ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီး အမှတ်ပေးဇယား အခြေအနေ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ကစားအပြီး အာဆင်နယ်အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်တွေဟာ အသက်ဝင်နေဆဲပဲ ဖြစ်ပါတယ်။

အမ်းမရိတ်မှာ ရှက်ဖီးကို ၅-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အစောပိုင်းပွဲမှာ နိုင်ပွဲယူပြီး ၅ မှတ်ဖြတ်ထားတဲ့ စပါးနောက် ၂ မှတ်အကွာကို ပြန်လိုက်နိုင်ခဲ့တယ်။ ဒါ့အပြင် ဂိုးကွာခြားမှုမှာတော့ စပါးထက် ပိုကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ပွဲတွေမှာ လီဗာပူးက နော်တင်ဟမ် ဖောရက်စ်ကို ၃-၀ ဖြင့် အနိုင်ယူကာ အာဆင်နယ်နောက် ၁ မှတ်အကွာက ကပ်လိုက်နေခဲ့တယ်။

မန်ချက်စတာဒါဘီမှာ မန်စီးတီးက ယူနိုက်တက်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အာဆင်နယ်နဲ့ ရမှတ်တူ အခြေအနေဖြစ်သလို ဂိုးကွာခြားမှုကလည်း ၁၅+ တွေ တူညီနေပါတယ်။

နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ ဒီအပတ်မှာ သရေကျခဲ့ကြပေမယ့် အက်စတွန်ဗီလာကတော့ ရာနှုန်းပြည့် အိမ်ကွင်း နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား အဆင့် ၅ နေရာထိ တက်လာနေပြီဖြစ်ပါတယ်။

ကြီး ၆ ကြီးထဲက မန်ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကတော့ ဆက်လက် ရုန်းကန်နေရပြီး ထိပ်ဆုံး ၄ နေရာကို စိန်ခေါ်ဖို့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။