အာဆင်နယ် အဝတ်လဲခန်းရဲ့ ရေပန်းစား အသင်းသားကို ထုတ်ဖော် ချီးကျူးလိုက်တဲ့ အာတီတာ

မနေ့ညက ရှက်ဖီးယူနိုက်တက်ကို ၅-၀ ဖြင့် အနိုင်ရအပြီးမှာ အာတီတာက အသင်းသား တစ်ဦးအပေါ် အထူး ချီးကျူးမှု ပြုလုပ်သွားပါတယ်။

ကလပ်ရဲ့ ခံစစ်သမားဖြစ်သလို နေရာစုံမှာ ကစားပေးပြီး ကလပ် အလိုရှိတိုင်း အကောင်းဆုံးတွေ ပေးဆပ်လေ့ရှိတဲ့ ဂျပန်သား တိုမီယာဆုနဲ့ပတ်သက်လို့ နည်းပြဖြစ်သူက အခုလို ထုတ်ပြောခဲ့တာပါ။

အာတီတာကပဲ ” ကျနော် တိုမီယာဆုကို နှစ်သက်ပါတယ်။ လူတိုင်းက သူ့ကို ချစ်ခင်ကြတယ်။ သူက အဝတ်လဲခန်းထဲမှာလည်း လူကြိုက်များတဲ့ ကစားသမား ဖြစ်ပါတယ်။

သူ ဂိုးသွင်းပြီးတော့ အသင်းဖော်တွေက သူနားသွားပြီး အတူအောင်ပွဲခံတဲ့ တုန့်ပြန်မှုတွေကို ခင်ဗျားတို့လည်း မြင်ကြပါလိမ့်မယ်။ သူတို့က ပရိသတ်တွေနားထိ သူနဲ့အတူ အောင်ပွဲခံလိုတယ်၊ ပျော်ရွှင်နေခဲ့ကြတယ်။

သူက အမြဲတမ်း အေးအေးဆေးဆေးရှိပြီး အသင်းဖော်တွေအလုပ် လုပ်ပေးရမှာတွေကို အမြဲတမ်း ကြိုးစားလုပ်ပေးပါတယ်။ အသင်းအတွက်တော့ သူက သိပ်ကောင်းတဲ့ ကစားသမားပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

တိုမီယာဆုဟာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့တာမို့ အတော်လေး ပျော်ရွှင်နေဟန် ရှိပြီး ဒါဟာ ကလပ်အတွက် အမြဲတမ်း ပေးဆပ်လေ့ရှိတဲ့ သူနဲ့ ထိုက်တန်တာပဲ ဖြစ်ပါတယ်။