Arsenal v Sheff Utd ပွဲစဉ်မှာ ဆာကာကို သတိပေးပြီး ဘယ်လို ဂိုးရလဒ် ထွက်မလဲ ပေါမာဆန် ခန့်မှန်း

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ဝါရင့် သုံးသပ်သူဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို ခန့်မှန်းပေးသွားပါတယ်။

Arsenal v Sheff Utd

အာဆင်နယ်တို့ စိတ်ဓါတ်ပိုင်း မှန်မှန်ကန်ကန်နဲ့ ပွဲကို ချဉ်းကပ်မယ်ဆိုရင် ဒီပွဲကို အေးဆေးလေး နိုင်ပါတယ်။ သူတို့ ဒီပွဲတော့ နိုင်ပါတယ်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ပွဲထဲ ဝင်လာရင်တော့ ရုန်းကန်ရလိမ့်မယ်။ ဒါပေမယ့် အာတီတာက ကိုယ်ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကို မပြောင်းမလဲ သေချာလေး အာရုံစိုက်ဖို့ သတိပေးလာမှာပါ။

ရှက်ဖီးက ပွဲတွေမှာ တတ်နိုင်သလောက် ဆက်ရှိနေပြီး ခံစစ်ကို သိပ်သိပ်သည်းသည်း ကစားနိုင်ဖို့ ကြိုးစားပေမယ့် အာဆင်နယ်ရဲ့ လှုပ်ရှားမှုတွေကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဆီးဗီးလာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂျေးဆုရဲ့ အရည်အချင်းကို အထင်ကြီးမိတယ်။ သူက သိပ်ကောင်းပြီး ထိုက်တန်းတဲ့ သွင်းဂိုးကို ရယူခဲ့တယ်။

သူ ဒဏ်ရာရသွားမလား ကိစ္စ ပြောနေကြပေမယ့် ဘယ်လိုဖြစ်လာမယ် ကျနော် မသိပါဘူး။ ဆာကာကတော့ ပရီးမီးယားလိဂ်မှာ ပွဲတွေကို အနိုင်ရဖို့ လုပ်ဆောင်နိုင်တဲ့ ဂုဏ်သတင်း ရှိထားသူပါ။ ချယ်ဆီးပွဲတုန်းက ကူကူရယ်လာ လူကပ်ထားတာကို ဖောက်ထွက်ဖို့ နည်းလမ်း ရှာနိုင်ခဲ့တယ်။

ပြိုင်ဘက်အသင်း မန်နေဂျာတွေက ဆာကာကို ထိန်းချုပ်ဖို့ နှစ်ယောက်လောက် ကပ်ထားရမယ်ဆိုပေမယ့် သွင်းဂိုးအတွက် အကူအညီဖြစ်အောင် ဆာကာက နည်းလမ်းရှာဖွေရပါမယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 4-0 ရှက်ဖီး