ခ်န္ပီယံမျဖစ္ရင္ေတာင္ စိတ္ဓါတ္ပိုင္းမွာ အထက္တန္းစားဆိုတာ ထပ္မံျပသလိုက္တဲ့ ဂ်ပန္အသင္း

[Zawgyi] ကမၻာေဘာလံုးေလာကမွာ နာမည္ေကာင္းျဖင့္ ေက်ာ္ၾကားတဲ့ ဂ်ပန္အသင္းဟာ သူတို႔ရဲ႕ ႏိုင္ငံၾကီးသားဆန္မႈကို အာရွဖလားမွာလည္း ထပ္မံ ျပသခဲ့ပါတယ္။ ဒီတစ္ၾကိမ္ သူတို႔ျပသခဲ့တာကလည္း အာကစားမွာ ရလဒ္ အႏိုင္/ အရံွဴးထက္ ယွဥ္ျပိဳင္မႈရဲ႕ သေဘာသဘာဝ မေမ့ဖို႔ဆိုတာကို မွီးေမာင္း ထိုးျပေနပါတယ္။

အာရွဖလားျပိဳင္ပြဲ ဗိုလ္လုပြဲမွာ ကာတာအသင္းကို အေရးနိမ့္ခဲ့အျပီး အဝတ္လဲခန္းကေန ထြက္ခြာသြားတဲ့ ဂ်ပန္အသင္းဟာ မထြက္ခြာခင္ အဝတ္လဲခန္းကို သန္႔ရွင္းေပးခဲ့ျပီး ေက်းဇူးတင္ပါတယ္ဆိုတဲ့ စာသားကို ဂ်ပန္၊ အာေရဗ်၊ အဂၤလန္ သံုးဘာသာနဲ႔ အေၾကာင္းၾကားစာ ခ်န္ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။

နာမည္ေက်ာ္ ဥေရာပပြဲေတြမွာ ထိပ္တန္းအသင္းက နာမည္ေက်ာ္ ကစားသမားေတြဟာ ႏိုင္ပြဲအတြက္ အဝတ္လဲခန္း ပံုရိပ္ေတြနဲ႔ ေအာင္ပြဲခံတတ္သလို ကစားသမားေတြရဲ႕ ေျခအိတ္ေတြ၊ အဝတ္ေတြ၊ တိုလီမုတ္စေတြနဲ႔ ျပည့္ႏွက္ေနတတ္တဲ့ အဝတ္လဲခန္း ပံုရိပ္ေတြကို မၾကာခဏ ျမင္ေတြ႔ခဲ့ရဖူးပါတယ္။ အေရးနိမ့္တဲ့ အသင္းေတြရဲ႕ အဝတ္လဲခန္းကေတာ့ အဲ့သည္ထက္ကို ညစ္ေပမႈေတြ ရွိေနတတ္တာကလည္း သေဘာသဘာဝျဖစ္တယ္။

ပေရာ္ဖက္ရွယ္နယ္ ကစားသမားေတြက ကံေကာင္းစြာပဲ ပိုေကာင္းမြန္တဲ့ အဝတ္လဲခန္းကို ပိုင္ဆိုင္ရင္ေတာင္ ပြဲအျပီး ထြက္ခြာသြားတဲ့အခါ ကိုယ္ရဲ႕အဝတ္လဲခန္းကို သန္႔ရွင္းမႈေတြလုပ္ဖို႔ လိုအပ္တယ္လို႔ မထင္တတ္ၾကဘူး။ ဒါေပမယ္လို႔ ဂ်ပန္အသင္းကေတာ့ ကြဲျပားတဲ့ အျမင္ေတြနဲ႔ မိခင္တိုင္းျပည္နဲ႔ အားကစားစိတ္ဓါတ္ေကာင္းကို ကိုယ္စားျပဳလာ ေနခဲ့တာျဖစ္တယ္။

အာရွဖလား ဗိုလ္လုပြဲမွာ ဂ်ပန္က ကာတာကို အေရးနိမ့္ခဲ့တာပါ။ ဒါေပမယ့္လို႔ ရလဒ္ထက္ ယွဥ္ျပိဳင္မႈသည္သာ အဓိကအျပင္ ဂ်ပန္ကေတာ့ အိမ္ရွင္ႏိုင္ငံနဲ႔တကြ အာရွေဘာလံုးျပိဳင္ပြဲ က်င္းပမႈကို ကိုယ္စားျပဳသူေတြကို စိတ္ဓါတ္ေကာင္းေတြနဲ႔ တကြ ေက်းဇူးတင္စကားကို အမွာစကား ခ်န္ခဲ့တာပါ။ ဒီအျပဳအမႈဟာ အာရွ လက္ေရြးစင္ေတြ အျပင္ ဥေရာပမီဒီယာေတြကပါ ခ်ီးက်ဴးရတဲ့ အျပဳအမႈ ျဖစ္လာခဲ့ပါတယ္။

