အာဆင်နယ် အသင်းသား ၄ဦးကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေက ကွင်းထဲမှာ အဓိကထား နှိပ်ကွပ်လာနေကြ

နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၅ ပွဲ မှာ တစ်ပွဲသာ နိုင်ထားပြီး ရှုံးပွဲ ၃ ပွဲ ထိ ကြုံခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေဟာ အာဆင်နယ်နဲ့ တွေ့ရင် ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့ ဒီကလန် ရိုက်စ် တို့ကို အဓိက ပစ်မှတ်ထား ထိုးနှက်နေကြတယ် လို ဂန်းနားဟောင်းကြီး အီယန်ရိုက်က မြင်နေပြီး ဒီအတွက် အာတီတာ ပြန် တန်ပြန်မယ် ပလန် ဘီ က ဘာလဲ လို့ ရိုက်က အာတီတာအား မေးခွန်းထုတ်လိုက်ပါတယ်။

” ကစားသမားကောင်းတွေနဲ့ ဆိုရင် အခွင့်အရေးကောင်းတွေ ရဖို့ ဘောလုံးကို အန္တရာယ်ရှိ ဧရိယာတွေဆီ ထိုးပေးရတာပါ။ ဘူကာယို ဆာကာက ဘောလုံးကို ယူပြီး တိုက်စစ်ဆင်ဖို့ ရှိနေတယ်။

ဒါပေမယ့် ဒီမှာ အာဆင်နယ်တို့ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိလာပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ဘက်အသင်းတွေက ဆာကာ ကို ချုပ်ထားကြပြီ။ မာတင်နယ်လီကိုလည်း ကြပ်ထားတယ်၊ မာတင် အိုဒီဂတ် ကိုလည်း မလှုပ်နိုင်အောင် လုပ်ထားတယ်။

နောက်ပြီး သူတို့က ခံစစ်ကနေ အိုဒီဂတ် ဆီ ဘောလုံး မပေးနိုင်အောင် တင်းကြပ်ထားလိမ့်မယ်။ ဒီတော့ သူက ဆာကာ ဆီ ဘောလုံး မပေးနိုင်တော့ဘူး။

ဒါဆိုရင် ဘာဖြစ်လဲမလဲ လူတွေက သိနေပြီ။ အိုဒီဂတ် ကိုသာ ရပ်တန့်နိုင်ရ်င အာဆင်နယ် တိုက်စစ်ကို ဟန့်တားနိုင်သွားပြီ။

နောက်ပြီး ဒီကလန်ရိုက်စ်ကို အတင်း ဝင်တား၊ ထိပ်တိုက်ရင်ဆိုင်မယ် ဆိုရင် သူကလည်း ဘောလုံးကို ဘေးကို ပေးတော့တာ။ ဒါကိုလည်း လူတွေက လုပ်နေကြပြီ။ ဒီတော့ မင်းတို့ (အာဆင်နယ်)ရဲ့ ပလန် ဘီက ဘာလဲ ? ” လို့ အီယန်ရိုက်က မေးခွန်းထုတ် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။