ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဒီဘရိုင်း သူဘောလုံး ကစားနိုင်တော့မယ့် အချိန်ကို ပြောပြလာ

မန်စီးတီး အသင်းရဲ့ အဓိက ကွင်းလယ် ကြယ်ပွင့် ကီဗင်ဒီဘရိုင်း ဘယ်တော့ အသင်း အတွက် ပြန် ကစားနိုင်မလဲ ဆိုတာကို သတင်းထွက်လာပြီ ဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး ပွဲ ဖြစ်တဲ့ ဘန်လေနဲ့ ပွဲမှာတည်းက တံကောက်ကြော ဒဏ်ရာ ရသွားခဲ့တာပါ။

အဘူဒါဘီမှာ ရှိတဲ့ HLN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီဘရိုင်းက သူ့ ဒဏ်ရာ အခြေအနေနဲ့ ပြန်လာမယ့် ရက်ကို အခုလို ဖွင့်ဟသွားခဲ့ပါတယ်။

” အခြေအနေတွေကတော့ ပို ပိုပြီး ကောင်းလာနေပါတယ်။ ကျွန်တော်လည်း အချိန် နည်းနည်း လိုတယ်လေ။ ဒါပေမယ့် ကောင်းလုနီးပါး ရှိပါပြီ။ New Year အပြီးလောက်ဆို ကျွန်တော် ပြန် ကစားနိုင်ပြီ ထင်ပါတယ်။ ” လို့ ဒီဘရိုင်းက ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ မန်စီးတီးအသင်းရဲ့ အံ့ဖွယ် အောင်မြင်မှုမှာ ဒီဘရိုင်းက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီ ပြိုင်ပွဲ ၄၉ ပွဲမှာ ဒီဘရိုင်းက ၁ဝ ဂိုး အထိလည်း သွင်းယူပေးခဲ့ပါတယ်။

ဒီရာသီမှာ မန်စီးတီးဟာ ဒီဘရိုင်း မပါတာကြောင့် ပွဲတချို့မှာ ရုန်းကန်နေရပြီး လိဂ်ပွဲ ၁၃ ပွဲ ကစားပြီးချိန် နိုင်ပွဲ ၉ ပွဲသာ ရထားပါတယ်။ ဒါ့အပြင် ကာရာဘောင်းဖလားကနေလည်း ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။