အာဆင်နယ် vs ဘရန့်ဖိုဒ့်ပွဲ ဂိုး ဘယ်လောက်တောင် ပြတ်သွားမလဲ ခရစ်ဆက်တန်ရဲ့ ရလဒ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Arsenal v Sheff Utd

ရှက်ဖီးယူနိုက်တက်က နောက်ဆုံး ကစားထားတဲ့ ၉ ပွဲမှာ ရမှတ် ၁ မှတ်ပဲ ရထားပါတယ်။ ဘောလုံးရာသီ ၄ ချိုး ၁ ချိုးကို ရောက်လာနေပြီး ရှက်ဖီးတို့ ဒီပုံစံနဲ့တော့ တန်းပြန်ဆင်းရမှာပါ။

ပုံစံကောင်းတွေရနေတဲ့ အာဆင်နယ်ကို ရှက်ဖီးက ဘယ်လို သွားပြီး တားဆီးမှာလဲ။ ရှက်ဖီးက ဒူပေနာပေခံဖို့ ကြိုးစားပြီး ရလဒ်တစ်ခုခု မျှော်လင့်နေမယ် ဆိုပေမယ့် အမ်းမရိတ်မှာ သူတို့ အဲ့လို လုပ်နိုင်မယ်လို့ ကျနော်တော့ မထင်မိပါဘူး။

ဒီပွဲမှာ အာဆင်နယ်အတွက် အဓိက စိုးရိမ်စရာက သူတို့ရဲ့ ပွဲစဉ် ဇယားနဲ့ သူတို့ရဲ့ လူစာရင်းပါပဲ။ ဘာလို့လဲဆိုတော့ ပွဲစဉ်တွေက ခပ်စိတ်စိတ်လာနေတယ်၊ ဒီအခြေအနေမှာ သူတို့အတွက် ပွဲတွေရောက်လာတာက မြန်လွန်းနေပါတယ်။ ဒါပေမယ့် ရှက်ဖီးကိုတော့ အေးဆေးလေး နိုင်မှာပါ။

နည်းပြအာတီတာက ယာယာနဲ့ ရမ်စ်းဒယ်တို့ထဲက ဘယ်သူ့ကို ထုတ်သုံးမလဲ မသေချာသေးပါဘူး။ ဒါပေမယ့် အဲ့လို ရွေးချယ်ရခက်နေတာက ဒီပွဲအပေါ် သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Arsenal 3-0 Sheff Utd