင်နယ်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အာတီတာတို့ လူစာရင်းအပေါ် ဖိအားတွေတော့ ဝင်နေပါပြီ။ ဇန်နဝါရီဈေးကွက်မှာ သူတို့ ကစားသမား တစ်ဦးဦး ခေါ်ယူမယ်ဆိုရင် ကျနော် အံ့ဩမိမှာပါ။ သူတို့ လူသစ်တကယ် ရလိုနေရင် ဈေးကွက်စကတည်းက ခေါ်ယူဖို့ ကြိုးစားမှာပါ။

အာတီတာရဲ့ လက်ရှိ အခြေအနေက အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘဝ အဆုံးသတ်ပိုင်း နေ့ရက်တွေကို ပြန်သတိရစေပါတယ်။ သူတို့ ခံစစ်မှူးလိုပေမယ့် ခေါင်းမာပြီး ဈေးကွက်ထဲ ဝင်ဖို့ ငြင်းဆန်ခဲ့တယ်။

အာတီတာကလည်း အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကို အရှိန်ရစေဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုနေပါတယ်။ ဒါပေမယ့် သူက လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-ဝ ပဲလေ့စ် ဖြစ်ပါတယ်။