ကုန္ခဲ့တဲ့ ေႏြတုန္းက ကမၻာဖလားမွာလည္း ဘယ္ဂ်ီယံအသင္းကို အေရးနိမ့္ခဲ့တဲ့ ဂ်ပန္ဟာ တူညီတဲ့ အျပဳအမႈကို ျပဳလုပ္ခဲ့ျပီး အိမ္ရွင္ ရုရွားကို ႏုတ္ဆက္စကားနဲ႔တကြ အဝတ္လဲခန္းကို သန္႔ရွင္းမႈ ျပဳလုပ္ေပးခဲ့ပါေသးတယ္။ ေဘာလံုးဟာ ရလဒ္ထြက္ေပၚဖို႔ အဓိကက်တဲ့ ျပိဳင္ပြဲျဖစ္ရင္ေတာင္ စိတ္ဓါတ္ပိုင္းလည္း ေကာင္းမြန္ခဲ့ရင္ ပိုမို လွပမယ္ဆိုတာကို ဂ်ပန္အသင္းက သက္ေသထူေနတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ကမ္ဘာဘောလုံးလောကမှာ နာမည်ကောင်းဖြင့် ကျော်ကြားတဲ့ ဂျပန်အသင်းဟာ သူတို့ရဲ့ နိုင်ငံကြီးသားဆန်မှုကို အာရှဖလားမှာလည်း ထပ်မံ ပြသခဲ့ပါတယ်။ ဒီတစ်ကြိမ် သူတို့ပြသခဲ့တာကလည်း အာကစားမှာ ရလဒ် အနိုင်/ အရံှူးထက် ယှဉ်ပြိုင်မှုရဲ့ သဘောသဘာဝ မမေ့ဖို့ဆိုတာကို မှီးမောင်း ထိုးပြနေပါတယ်။

အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ကာတာအသင်းကို အရေးနိမ့်ခဲ့အပြီး အဝတ်လဲခန်းကနေ ထွက်ခွာသွားတဲ့ ဂျပန်အသင်းဟာ မထွက်ခွာခင် အဝတ်လဲခန်းကို သန့်ရှင်းပေးခဲ့ပြီး ကျေးဇူးတင်ပါတယ်ဆိုတဲ့ စာသားကို ဂျပန်၊ အာရေဗျ၊ အင်္ဂလန် သုံးဘာသာနဲ့ အကြောင်းကြားစာ ချန်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

နာမည်ကျော် ဥရောပပွဲတွေမှာ ထိပ်တန်းအသင်းက နာမည်ကျော် ကစားသမားတွေဟာ နိုင်ပွဲအတွက် အဝတ်လဲခန်း ပုံရိပ်တွေနဲ့ အောင်ပွဲခံတတ်သလို ကစားသမားတွေရဲ့ ခြေအိတ်တွေ၊ အဝတ်တွေ၊ တိုလီမုတ်စတွေနဲ့ ပြည့်နှက်နေတတ်တဲ့ အဝတ်လဲခန်း ပုံရိပ်တွေကို မကြာခဏ မြင်တွေ့ခဲ့ရဖူးပါတယ်။ အရေးနိမ့်တဲ့ အသင်းတွေရဲ့ အဝတ်လဲခန်းကတော့ အဲ့သည်ထက်ကို ညစ်ပေမှုတွေ ရှိနေတတ်တာကလည်း သဘောသဘာဝဖြစ်တယ်။

ပရော်ဖက်ရှယ်နယ် ကစားသမားတွေက ကံကောင်းစွာပဲ ပိုကောင်းမွန်တဲ့ အဝတ်လဲခန်းကို ပိုင်ဆိုင်ရင်တောင် ပွဲအပြီး ထွက်ခွာသွားတဲ့အခါ ကိုယ်ရဲ့အဝတ်လဲခန်းကို သန့်ရှင်းမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ မထင်တတ်ကြဘူး။ ဒါပေမယ်လို့ ဂျပန်အသင်းကတော့ ကွဲပြားတဲ့ အမြင်တွေနဲ့ မိခင်တိုင်းပြည်နဲ့ အားကစားစိတ်ဓါတ်ကောင်းကို ကိုယ်စားပြုလာ နေခဲ့တာဖြစ်တယ်။

အာရှဖလား ဗိုလ်လုပွဲမှာ ဂျပန်က ကာတာကို အရေးနိမ့်ခဲ့တာပါ။ ဒါပေမယ့်လို့ ရလဒ်ထက် ယှဉ်ပြိုင်မှုသည်သာ အဓိကအပြင် ဂျပန်ကတော့ အိမ်ရှင်နိုင်ငံနဲ့တကွ အာရှဘောလုံးပြိုင်ပွဲ ကျင်းပမှုကို ကိုယ်စားပြုသူတွေကို စိတ်ဓါတ်ကောင်းတွေနဲ့ တကွ ကျေးဇူးတင်စကားကို အမှာစကား ချန်ခဲ့တာပါ။ ဒီအပြုအမှုဟာ အာရှ လက်ရွေးစင်တွေ အပြင် ဥရောပမီဒီယာတွေကပါ ချီးကျူးရတဲ့ အပြုအမှု ဖြစ်လာခဲ့ပါတယ်။

ကုန်ခဲ့တဲ့ နွေတုန်းက ကမ္ဘာဖလားမှာလည်း ဘယ်ဂျီယံအသင်းကို အရေးနိမ့်ခဲ့တဲ့ ဂျပန်ဟာ တူညီတဲ့ အပြုအမှုကို ပြုလုပ်ခဲ့ပြီး အိမ်ရှင် ရုရှားကို နုတ်ဆက်စကားနဲ့တကွ အဝတ်လဲခန်းကို သန့်ရှင်းမှု ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဘောလုံးဟာ ရလဒ်ထွက်ပေါ်ဖို့ အဓိကကျတဲ့ ပြိုင်ပွဲဖြစ်ရင်တောင် စိတ်ဓါတ်ပိုင်းလည်း ကောင်းမွန်ခဲ့ရင် ပိုမို လှပမယ်ဆိုတာကို ဂျပန်အသင်းက သက်သေထူနေတာဖြစ်ပါတယ်။

Sports Home Time