ဒီကနေ့ည အာဆင်နယ် vs ရှက်ဖီးပွဲအတွက် ရလဒ် ခန့်မှန်းသွားတဲ့ ဘာဘာတော့ဗ်

မနက်က ပဲလေစ့်နဲ့ စပါးပွဲမှာ စပါးအသင်းက ၁-၂ ရလဒ်ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်သွားပြီ ဖြစ်ပါတယ်။

ဒီကနေ့မှာ အာဆင်နယ်ဟာ ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ယူကာ စပါးနောက် ၂ မှတ်အကွာကို ပြန်ကပ်လိုက်ရမှာဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ အာဆင်နယ်က လွယ်လွယ်ကူကူနိုင်မယ် မျှော်လင့်ရကာ ချန်ပီယံလိဂ် ပွဲအတွက် လူချန်ဖို့ လိုတာကြောင့် ပွဲအစမှာတင် ခပ်မြန်မြန် ဦးဆောင်နိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။

ဒီအပတ်ပွဲအတွက် ဘောလုံးသမားဟောင်း ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြသွားပါမယ်။

Arsenal v Sheff Utd

စာရွက်ပေါ်မှာတော့ အာဆင်နယ်တို့ လွယ်လွယ်ကူကူ နိုင်သွားမယ့် ပွဲပါပဲ။ အာဆင်နယ်တို့ နိုင်ပွဲရသင့်ပါတယ်။ ကျနော်ကတော့ သူတို့ နိုင်မယ်လို့ပဲ မြင်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့အတွက် ရှက်ဖီးယူနိုက်တက်ဟာ ခက်ခဲတဲ့ စမ်းသပ်မှုကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ အသင်းငယ်လေးတွေ အတွက်က ပရီးမီးယားလိဂ် ရာသီစကို ဘယ်လို တာထွက်မလဲက သိပ်ကို အရေးကြီးပါတယ်။ တာထွက်မကောင်းဘူးဆိုရင် ဒီလိဂ်မှာ ဆက်ရှိနေဖို့က အတော်လေး ခက်ခဲပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ရှက်ဖီး