ဂန်းနားဟောင်းကြီး ထောက်ပြလာတဲ့ အိုဒီဂတ် မဟုတ်ဘဲ အာဆင်နယ် ခေါင်းဆောင်သစ် ဖြစ်လာသင့်သူ နှစ်ဦး

ဂန်းနားဟောင်းကြီး ပီတစ်ကတော့ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် နေရာမှာ အိုဒီဂတ်ကို ဆက်မထားသင့်ကြောင်း ဆွေးနွေးမှု ပြုလုပ်လာခဲ့ပါတယ်။

“ ကျနော်က ဒီကလန်ရိုက်စ်ရဲ့ အမာခံ ပရိသတ်ပါ၊ အကြီးစား ပရိသတ်ဖြစ်ပါတယ်။ အသင်းကို ရောက်လာကတည်းက သူဟာ အထင်ကြီးလောက်အောင် စွမ်းဆောင်ပြနေတယ် ထင်မိပါတယ်။

သူက ခေါင်းဆောင် တစ်ဦးဖြစ်သလို ကွင်းတွင်းကော ကွင်းပြင်မှာပါ အရေးပါတဲ့သူပါ။ ကျနော်ကတော့ သူနဲ့ ဆာကာဟာ အာဆင်နယ်ရဲ့ နောက်ထပ် အသင်းခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ် ထင်မိပါတယ်။ ဆာကာကလည်း အကယ်ဒမီကနေ လာတာပါ။

ဒီကလန်ရိုက်စ်ဟာ လူပုဂ္ဂိုလ် တစ်ယောက်အဖြစ်ကော ကစားသမား တစ်ယောက် အနေနဲ့ပါ အတော်လေး အရည်အချင်း ရှိပါတယ်။ ကျနော် ဆိုရင်တော့ ပွဲထွက်လူစာရင်းမှာ သူ့နာမည်ကို ပထမဆုံး ချရေးမိမှာပါ ” လို့ ပီတစ်က ထောက်ပြခဲ့တယ်။

အိုဒီဂတ်ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံး ကစားထားတဲ့ ၆ ပွဲမှာ သွင်းဂိုးကော ဂိုးထောက်ပံ့မှုပါ လုံးဝ မလုပ်ထားနိုင်ပါဘူး။ ဒီတလော ပွဲပန်းနေတာနဲ့အတူ ခြေစွမ်းပိုင်း ကျဆင်းနေဟန်ရှိကာ သူ့အပေါ် ဝေဖန်ချက်တွေ ထွက်ပေါ်နေတာပါ။

“ အိုဒီဂတ်က ဒီတလော ကွင်းထဲမှာ နှေးကွေးပြီး ဖန်တီးမှုတွေ မလုပ်နိုင်ပါဘူး။ သူ့ကို ကြည့်ရတာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေဟန် ရှိပါတယ်။ ထိပ်တန်းအဆင့် ပွဲတွေကို ၃ ရက် တစ်ပွဲ ကစားနေရတာက သူ့အပေါ် သက်ရောက်မှု ရှိဟန် တူပါတယ်။ အာတီတာက ပွဲထွက်လူစာရင်းကို အလှည့်ကျ သိပ်မလုပ်ပါဘူး။

အိုဒီဂတ်ပါတဲ့ အာဆင်နယ်ပွဲတွေ အများအပြားက နိုင်ပွဲရပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲလောက်မှာ အိုဒီဂတ်ကို ကြည့်ရတာ အရင်လို မကောင်းဘူး ဖြစ်နေပါတယ်။ ဒါက ကလပ်ရဲ့ ပြိုင်ဆိုင်နိုင်စွမ်းအပေါ် သက်ရောက်နေပါတယ်။ ” လို့ အိုဒီဂတ်က ထင်မြင်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။