ကလပ်ရဲ့ ခေါင်းဆောင်အဖွဲ့ထဲ ထည့်သွင်းခံလိုက်ရတဲ့ အာဆင်နယ် ကြယ်ပွင့်

နည်းပြအာတီတာက အာဆင်နယ်အသင်းရဲ့ ခေါင်းဆောင်အဖွဲ့ကို ကြေညာလာခဲ့ရာမှာ ကလပ်ရဲ့ ကြယ်ပွင့် ကစားသမားလည်း ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ်ကို အသင်းခေါင်းဆောင်အဖြစ် အိုဒီဂတ်က ဦးဆောင်နေပေမယ့် အဝတ်လဲခန်းထဲမှာတော့ တစ်ဦးထက်ပိုတဲ့ ခေါင်းဆောင်တွ ရှိနေတာပါ။ ကုန်ခဲ့တဲ့ နှစ်တွေအတွင်း အာဆင်နယ် ခေါင်းဆောင်အဖွဲ့ဟာ ၃ ဦးနဲ့ ၃ ဦးအထက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ အိုဒီဂတ်အပြင် ရှာခါနဲ့ ဂျေးဆုတို့ကလည်း ခေါင်းဆောင်အဖွဲ့ကို ဦးဆောင်ပေးနေခဲ့ပြီး ဟိုးဒင်းကလည်း အဆိုပါအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

ဒီရာသီမှာ ရှာခါနဲ့ ဟိုးဒင်းတို့ မရှိတော့ခြင်းနဲ့အတူ ဂါဘရီရယ်နဲ့ အန်ကန်တီးယားတို့က အသင်းခေါင်းဆောင် တာဝန်တွေကို ရယူထားတာ ရှိပါတယ်။ စနေနေ့က ချယ်ဆီးပွဲမှာတော့ ဆာကာက အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ရှိတာမျိုး ရှိလာခဲ့တာပါ။

အာတီတာကပဲ ကလပ်ရဲ့ ဦးဆောင်သူတွေထဲမှာ ဆာကာလည်း ပါဝင်လာကြောင်း ချန်ပီယံလိဂ်ပွဲကြိုမှာ အတည်ပြုပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားဟာ အာဆင်နယ်မှာတင် မကဘဲ အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်အဖြစ် ထင်ရှားလာခဲ့ပြီး လက်ရွေးစင်မှာပါ အရေးကြီး ကစားသမားဖြစ်လာနေခဲ့ပြီ ဖြစ်ပါတယ်။